Wednesday, December 5, 2012

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရောက် အမှတ်တရ

 ဒါကတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲကိုသွားပြီး မီးပုံပျံလွှတ်မယ့် အဖွဲ့တွေပါ။ လမ်းတလျှောက်မှာလည်း စည်းကားသိုက်မြိုက်စွာ လှည့်လည်နေကြတာ ပွဲတော်ရက်ဆိုတော့ အရမ်းပျော်စရာကောင်းပါတယ်။

 အကတွေလည်း မျိုးစုံနေတာပါပဲ .....


 ဒါကတော့ ပွဲထဲမှာပေါ့ အရမ်းစည်ကားပါတယ်။ ပျော်စရာလည်းကောင်းတယ်။ တခေါက်ဆို တခေါက်ပဲ ရသ မျိုးစုံကို ခံစားခဲ့ရပါတယ်။

 ပွဲခင်းထဲမှာပေါ့ ၊ မီးပုံးပျံလွှတ်တာကို  ထိုင်ပြီးစောင့်ကြည့်နေကြတာလေ၊ တော်တော်လေးလည်း ကျယ်ပါတယ်။ အဲ့မှာ ပီနံအိတ်က ၃ လုံးကို ၅၀၀ ကျပ်နဲ့ ၀ယ်ပြီး ပွဲခင်းထဲမှာ မီးပုံပျံတွေကို စောင့်ကြည့်ရတာ ချမ်းချမ်းလေးနဲ့ အရမ်းကြည်နူးတယ်။

 ဒါကတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲရောက် အမှတ်တရပေါ့နော်.... (ကြုံတုန်းလေးဆိုတော့)

ဒါကတော့ ပွဲရဲ့ ထောင့်တစ်နေရာမှာ Grand Royal က ကျင်းပတဲ့ ကံစမ်းမဲဖောက်ပွဲနဲ့ စတိတ်စင်လေးပါ။

No comments:

Post a Comment