Sunday, June 24, 2012


ပန်းပွင့်တွေလို      
ရင်ပွင့်ကြီးနဲ့ မသေချင်ဘူး...........
ကိုယ့်အထုပ်ကိုယ် ဖြေပြရမှာ ရှက်တယ်
လူမြင်အောင်လည်း ညိုးနွမ်းမပြချင်ဘူး       
လွမ်းတာကိုလည်း လူမသိစေချင်ဘူး
လွမ်းနေတုန်း ခြင်ကိုက်တာလည်း မကြိုက်ဘူး
မင်းနာမည် တ, တ ပြီး
ကို့ပါးကို တဖြန်းဖြန်းပြန်ရိုက်နေရတာ
ဘယ်သူနားလည်ပေးနိုင်မှာလဲ
လာမယ့်ပြဿဒါးမှာ
ချစ်သူကို ဓါးရိုးကမ်းမယ်
ဘယ်ဘက်ရင်အုံကို တည့်တည့်ထိုး
မ , R နဲ့။ အဲဒါ ကလင်ဒါ ကျပဲ
ပြောစရာရှိတာ ကုန်အောင်ပြောပြီးရင်
မောစရာရှိတာလည်း ကုန်အောင် မောရမယ်
ငါ သေရင်လည်း ခုနှစ်ရက်
မင်း သေရင်လည်း ခုနှစ်ရက်
D ဖြိုးလို ၀ အောင်ငိုကြမယ်.........။
                                                         ဟင်းလင်း
                             

No comments:

Post a Comment