Thursday, November 29, 2012

ထမ်းစမ်းဂူရောက် အမှတ်တရ (၂)

 လိုဏ်ဂူတော် ဘုန်းဘုန်း အရှင်ပေါရိဿ အား ဘုရားဖူးများက အလှူငွေများ ကပ်လှူပူဇော်နေကြတာပါ။ 
ရလာတဲ့ အလှူငွေနဲ့ ဘုရားဖူးများကို သတ်သတ်လွတ် ထမင်းကျွေးပါတယ်။

 ဒါကတော့ ထမင်းနဲ့ ဟင်း ကို ကိုယ်တိုင်ခတ်ယူစားသုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။


 လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးများ သုံးဆောင်နိုင်အောင် ချက်ပြုပေးကြတဲ့ ကုသိုလ်ရှင်များ ဖြစ်ပါတယ်။လက်ရာက အရမ်းကောင်းလို့ အများကြီးစားခဲ့ပါတယ်။

 အိုးကြီးတွေနဲ့ ဖယုံသီးတွေကို အရင်ချက်ပြီးမှ အရွက်ခတ်ပြီး ရှမ်းဆန်လေးနဲ့ စားခဲ့ရတာ အခုပြောရင် အခုစားချင်တယ်.......

 ဒါကတော့ မစားခင် အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ စားရတဲ့သူရော ကုသိုလ်ပြုတဲ့သူတွေပါ ပျော်ရွှင်ရပါတယ်။ အရမ်းလဲ စားလို့ကောင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ အချိုမှုန်မပါပါဘူး။ သဘာဝ အရသာ စစ်စစ်တွေနဲ့ပဲ ချက်ထားတာပါ။

 ဘုရားဖူးတွေကများတော့ အလျင်မီအောင် ချက်ပြုတ်နိုင်အောင် ၀ိုင်းဝန်းကုသိုလ်ပြုကြတဲ့ ပအို့တိုင်းရင်းသူတွေပါ

 ဘုရားဖူးတွေကတော့ သိတဲ့အတိုင်းပဲ စားပြီးပြန်သွားကြတာပေါ့ ... အချို့ဆိုရင် တော်တော်ဆိုးတာပဲ ထမင်းကို အလကားလည်းစားသေးတယ် စားပြီးသား ပန်းကန်ကိုတောင် မဆေးခဲ့ကြပါဘူး ...စားပြီးသား ပန်းကန်တွေကို ဒီအတိုင်းထားခဲ့ကြတယ်  တော်တော်ရုပ်ဆိုးပါတယ်။ အဲဒါနဲ့ပဲ ကျနော်တို့လဲ လုပ်အားနဲ့ ကုသိုလ်ယူခဲ့ကြပါတယ်။

ဒါကတော့ သဘာဝ ဖရုံသီးတွေပါ အများကြီးပဲ၊  ဒီရက်က တောင်ကြီးတန်ဆောင်တိုင်ပွဲရက်ဆိုတော့ ဘုရားဖူးတွေလည်း အများအပြားလာရောက်ကြပါတယ်။ အများကြီးလည်း စားကြတယ်။ အများကြီးလည်း ကုသိုလ်ယူနိုင်ကြပါတယ်။ ၀မ်းလည်း ၀မ်းသာသလို သာဓုလည်း ခေါ်ပါတယ်။

No comments:

Post a Comment