မင်းရဲ့ ချစ်သူဆိုတဲ့ ဂုဏ်ပုဒ်တခုတည်းနဲ့
တလောကလုံးကို မာနကြီးပြမယ်
မင်း ငါ့ကို ပြောတဲ့ ချစ်တယ်ဆိုတဲ့စကား
ငါ့လိုအမှားတထောင်နဲ့သူအတွက်
မီးပင်လယ်ကို ကူးစေနိုင်တဲ့ အားပေါ့
ငါရင်နာရအောင် ပြုံးတတ်တဲ့ ချစ်သူရယ်
ပေးဆပ်မှုတွေ အားလုံးအတွက် ငါသာပေးဆပ်ပါရစေ
ချစ်သူကြောင့်ဆိုပြီး
မျက်ရည်စိုရွှဲ အသည်းကွဲဖို့
ငါ့အမှာတစ်ချက်ပဲ လိုတော့တယ်
တည်းတည်းလေး !
ဘယ်ဓါးနဲ့မှ ဖြတ်လို့မရဘူး
တကယ့် တည်းတည်းလေး
သံသယကြောင့် ဆွေးမြေ့မသွားစေနဲ့
ထာဝရခိုင်မြဲတဲ့ ကြိုးတစ်ချောင်းနဲ့
ချည်နှောင်ထားတဲ့ ကြယ်ပွင့်နဲ့ သဲပွင့်တွေလေ.............။
No comments:
Post a Comment