Monday, June 25, 2012


အငြိုးနဲ့ အသတ်ခံရတဲ့အလွမ်း
ဘယ်ညမျိုးမှာမှ သာ ခွင့်မရှိတဲ့  လ တစ်စင်းလို
ဘယ်လိုမျက်ရည်မျိုးကိုမှ စီးဆင်းခွင့်မပြုတဲ့
ပါးနှစ်ဖက်....
လောကကို နှုတ်ဆက်ဖို့ မင်းဆီက စကားတခွန်းပဲလိုတယ်
ဘီလူးခေါင်းဆောင်းပြီး ငိုချင်းချနေတော့ရော
ဘယ်သူက သနားမှာလဲ
အပြင်မှာ လ သာပေမယ့်
ရင်ထဲမှာ တိမ်ဖုံးနေတော့ ဘာထူးမှာလဲ
သေချင်လောက်အောင် စိတ်လေသွားတဲ့အချိန်မျိုးမှာ
သတိရစိတ်နဲ့ ယစ်မူးပါရစေ.....
ချစ်သူတယောက်လို မလွမ်းတော့ရင်တောင်
ရန်သူတယောက်လို မုန်းမနေသေးချင် ကျေနပ်ပါတယ်
ဘာပဲဖြစ်ဖြစ် မင်းရင်ထဲမှာ ထာဝရ ရှိနေပါရစေ.........
                                                                     ဟင်းလင်း

No comments:

Post a Comment