Sunday, June 24, 2012


လွမ်းရင်းနဲ့ လင်းသွားတဲ့ညတွေ
မင်း ...........ကြုံဖူးလား ချစ်သူ
ကြယ်တွေ....
လ ရောင်နဲ့
လေပြေ...
အတူ နားထောင်ခဲ့တဲ့သီချင်း
နောက်ဆုံး ....မင်းဓါတ်ပုံလေးကတောင်မှ
ငါ့ကို နှစ်သိမ့်မပေးနိုင်ကြပါဘူး။
ငါ့ညာဘက်လက်ထဲမှာ
မင်းဘယ်ဘက်လက်ကလေး ရှိနေချိန်တိုင်း
ငါ ပျော်နေခဲ့တာ မင်းမသိပါဘူး....။
ပြောရင်းနဲ့ပဲ
ညက အလင်းတွေ တစိမ့်စိမ့်ပွင့်ကျလာပြီ...
ဒီတနေ့လုံး ဆောင်းသီချင်းတွေဆိုပြီး
လွမ်းကြရအောင်....
ခံစားချက်တွေကို
သိက္ခာကြီးနဲ့ ပင့်တင်ရတာ မောတယ်.......။
တကယ်တော့ ဝေးကွာခြင်းဆိုတာ
ကို့အချစ် စစ်မစစ် ကိုယ်ပြန်စစ်ရတဲ့ စာမေးပွဲပဲ......။။
                                                                     ဟင်းလင်း 

No comments:

Post a Comment