Monday, May 29, 2017

ဘ၀မှာ အောင်မြင်နိုင်စေတဲ့ နည်းလမ်းများ…


How to Success in Life ?????

(ကျွန်တော့်ရဲ့ ၃ နှစ် အောင်မြင်မှုအတွေ့အကြုံများကို
၃ မိနစ် အချိန်ပေးဖတ်ရှု ရယူနိုင်ပါတယ်)

တစုံတရာ သိဖို့လိုအပ်လာတဲ့အခါ…
(သိချင်စိတ်ပြင်းပြပါ၊ စာဖတ် လေ့လာပါ၊ တစုံတဦးထံမှ အကြံယူပါ၊ ဆရာများထံ ဆွေးနွေးပါ၊ စဉ်းစားတွေး အဖြေရှာပါ)

အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ…
(စိတ်ငြိမ်းချမ်းဖို့ကြိုးစားပါ၊ Motivation စာစုများဖတ်ပါ၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာပါ၊ အရှုံမပေးဖို့ ခံယူချက်ထားပါ၊ မဖြစ်မနေစိတ်နဲ့ ကျော်ဖြတ်ပါ)

လုပ်ငန်းပြောဆို ဆက်ဆံတဲ့အခါ…
(တဖတ်သူအား ဦးစားပေးပါ၊ ယုံကြည်ရင်းနှီးမှု ပွင့်လင်းစွာပြောဆိုပါ၊ တွေ့ဆုံသူနဲ့သက်ဆိုင်တဲ့ အကြောင်းများပြောပါ၊ အကျိုးရှိစေတဲ့ အရာများမေးမြန်းပြောပါ)

အလုပ်တွေ ပြီးမြောက်ဖို့ကြိုးစားတဲ့အခါ…
(နည်းလမ်းရှာပါ၊ လုပ်ရန်ချရေးထားပါ၊ ဦးစားပေးအလုပ်တွေရွေးပါ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပါ၊ ပြီးမြောက်ဖို့ ရာထားချက်ထားပါ)

တဦးတယောက်မှ တိုက်ခိုက်ပြောဆိုလာတဲ့အခါ…
(နားလည်ခွင့်လွှတ်ဖို့ကြိုးစားပါ၊ ကိုယ်ရဲ့အမှန်တရားကို ယုံကြည်ပါ၊ ရှောင်သင့်တာရှောင်-ရှင့်သင့်တာရှင်းပါ၊ အလုပ်တွေမထိခိုက်ဖို့ကြိုးစားပါ)

အလုပ်တွေထဲ ငြီးငွေ့ပျင်းပြလာတဲ့အခါ…
(အနားယူ အပန်းဖြေပါ၊ စိတ်သစ်လူသစ် ခွန်အားစာပေများဖတ်ပါ၊ မိတ်ဆွေများနဲ့ တွေ့ဆုံပါ၊ အရေးကြီးပါက မလုပ်ချင်လဲ ကြိုးစားလုပ်ပါ)

အရေးကြီးတဲ့ ဆုံးဖြတ်မှုတွေပြုလုပ်တဲ့အခါ…
(အချိန်ယူစဉ်းစားပါ၊ ဖြစ်လာနိုင်တဲ့ ရလဒ်ကိုသုံးသပ်ပါ၊ ဖြစ်နိုင်ချေ နည်းလမ်းများ စဉ်းစားပါ၊ ရေရှည်ကြည့်ပြီး ဆုံးဖြတ်ပါ)

ဘ၀ရဲ့ အချိုးအကွေ့တွေ ကျော်ဖြတ်တဲ့အခါ…
(ဆုံးဖြတ်ချက် ပျက်သားပါ၊ စွန့်စား ဆောင်ရွက်ပါ၊ ခိုင်မာတဲ့ စိတ်ဓါတ်မွေးမြူပါ၊ နောက်ဆုံး အောင်မြင်မှုအထိ စိတ်ရှည်စွာကြိုးစားရယူပါ)

လုပ်နိုင်စွမ်းရည် မြင့်တင်ကြိုးစားတဲ့အခါ…
(မိမိကိုယ်ကို ရင်းနှီးမြုပ်နှံပါ၊ သင်ယူခံယူစိတ်ထားပါ၊ ကိုယ်တိုင်လေ့ကျင့်မွေးမြူပါ၊ လက်ရှိခေတ်ရဲ့ လိုအပ်တဲ့ စွမ်းရည်ကိုဖြည့်ဆည်းပါ)

လွှဲချော်မှု အမှားတွေ ကြုံတွေ့လာတဲ့အခါ…
(အချိန်မှီ Stop ရပ်တန့်ပါ၊ အတွေ့အကြုံသင်ခန်းစာယူပါ၊ ပြောင်းလဲဖန်တီးဖို့ ကြိုးစားပါ၊ အမှန်တရားတွေကို လက်ခံပြီး အကောင်းဆုံးလုပ်ဆောင်ပါ)

စိတ်ကျေနပ်စရာ ပျော်ရွှင်မှုတွေ ကြုံတွေ့လာတဲ့အခါ…
(ပျော်ရွှင်စရာအမှတ်တရများ မှတ်သားပါ၊ ပတ်ဝန်းကျင်သို့ မျှဝေခံစားပါ၊ စိတ်ကျေနပ်မှုကို ထပ်ခါတွေးခေါ်ဖို့ကြိုးစားပါ၊ အတွေးအခေါ်ကောင်းထားပါ)

ဘ၀မှာ အောင်မြင်ဖို့ကြိုးစားတဲ့အခါ…
(အောင်မြင်စိတ်ပြင်းပြပါ၊ အောင်မြင်သူတွေကို လေ့လာပါ၊ ရိုးသားယုံကြည်မှုရှိအောင် နေထိုင်ပါ၊ ပံ့ပိုးကူညီနိုင်သူတွေရှာဖွေပါ၊ အရှုံးမပေး အောင်မြင်ဖို့ခံယူပါ)

အောင်မြင်ရေးလမ်းညွှန်ချက်များကိုလည်း ပူးတွဲပြီးရေးသားဖော်ပြပေးထားပါတယ်…
ကျွန်တော်ရဲ့ ၃ နှစ်တာ အောင်မြင်မှုတချို့ ဖန်တီးနိုင်ခဲ့တဲ့ အတွေ့အကြုံတွေဖြစ်ပြီး… အားလုံးသော မိတ်ဆွေသူငယ်ချင်း ကျောင်းသားများလည်း ယခင်ထက် ပိုမိုတိုးတက်အောင်မြင်နိုင်ပါစေ…
လေးစားလျှက်ပါ…
Credit : U Zin Phyo Paing
             MESI Business Institute
             EntrepreneurSME.com

No comments:

Post a Comment