အဖုအထစ်များစွာ ဆက်ထုံးများစွာ
ဒါပေမယ့် အပြန်အလှန်နားလည်မှုက
ချစ်သက်ရာကျော်ရှည်စေမယ် မင်းကြောင့်ပေါ့............
အသည်းကွဲသီးချင်းတွေ မဆိုတတ်တော့ဘူး
(မျက်ရည်စို ငိုခဲ့ရတာ နင့်ကို လွမ်းလို့)
အနာဂတ်အိပ်မက်တွေထဲမှာ လက်ချင်းချိတ်လို့
စုံတွဲတေးတွေ.............သစ္စာတိုင်သီချင်းတွေနဲ့
ငါ့ညတွေမှာ ပျော်စရာကောင်းနေလိမ့်မယ်
ချစ်နေမိတော့လည်း သူ့ အမူအရာတိုင်း
စကားလုံးတိုင်း...........
လုပ်ရပ်တိုင်း..........
အကျင့်တိုင်းကို ချစ်နေမိတော့တာ
သေချာပါတယ် .......... နင်နဲ့သာ ခွဲရမယ်ဆို
သေရင်သေ မသေရင်ရူးမှာပဲ
ယုံချင်ယုံ မယုံချင်နေ
မယုံလို့ ပုံပြင်လို့မှတ်ခဲ့ရင်လည်း
နင့်ရဲ့ ပျော်တော်ဆက်တစ်ယောက်လိုမျိုး
ဘယ်နည်းနဲ့ ဖြစ်ပစေ ငါ့ကြောင့် နင် ပျော်ဖို့ပါပဲ............။

No comments:
Post a Comment