Wednesday, November 28, 2012

အင်းလေးကန်ရောက်အမှတ်တရ

 ဒါကတော့ အင်းလေးကန်ထဲမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းပါ။ ရိုးရာပစ္စည်းတွေရောင်းတဲ့ဆိုင်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းလေးပါ။

ဒီပုံလေးကတော့ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်တွေနဲ့ ပေါင်းကူးတံတားလေးပါ
 အင်းလေးကန်အတွင်းမှာ တည်ထားကိုးကွယ်ထားတဲ့ စေတီပုထိုးတွေပါ
အင်းလေးကန်အတွင်း ဘုရားကပ်လှူရန် ကြာပန်းများရောင်းချနေသောအင်းလေးသူလေးတစ်ဦးပါ





    
 အင်းလေးဖောင်တော်ဦးဘုရားအား အဝေးမှ မြင်တွေ့ရပုံ
 ဖောင်တော်ဦးဘုရားအား ဘုရားဖူးများလာရောက်ဖူးမြော်နေကြတာပါ။ နိုင်ငံခြားသားဧည့်သည်တွေလည်း အများအပြားကို တွေ့ခဲ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။
 ဒါကတော့ ငါးဖယ်ချောင်းကို သွားတဲ့လမ်းမှာ ကွမ်းပင် စိုက်ထားတဲ့ခြံလေးပါ။
 အင်းလေးကန်အတွင်း ဖွင့်လှစ်ထားတဲ့ အင်းခြံက စားသောက်ဆိုင်လေးပါ။
 စားသောက်ဆိုင်ပေါ်ကနေ အင်းလေးကန်နဲ့ အင်းလေးသူလေးရဲ့ သဘာဝအလှတရားလေးပါ။
ဒါကတော့ အင်းလေးမှာ စားခဲ့ရတဲ့ ငါးဒုက္ခဟင်းပါ။ အဲ့ရောက်မှ ကြားဖူးတာပါ။ အခြားဘယ်မှာ ရလည်းတော့ မသိပါ။  သေပြီးသားဘ၀မှာတောင် မလွတ်မလပ်နေရရှာတယ်။  တကယ်လည်း ဒုက္ခကြီးလှပါတယ်။ သနားလို့ အကုန်ပဲ စားခဲ့တယ် (ဟိဟိ)။

No comments:

Post a Comment