ထမ်းစမ်းဂူသွားတဲ့လမ်းတလျှောက်မှာ ပေါက်နေတဲ့ နေကြာရိုင်းပင်တွေပါ..........
တောင်နံရံတွေရယ်၊ လမ်းတလျှောက်လုံးမှာ ပေါက်နေတာက အရမ်းကို ကြည်နူးဖို့ ကောင်းပါတယ်။
ဒါကတော့ ပအို့တိုင်းရင်းသူလေးတွေ ရောင်းချနေတဲ့ သစ်ခွပန်းလေးတွေပါ .......။
ထမ်းစမ်းဂူဆီကို သွားတဲ့ အဆင်းလမ်းလေးပါ။ ဘုရားဖူးများနှင့် စည်းကားလှပါတယ် ...။
ထမ်းစမ်းဂူ အ၀င်ဝ နားမှာပေါ့ .....
ဂူ အ၀င်ဝနားမှာ တွေ့မြင်ရမှာ ဖြစ်တဲ့ ကြေးသပိတ်ကြီးပါ....။
ဒါကတော့ ကျောက်သားတွေနဲ့ ထုဆစ်ထားတဲ့ လက်ရာတွေပါ။ အဝေးကနေကြည့်နေရင်တောင် အရမ်းလှပါတယ်။ သပ်ရပ်လှပတဲ့ လက်ရာတွေပါပဲ။ ဂူထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ရင်ထဲမှာရော အပြင်မှာရော အေးချမ်းသွားပါတယ်။ အဲ့အထဲမှာ အရမ်းလဲအေးတယ်။ နေလို့လဲ ကောင်းတယ်။
ဂူအတွင်းမှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားပုထိုးတွေပါ။
ကျောက်သားဖြူတွေနဲ့ ထုဆစ်ထားတဲ့ ကျားရုပ်နဲ့ အောက်ကပုံကတော့ မြွေရုပ်ပဲ ဖြစ်ပါတယ်။
ဒါကတော့ ဂူထဲမှာ ၊ အပေါ်ဘက်တွေမှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားတွေပါ။
ဂူထဲက လှပတဲ့ ကျောက်စိုင် ကျောက်သားတွေရဲ့ အလှလေးတွေပါ.....။
ဂူထဲက ထူးဆန်းဆုံး နေရာလေးပါပဲ ....။ ရေတွေက ဘယ်က၀င်ပြီး ဘယ်ကိုသွားနေတာလည်း မသိရပါဘူး ...... ရေတွေကလည်း အေးနေတာပဲ ရေစီးသံတွေနဲ့ အေးမြနေပြီး မြန်မာပြည်က ထူးဆန်းဖွယ်ကောင်းတဲ့ နေရာ တစ်နေရာပါပဲ။
No comments:
Post a Comment