Wednesday, November 28, 2012

ငါးဖယ်ချောင်းရောက် အမှတ်တရ

 ငါးဖယ်ချောင်းရွာက ဘုန်းတော်ကြီးကျောင်းမှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားပါ။


 ထူးခြားစွာပဲ ဒီကျောင်းတော်ပေါ်မှာ လှပတဲ့ ကနုတ်ပန်းများ ၊ သစ်ထွင်းပန်းများကို တွေ့ရှိပါတယ်။ 

အရမ်းကို လှပသပ်ရပ်တဲ့ လက်မှု အနုပညာပါ၊ ကိုယ်တတ်ထားတဲ့ပညာလေးနဲ့ မြတ်စွာဘုရားကို ပူဇော်ရတာလည်း ကည်နူးစရာကောင်းပါတယ်...။


 ကနုတ်ပန်းတွေ၊ သစ်ထွင်းပန်းတွေနဲ့ ပူဇော်ထားတဲ့ ငါးဖယ်ချောင်းက ဘုန်းတော်ကြီးကျောင်းရှိ ဘုရားများဖြစ်ပါတယ်။
ဒါကတော့ ငါးဖယ်ချောင်းပေါ်ကနေ မြင်ရတဲ့ လှပတဲ့ ရှုခင်းလေးပါ။
တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ပြီးရင် ပွင်းလင်းရာသီဖြစ်တဲ့ ဒီလိုလတွေမှာ ကျနော်ကတော့ ခရီးပဲ ထွက်ချင်တယ်။ အရမ်းကို ပျော်စရာကောင်းသလို စိတ်ချမ်းသာမှုကိုလည်း နေရာတိုင်းက ပေးစွမ်းနိုင်ပါတယ်။ ကျနော်ကတော့ တစ်နှစ်တစ်ခါတော့ ခရီးထွက်ဖြစ်အောင် ထွက်တယ်။ စာဖတ်ပရိတ်သတ်ကြီးကိုလည်း ခရီးထွက်ဖို့ အကြံပြုတိုက်တွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် Relax ပေါ့ ဟုတ်ဘူးလား ? ....

No comments:

Post a Comment