“မိန်းမတို့ဘုန်း
ဆံထုံး” ဆိုတဲ့ မြန်မာ ဆိုရိုးစကား တစ်ခုရှိပါတယ်။ ဒါဟာ မိန်းမ
သားတွေရဲ့ အလှဟာ ဆံကေသာ အပေါ်မှာလည်း မူတည်နေ တယ်ဆိုတာ ပြသတာပါပဲ။ တစ်ကိုယ် ရေသန့်ရှင်းရေးမှာ
ဆံပင်ရဲ့ အခန်း ကဏ္ဍကလည်း တစ်ခုအပါအဝင်ဖြစ်လို့ ဆံပင်သန့်ရှင်း ကျန်းမာရေးကိုဂရုတစိုက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဆံပင်အမျိုးအစားများ
ဆံပင်အမျိုးအစား
အမျိုးမျိုးရှိပါ တယ်။ ခြောက်သွေ့သည့်ဆံပင်၊ ပျက် စီးနေသည့် ဆံပင်၊ အဆီထွက်သည့် ဆံပင်နှင့်
ပုံမှန်အမျိုးအစား ဆံပင်တို့ ဖြစ်ပါတယ်။ ဒီလိုဆံပင်အမျိုးအစား တွေ ကွဲပြားကြခြင်းဟာ
ရာသီဥတု၊ အစားအစာနဲ့ကျန်းမာရေး အခြေအနေ များအပေါ်မှာ မူတည်ပြီး ကွဲပြားကြ တာဖြစ်ပါတယ်။
ဆံပင်ပျက်စီးရခြင်း အကြောင်းရင်းများ
ဆံပင်၏
ကျန်းမာရေးမှာ ခန္ဓာ ကိုယ်တွင်း အာဟာရဓာတ်များနဲ့ သက်ဆိုင်သလို ခန္ဓာကိုယ်ပြင်ပက သဘာဝပတ်ဝန်းကျင်နဲ့ ပြုပြင်ထိန်း သိမ်းမှု ညံ့ဖျင်းလို့လည်း
ဆံပင်တွေ ပျက်စီးရတာဖြစ်ပါတယ်။ နေပူထဲမှာ ထီး၊ ဦးထုပ်မပါဘဲ နေ့စဉ်သွားလာသူများမှာ
ဆံပင်သား များ နီလာပြီး အဖျားများ ကွဲလာ တတ်ပါတယ်။
ကော့စတစ်ဆိုဒါများ
ပါတဲ့ အဝတ်လျှော်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာများနဲ့ ခေါင်းအမြဲလျှော်ပါက ဆံ သားများ မာလာပြီး
ခြောက်သွေ့သွား တတ်ပါတယ်။ ဓာတုပစ္စည်းများ၊ သစ်ဥသစ်ဖု များနှင့် ဖော်စပ်ထားသော ခေါင်း
လျှော်ရည်၊ ဆံပင်ပျော့ဆေးများနှင့် ပုံမှန်ခေါင်း မလျှော်လျှင် ဆံပင်ဟာ ပျော့ပျောင်းမှုမရှိစေတော့ပါ။
ရာသီဥတု အေးလွန်းခြင်း၊ ဖုန်ထူ ထပ်သည့် နေရာများသို့ သွားခြင်း၊ ခေါင်းလျှော်သည့်အခါ
သေသေချာချာ ပွတ်၍ မလျှော်ခြင်းတို့ကြောင့် ကြာ လာလျှင် ဦးရေပြားတွင် ဗောက်ထ နိုင်ပါတယ်။
ဆံပင်ကို
မကြာခဏကောက် ခြင်း၊ ဖြောင့်ခြင်းနှင့် ဆေးဆိုးခြင်း များကြောင့် ဆံသားများ ပျက်စီးစေ
ပါတယ်။ ခန္ဓာကိုယ်တွင် ရောဂါတစ်မျိုးမျိုး ရှိနေခဲ့လျှင်သော်လည်းကောင်း၊ သွေး အားနည်း
နေလျှင်သော် လည်းကောင်း ဆံပင်သည် ကျန်းမာသန့်ရှင်းမှုမရှိဘဲ ဆံပင်နီ၍ အဖျားကွဲခြင်း၊
ကျွတ်ခြင်းများ ဖြစ်လာတတ်ပါတယ်။
ဆံပင်ပျက်စီးခြင်းမှ
ကာကွယ်ရန်
နည်းလမ်းများ
မိမိ၏ ဆံပင်တွင် ပြဿနာတစ် မျိုးမျိုးနှင့် ကြုံလာရလျှင် အုန်းဆီ သို့မဟုတ်သံလွင်ဆီ
(Olive Oil) သို့ မဟုတ် ဗီတာမင် E တို့ ထည့်ပေးနိုင် ပါတယ်။ အခုခေတ် အမျိုးသမီးတော်
တော် များများဟာ ခေါင်းမှာ အုန်းဆီ ရွှဲရွှဲဖြင့် မနေတတ်ပါဘူး။ ဒါဆိုရင်တော့ ခေါင်းမလျှော်မီ
၂ နာရီလောက် အလိုတွင် အုန်းဆီရွှဲရွှဲလိမ်းပြီးမှ ခေါင်း လျှော်ရင်ရပါတယ်။
ဒါမှမဟုတ်ရင်
လည်း ညပိုင်းမှ ခေါင်းကို ဆီဝဝလူးပြီး မနက်အိပ်ရာထမှာ ခေါင်းလျှော်ပေးရ ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်
ဆံလုံး ကြီးပြီး နက်မှောင် လာစေမှာဖြစ်ပါတယ်။ ခြောက်သွေ့နေသည့် ဆံပင်များ နှင့် ပျက်စီးနေသည့်
ဆံပင်များမှာ အနည်းဆုံး ၂ ပတ် တစ်ခါ၊ အများဆုံး ၁ လ တစ်ခါ ပေါင်းတင်ပေးနိုင်လျှင် တော့
ကောင်းပါတယ်။ ဆံပင်ပေါင်း တင်ခြင်းဖြင့် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံ သားရှုပ်ထွေးခြင်း၊
ဆံသားကြမ်းတမ်း ခြင်း၊ ဆံပင်ကျွတ်ခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြား ဗောက်ထခြင်းကိုလည်းကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment