Tuesday, June 26, 2012


မုန်းထိုက်လို့ မုန်းချင်လည်း 
မုန်းပေါ့ကွာ
မေ့တော့ မမေ့ကြေး
ချမ်းချမ်းလို
ကြေကြေကွဲကွဲလေး မဟုတ်ရင်တောင်
ဖြူဖြူလို အော်ဟစ်မနေရရင်တော်ပြီ
ဓါးတောင် ကို ကျော်၍
မီးပင်လယ်ကို ဖြတ်မည်ဆိုလျှင်
မင်းလက်ကလေး ကိုင်ထားပါရစေ...
အဲဒါ မင်းပြောတဲ့ “မခွဲအတူ”လေ
ကိုးရီးယားကားထဲမှာလို နှင်းတွေတော့ မပါဘူးပေါ့
ဒို့အညာက ဖုန်လုံးကြီးတွေကလည်း
လွမ်းတတ်ရင် ငိုချင်စရာကြီးပါကွာ....။
                                                ဟင်းလင်း

No comments:

Post a Comment