Monday, May 29, 2017

ယုံကြည်မှု


လူတွေက ကိုယ့်ကို မယုံကြည်တဲ့ အခါ...ကိုယ့်ရဲ့ ဝေဖန်ပိုင်ခြားမှုတွေကို အယုံအကြည် ကင်းမဲ့လာတဲ့အခါတွေမှာ...ကိုယ့်ရဲ့ လမ်းညွှန်မှုကနေ သွေဖီတတ်လာပြီး သစ္စာရှိတဲ့ အဖွဲ့သားလည်း မဖြစ်လာနိုင်တော့ပါဘူး...
ယုံကြည်မှုတွေ ကင်းမယ့်လာတဲ့ အခါမှာ သံသယဆိုတာ ဖြစ်ပေါ်လာတတ်ပါတယ်...ဒီအခါမှာ ကိုယ့်အတွက် မလုပ်ပေးတတ်ကြတော့ပဲ ဆန်ကျင်လာတတ်ကြပါတယ်...အစွမ်းကုန် မကြိုးစားချင်ကြတော့ပါဘူး....
ယုံကြည်မှုဆိုတာ ကိုယ်က earn လုပ်ယူမှ...တည်ဆောက်မှ ရတာဖြစ်ပါတယ်...အတင်းအကြပ် အဓမ္မ အတင်း ယုံကြည်ခိုင်းလို့မရပါဘူး...
ယုံကြည်မှုကို တည်ဆောက်ဖို့ အချက် (၅) ချက်ဖြင့်ပြုလုပ်နိုင်ပါတယ်...

T-truth
R-respect
U-understanding
S-support
T-trustworthy


ပထမ အချက် အနေနဲ့ မှန်မှန်ကန်ကန် ပြောဆိုဖို့ ဖြစ်ပါတယ်...ကတိတည်ရပါမယ်... ဘယ်နှစ်ခါလောက်များ အညာခံရဖူးပါလဲ...အညာခံရပြီးတဲ့အခါမှာ ညာတဲသူ အပေါ်မှာ ဆက်ပြီး ယုံကြည်နိုင်ကြပါသေးလား...အခု ဘန်းစကားနဲ့ဆို twist လုပ်တယ်ပေါ့...ဟို့လူ့တမျိုးပြော ဒီလူ့ တမျိုးပြောတာတွေပေါ့...မလုပ်သင့်တာတွေပါ...
ဒုတိယ အချက် အနေနဲ့ကတော့ show respect ပါ...ရေရှည်တည်မြဲတဲ့ ဆက်ဆံရရှိဖို့ အတွက် ဒီ အချက်က အရေးကြီးပါတယ်...လူရှေ့သူရှေ့အော်ငေါက်တတ်ကြတဲ့ မန်နေဂျာဟောင်းကြီးတွေ...ပြောချင်ရာပြောဆူချင်ရာဆူပြီးပြန်ထွက်သွားတတ်တဲ့ စင်ရော် မန်နေ့မန့် seagull management... စင်ရော်တွေက အစာကိုလာသုတ်ပြီး ပြန်ထွက်သွားတတ်ကြတာလေ...ရှောင်ရမယ်လေ...ကိုယ်ဝန်ထမ်းတွေဟာ ခလေးမဟုတ်ဘူး၊ ရှက်တတ်ကြပါတယ်။
တတိယ အချက်အနေနဲ့ နာလည်မှု ပေးနိုင်စွမ်းရှိရမှာဖြစ်ပါတယ်...ဒါကြောင်ကိုယ့်ကိုယ်နားလည်ပေးစေချင်တာထက် သူများကို နားလည်ပေးတတ်ရပါမယ်။ ဘာကြောင့် ဒီလိုလုပ်တာလဲ၊ ဘာလို့ဒီလိုပြောတာလဲဆိတြာတွေကို နားလည်အောင်လုပ်သင့်တယ်။ Assume မလုပ်သင့်ဘူး။ အဲ့လို assume လုပ်တာဟာ ass out of u and me လို့ ပြောတာနဲ့ မခြားပါဘူးလေ။
စတုတ္တ အချက်အနေနဲ့ ကိုယ့်အဖွဲ့ရယ်...ကိုယ့်အဖွဲ့ဝင်တွေကို support လုပ်ပေးရပါမယ်...အထူသဖြင့်သူတို့တွေ စိတ်ဓါတ်နေတဲ့ အချိန်တွေ ပိုပြီးလုပ်သင့်ပါတယ်။ ဒီနေရာမှာ မျက်နှာလွဲခဲပစ် delegation ခေါင်းစဉ်တပ်ပြီး အလုပ်တွေပုံပေးတာတွေဟာ support လုပ်တာမဟုတ်ပါဘူး။ Abdication ပါပဲ။
နောက်ဆုံးအချက်မှာ ယုံကြည်ရသောသူများဖြစ်ရမှာ ဖြစ်ပါတယ်...walk the talk... action is louder than your words...အချို့မန်နေဂျာတွေဟာ double standard တွေရှိနေတတ်ကြတယ်။ လိုသူကိုတစ်မျိုး မလိုသူကိုတစ်မျိုး။ ဒါတွေဟာရှောင်ရမှာဖြစ်ပါတယ်။
ပြောခဲ့တာတွေကို အကျဉ်းချုပ်ပြန်ပြောရရင်...ကိုယ့်အပေါ် သစ္စာရှိတဲ့ အဖွဲ့သားတွေဖြစ်စေဖို့...ကိုယ်ညွှန်ကြားချက်တွေကိုလက်ခံလာနိုင်ဖို့အတွက် ယုံကြည်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်...
အဖွဲ့ဝင်ရဲ့ ယုံကြည်မှု မရရှိကြဘူးဆိုရင် သူတို့ကို ဦးဆောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...
ဒါကြောင့် အမှန်တရားကိုပြော...တလေးတစားဆက်ဆံ...နားလည်မှုတွေကိုထား...လိုအပ်တဲ့အကူအညီတွေကိုပေး...ယုံကြည်ရသူတစ်ယောက်ဖြစ်အောင်နေခြင်းအားဖြင့် Trust လို့ခေါ်တဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ကြပါစေ...
Credit : KC

No comments:

Post a Comment