Sunday, October 16, 2011

ငယ်ချစ်ဦး ပုံပြင် 5

ငါဖျော်တဲ့ကော်ဖီ နင် သောက်နေတဲ့ ပန်းချီ
ဗန်ဂိုးကို မပြရလိုက်ဘူး
အဲဒါ တော်တော်ရင်နာဖို့ ကောင်းတယ်
အဲလို ရောက်တတ်ရာရာပြောပြီး
ငါတို့ ပျော်ခဲ့ကြတာပဲ
ကမ္ဘာကြီး ပျက်တော့မှာတဲ့
ဘာမှလည်းမဆိုင်ဘူး
မင်းရဲ့ အပြုံးလေး မြင်လိုက်ရရင်ကိုပဲ
င့ါမှာငိုချင်တော့တာပဲ
ငိုလည်းငိုခဲ့ပါတယ်...........
ရယ်လည်းရယ်ခဲ့ပါတယ်...........ချစ်သူ
နင့်ကြောင့်ဖြစ်လို့
အဲ့ဒီ့နေ့တွေကို ငါမမေ့ပါဘူး .......။
ငါ့ရဲ့အဝေးမှာ  ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ.............ချစ်သူရယ်။

No comments:

Post a Comment