ဂဏန်းရှစ်လုံးနှိပ်ချလိုက်တာနဲ့
အတိတ်က ဒဏ်ရာ
ပြန်ကာ သစ်ရမှာတဲ့လား
....................။
(Copy by ရွှေညာခိုင်စိုး)
(Copy by ရွှေညာခိုင်စိုး)
အချစ်က ကိုင်းဖျားမှာ
နားတယ်
ငါက ဇောက်ထိုးပြုကျခဲ့.......။
ရာသီတွေလည်း
ရင့်ကုန်ပါပြီ
ခူးဆွတ်ချိန်နောက်ကျသွားတာ
သေချာပါတယ်
မင်းကလည်း
မင်းသမိုင်းကို
အလှဆုံးရေးထိုးချင်သလို
ငါကလည်း ငါ့ရာဇ၀င်က
မှင်နီတွေ
ဖျက်ဖို့.....ထပ်မတိုးဖို့
ကြိုးစားမိမှာပဲ
ချစ်သူ မင်းမျက်ရည်တွေ
ငါ့ကိုပေးပါ
နာကျင်ခဲ့ရတဲ့
မင်းအတွက်.......
ရှုံးနိမ့်ခဲ့ရတဲ့
ငါ့အတွက်.....
ငါ တယောက်ထဲပဲ
ငိုပါရစေ.....။
နောင်တ နဲ့
ထောင်ကျခဲ့တဲ့ အကျဉ်းသား
ချစ်သူရေ......ငါ့ကို
ကြိုးမိန့်ပေးပါ..............။
ဟင်းလင်း
No comments:
Post a Comment