Sunday, October 16, 2011

ငယ်ချစ်ဦး ပုံပြင် 4

ဟိုးအဝေးက ချစ်သူအတွက်
မိုးစက်တွေလို နှင်းပွင့်တွေလိုလိုနဲ့
တကယ်တော့..............
တိတ်တိတ်လေးသည်းနေတဲ့ မိုးဟာ
တစ်ရက်ပြီးတစ်ရက်.............
ထင်ထားတာထက် ဆိုးဆိုးရွားရွားရွာချနေလိုက်တာ
တစ်ရက်လေးတောင်မှ မေ့မရခဲ့ပါဘူး
ယုံစေချင်လွန်းလို့ 
ရင်ထဲက အတိုင်းပဲ ပြောခဲ့ပါတယ်
ဓါးသွားတစ်ရာပါတဲ့   လေ
မျက်နှာပေါ် ရှပ်တိုက်သွားသလိုမျိုး ..........ဖျဉ်းခနဲ
ဝေးရပြီဆိုတဲ့ အသိမှာ
အလွမ်းဟူသမျှကို တရားနဲ့ပဲဖြေပါတယ်
လွမ်းရက်တွေ ရာနဲ့ချီတော့မှာပဲ
နောင်တတွေနဲ့ ခြောက်သွေ့လာတော့မှ
အရင်က မိုးရေစက်တွေကို ပြန်လိုချင်လာတယ်
ဘာရယ် မဟုတ်ပါဘူး ငယ်ချစ်ဦးရာ
မင်း ပျင်းရင် ဖတ်ဖို့
ကဗျာတစ်ပုဒ်ပါ................။

No comments:

Post a Comment