ချစ်သူပီသရုံ
ဂရုတစိုက်လေး ...........ကြင်ကြင်နာနာ
အဲလို မျှော်လင့်မိတိုင်း
ငယ်ငယ်က အမေပြောတဲ့
ထမင်းဆီဆမ်း ရွှေလင်ဗန်းကို သတိရတယ်
ကြာတော့လည်း အငိုတိတ်ခဲ့ရတာပါပဲ
ကြာတော့လည်း ၀မ်းနည်းမိရုံမှတပါး
နားလည်မှုတွေသာ မင်းမူလာတော့တယ်
အရှုံးပေးရပြန်ပြီကွယ်............။
သူ့အပြုံးနဲ့ ထိုးတဲ့စစ်မှာ အထိနာခဲ့ရလို့
သူ့ ရက်စက်မှုအောက်မှာ ဒူးထောက်ခဲ့ရတယ်
ကျနော် သူ့ကို ချစ်တယ်လေ.............။
သူ့ ရက်စက်မှုကို လည်း ချစ်ရမှာပေါ့....................။
No comments:
Post a Comment