ကြည့်လေရာ မြင်ကွင်းတိုင်းဟာ
ကြားလေရာ အသံတိုင်းဟာ
ကြုံလေသမျှ အဖြစ်အပျက်တိုင်းဟာ
တိုင်ဆိုင်စွာပဲ အလွမ်းတွေ ရွာချပေးနေလို့
ငါ့ရင်ခွင်တခုလုံး မင်းပုံရိပ်တွေနဲ့ ရွှဲစိုနေပြီ ချစ်သူ
`သွေးပူတုန်း မို့ပါတဲ့´
ဒီမှာ ချစ်သူ
မင်းနဲ့ ပတ်သက်ရင် ငါ့သွေးတွေ အမြဲတမ်း ဆူပွက်လှိုင်းထန်ခဲ့ရတာ မသိဘူးလား
ငါနဲ့ ပတ်သက်သမျှ မေ့နိုင်သမျှ မေ့ထားခဲ့တာကိုတော့ ၀မ်းနည်းတယ် ချစ်သူရယ်...............။
No comments:
Post a Comment