သူလည်းလူ ကိုယ်လည်းလူပဲ
ဒါပေမယ့် လူချင်းတော့မတူဘူး…
တစ်ချို့ရောဂါရှိပြီး ဘာလို့ တစ်ချို့မရှိရတာလဲ?
တစ်ချို့ချမ်းသာပြီး ဘာလို့ တစ်ချို့ဆင်းရဲရတာလဲ?
တစ်ချို့အသက်ရှည်ပြီး ဘာလို့ တစ်ချို့အသက်တိုတာလဲ?
တချို့ရုပ်ချောလှပပြီး ဘာလို့ တချို့ကျတော့ ရုပ်ဆိုးရတာလဲ?
တချို့ညဏ်ကောင်းပြီး ဘာလို့ တချို့ကျတော့ ညဏ်ထိုင်းရတာလဲ?
တချို့မြင့်တဲ့မျိုးရိုးမှာ ဖြစ်ပြီး ဘာလို့ တချို့ကျတော့ မျိုးရိုးနိမ့်ရတာလဲ?
တချို့အရှိန်အဝါတွေကြီးပြီး ဘာလို့ တစ်ချို့ကျတော့ အရှိန်အဝါမကြီးရတာလဲ?
လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါများခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေ အခြံအရံ အရှိန်အ၀ါရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ်ကောင်းခြင်း မကောင်းခြင်းဟူသော အချက်(၁၄)ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်းတူပြီး ကွဲပြားနေကြပါသနည်း။ မည်သည့်လူသားမဆို စောင့်ထိမ်းလျှင် စောင့်ထိမ်းသလို အကျိုးရမည်ဟု ဗုဒ္ဓမြတ်စွာဘုရားက ယခုလိုဟောကြားခဲ့ပါသည်။
(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကို သတ်လေ့ရှိသူသည် အသက်တိုကြပေသည်။
(၂) သေအောင်မသတ်ဘဲနဲ့ သူတစ်ပါးကို ညှင်းဆဲရုံမျှ ပြုလုပ်သော မကောင်းမှုမျိုး၊ သူတစ်ပါးအား တုတ်ဓါးလက်နက်ဖြင့် နာကျင်အောင်၊ ဒဏ်ရာရအောင်၊ စိတ်ထိခိုက်ခံစားရအောင၊် ပြုလုပ်သောသူသည် ဖြစ်လေရာဘ၀၌ အနာရောဂါများ၍ ထိုအရာများကို ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အနာရောဂါနည်းပေသည်။
(၃) ဒေါသကြီးခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ စိတ်ပင်ပန်းခြင်း(စိတ်ထောင်းကိုယ်ကြေ)
၊ နည်းနည်းလေးပြောတာနဲ့ စိတ်ဆိုးတတ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်းကို
ဟန်မဆောင်ထားတတ်ခြင်း (ဝုန်းဒိုင်းကျဲ သောင်းကျန်းခြင်း၊
ခဏခဏပေါက်ကွဲတတ်ခြင်း)တို့သ ည်
ဖြစ်လေဘ၀၌ ရုပ်ရေအဆင်း မလှခြင်းတို့ကို ဖြစ်စေ၍ သူတစ်ပါးတို့က စိတ်ဆိုးစရာ
အမျက်ဒေါသဖြစ်စရာများနဲ့ ပြောဆိုစေကာမှု စိတ်မဆိုးဒေါသ မထွက်အောင်
ထိန်းနိုင်ပြီး သည်းခံသော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘ၀၌ ရုပ်ရည်အဆင်း
လှပကြပေသည်။ ( ဒေါသထွက်လာရင် ကိုယ်တွင်းက သွေးဟာဆူလာပြီး ဆဲလ်တွေဟာ
အပူဓာတ်ကြောင့် လောင်ကျွှမ်းသွားပြီး အိုဇာလာခြင်း၊ အိုမင်းလွယ်ခြင်း
ဖြစ်သည၊် ဒေါသကြီးရင် သောကနဲ့ နိဂုံးချုပ်ရသည်။)
(၄) တန်ခိုးအာဏာမရှိရခြင်းသည် မစ္ဆရိယများသောကြောင့် ဖြစ်သည်။ မစ္ဆရိယတွင် ……
၁။ သူတစ်ပါးရတဲ့ ပစ္စည်းကို မနာလိုခြင်း၊ ကိုယ်ကောင်းကောင်းရသလို သူများကိုလဲ မရစေချင်ခြင်း၊
၂။ သူတစ်ပါးတို့ ရိုသေခံရတာကို မနာလိုခြင်း၊
၃။ သူတစ်ပါး ရှိခိုးခံရတာ ပူဇော်ခံရတာကို မနာလိုခြင်း၊
၎။ ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်ခြင်း၊
၅။ သူတစ်ပါးတို့ ချစ်ခင်နေတာကို မနာလိုခြင်း၊ သူတစ်ပါး မြတ်နိုးခံနေရတာကို အလိုမရှိခြင်း၊ မကျေနပ်ခြင်း၊
၆။ သူတစ်ပါး ထင်ရှားကျော်ကြားတာကို မနာလိုခြင်း၊ အလိုမရှိခြင်း၊ သတင်းအမှားလိုက်ဖြန့်ခြင်း၊
၇။ သူတစ်ပါးရဲ့ကောင်းဂုဏ်ကို မချီးမွမ်းနိုင်ခြင်း၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောခြင်း၊
၈။ ကိုယ်သိသလို သူများကို မသိစေချင်ခြင်း၊ ကိုယ့်ထက်သိသွားမှာကို အလိုမရှိခြင်း၊
၉။ တစ်မျိုးမျိုး ကိုယ့်ထက်သာနေတာကို လက်မခံနိုင်ဘဲ မကျေနပ်ခြင်း၊ အလိုမရှိ မလိုလားခြင်း၊
၁၀။ သူတစ်ပါး ရုပ်ဆင်း အင်္ဂါလှပတာကို မလိုလားခြင်း၊ ကိုယ့်ထက်ပိုလှမှာ စိုးရိမ်ခြင်း၊ ပိုလှနေတာကို အလိုမရှိခြင်း. စသည်တို့ဖြစ်သည်။
သူတစ်ပါး ချမ်းသာခြင်း၊ ရုပ်ရေလှပခြင်း၊ ကျော်စောခြင်းတို့ကို မနာလိုဖြစ်သော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘ၀၌ မိတ်ဆွေအခြံအရံ အရှိန်အ၀ါ တန်ခိုးအာဏာနည်းပါး၍ ထိုဖော်ပြပါ အချက်များကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ မိတ်ဆွေအခြံအရံများပြီး အရှိန်သြဇာ ကြီးမားပေသည်။ ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိပေ။ ထို့ကြောင့် မိမိ၏စကားကို ဇနီးခင်ပွန်း၊ သားသမီး၊ ညီအကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ တပည့်များက နားမထောင်လျှင် ဤအချက်ကို လိုက်နာကျင့်ဆောင်ပါလေ။
(၅) စည်းစိမ်း ပစ္စည်း မချမ်းသာရခြင်းရဲ့ အကြောင်းတရားတွေက ၁၀ မျိုးရှိပါတယ် ..
၁။ စားစရာ ၊ ထမင်း ဟင်း မလှူဘူးခြင်း၊
၂။ သောက်စရာ မလှူဘူးခြင်း၊
၃။ အဝတ်အထည် မလှူဘူးခြင်း၊
၎။ ယာဉ်အလှူ မလှူဘူးခြင်း၊
၅။ ပန်းအလှူ မလှူဘူးခြင်း၊
၆။ နံ့သာအလှူ မလှူဘူးခြင်း၊
၇။ အလှအပပစ္စည်း၊ အသုံးအဆောင်တို့ မလှူဘူးခြင်း၊
၈။ နေရာထိုင်ခင်း မလှူဘူးခြင်း၊
၉။ အဆောက်အဦး မလှူဘူးခြင်း၊
၁၀။ ဆီမီး မလှူဘူးခြင်း၊ စသည့်တို့ကို…
သူတစ်ပါးတို့အား အထူးသဖြင့် သီလ သမာဓိ ပညာ သုံးပါးဖြင့် ပြည့်စုံသော အလှူခံပုဂ္ဂိုလ်တို့အား တစ်စုံတစ်ခုသော ပစ္စည်းကိုမျှ မပေးလှူသောပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀၌ ဆင်းရဲ၍ ပေးလှူစွန့်ကြဲပေးကမ်းသော ပုဂ္ဂိုလ်များသည် ဖြစ်လေရာဘ၀၌ ချမ်းသာစွာ နေရပေသည်။ ဒီအထဲက တစ်ခုခုဆင်းရဲနေရင်ဖြစ်စေ၊ တစ်ခုခုချွတ်ယွင်းနေရင် ကိုယ့်ကိုကိုယ် သဘောပေါက်ပါ။ သဘောပေါက်ပြီး ပြင်ကြပါ။
(၆) မိမိထက် အသက်ကြီးသူကို၎င်း၊ ပညာကြီးမားသောသူကို၎င်း၊ အသိပညာ ဗဟုသုတတရား များသူကို၎င်း၊ သီလရှိသောသူကို၎င်း၊ ရိုသေလေးစားခြင်း၊ ဆည်းကပ်ခြင်းမရှိဘဲ မာန်မာန ထောင်လွှားသော ပုဂ္ဂိုလ်များသည် ဖြစ်လေရာဘ၀၌ အမျိုးယုတ်၍ မိမိထက် အသက်သော်၎င်း၊ ပညာသော်၎င်း၊ အသိသော်၎င်း၊ သီလသော်၎င်း၊ ကြီးမားသောပုဂ္ဂိုလ်တို့ကို မာန်မာန မထောင်လွှားဘဲ မာန်မာနချ၍ ရိုသေလေးစားသော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀၌ အမျိုးမြတ်သော ဘ၀၌ ဖြစ်ရပေသည်။
(၇) ပညာရှိသူတော်ကောင်းတို့ထံ၌
ဘယ်အရာသည် ကောင်းသောကုသိုလ်တရား၊
ဘယ်တရားသည် မကောင်းသော အကုသိုလ်တရား၊
ဘယ်အရာသည် ကျင့်သုံးရမည့်အရာ၊
ဘယ်အရာသည် မကျင့်သုံးသင့်သောတရား၊
မည်သို့သော အရာသည် အပြစ်ရှိ၍ မည်သို့သော အရာသည် အပြစ်မရှိပါသနည်း
စသည်ဖြင့် မိမိသိသင့် သိထိုက်သည့် တရားများကို မစူးစမ်းမလေ့လာ မမေးမြန်း မဆွေးနွေး မကျင့်သုံးသော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀၌ ဉာဏ်ပညာနည်းပါး၍ ထိုအရာများကို ပညာရှိသူတော်ကောင်းတို့ထံ ချဉ်းကပ်ပြီး စူးစမ်းလေ့လာ ဆွေးနွေး မေးမြန်းခြင်းတို့ကို ပြုလုပ်သောသူသည် ဖြစ်လေရာဘ၀၌ ဉာဏ်ပညာ ကြီးမားပေသည်။ ဉာဏ်ကောင်း ကြပေသည်။
အထက်ပါ အချက်အလက်များကို သိရှိပြီးပြီဆိုလျှင် မိမိ၌သော်၎င်း၊ တစ်ပါးသောသူ၌၄င်း၊ ထိုအချက်များထဲက တစ်ခုခု ချို့ယွင်းလျှင်၎င်း၊ ပြည့်စုံလျှင်၎င်း၊ တိုက်ဆိုင်ကြည့်ပါက မည်သည့် အချက်ကြောင့် မည်ကဲ့သို့ဖြစ်နေသည်ဟု ဆန်းစစ်ကြည့်လိမ့်မည်ဟု ထင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ယခုဘ၀၌ အထက်ပါ အချက်များထဲမှ မကောင်းသော အချက်များ ဖြစ်နေလျှင် နောက်နောင် ဘ၀များ၌ မဖြစ်ရလေအောင် ယခုကတည်းက ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ပြီး လိုက်နာ ကျင့်သုံးသင့်တာ လိုက်နာကျင့်သုံးရန် လိုအပ်လှပေသည်။
သတ္တ၀ါတို့သည် မိမိပြုလုပ်သော (ကာယကံ၊ဝဇီကံ၊မနောကံ) ကံသာလျှင် မိမိဥစ္စာရှိကုန်သည်။ ကံ၏ အမွေခံတို့ ဖြစ်ကုန်သည်။ ကံသာလျှင် အကြောင်းရှိကုန်သည်။ ကံသာလျှင် ဆွေမျိုးရှိကုန်သည်။ ကံသာလျှင် မှီခိုရာ ရှိကုန်သည်။ ကံသာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် စသည်တို့ ခွဲခြား၍ ဖန်တီးပေးပါသည်။ ကံဆိုသည်မှာ မိမိလုပ်သော “ကောင်းမူ၊ မကောင်းမူအလုပ်” ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်လူသားများသည် မိမိတို့၏ အကြံအစည် အပြောအဆို အလုပ်အကိုင်တို့ကို ကောင်းသောအရာများ ဖြစ်အောင် ကြိုးစားကြရန် အထူးလိုအပ်ပါပေသည်။ ထိုမိမိကြံစည်မှု ပြောဆိုမှု လုပ်ကိုင်မှုတို့သည် ကောင်းလျှင် ကောင်းကျိုးဖြစ်၍ ကောင်းကျိုးခံစားရပေမည်။ မကောင်းလျှင် မကောင်းကျိုးဖြစ်၍ မကောင်းကျိုးကို ခံစားကြရပေမည်။
ထို့ကြောင့် မိမိသည် မိမိကိုယ်ကိုချစ်တယ်နှစ်သက် တယ်ဆိုလျှင်
အကြံအစည်(မနောကံ) အပြောအဆို (၀စီကံ) အလုပ်အကိုင် (ကာယကံ)တို့ကို ကောင်းသော
အရာများဖြစ်အောင် လုပ်ဆောင်ပေးဖို့ရန် လိုအပ်လှပေသည်။ သို့မှသာလျှင်
မိမိကိုယ်ကို ချစ်ရာရောက်ပေမည်။ လူသားအားလုံး မိမိကိုယ်ကို
ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်............။
(မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်)
(www.sannynaymin.com နှင့် www.kzarboworld.com ဆိုဒ်များမှ ယူထားခြင်း ဖြစ်ပါသည်။ အရှင်ကောမလဆန်နီနေမင်း၏ ပို့စ် နှင့် ဓမ္မစရဦးကုမာရ (မာလ္လိကာ၏မေးခွန်းများတရားေ ခွမှ) ဟောကြားချက်များကို ပိုမိုပြည့်စုံစေရန်၊ ပိုမိုအဓိပ္ပါယ်ပေါ်စေရန် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်) နှလုံးသားအာဟာရ
တချို့ရုပ်ချောလှပပြီး ဘာလို့ တချို့ကျတော့ ရုပ်ဆိုးရတာလဲ?
တချို့ညဏ်ကောင်းပြီး ဘာလို့ တချို့ကျတော့ ညဏ်ထိုင်းရတာလဲ?
တချို့မြင့်တဲ့မျိုးရိုးမှာ
တချို့အရှိန်အဝါတွေကြီးပြီး
လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါများခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေ အခြံအရံ အရှိန်အ၀ါရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ်ကောင်းခြင်း မကောင်းခြင်းဟူသော အချက်(၁၄)ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်းတူပြီး ကွဲပြားနေကြပါသနည်း။ မည်သည့်လူသားမဆို စောင့်ထိမ်းလျှင် စောင့်ထိမ်းသလို အကျိုးရမည်ဟု ဗုဒ္ဓမြတ်စွာဘုရားက ယခုလိုဟောကြားခဲ့ပါသည်။
(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကို သတ်လေ့ရှိသူသည် အသက်တိုကြပေသည်။
(၂) သေအောင်မသတ်ဘဲနဲ့ သူတစ်ပါးကို ညှင်းဆဲရုံမျှ ပြုလုပ်သော မကောင်းမှုမျိုး၊ သူတစ်ပါးအား တုတ်ဓါးလက်နက်ဖြင့် နာကျင်အောင်၊ ဒဏ်ရာရအောင်၊ စိတ်ထိခိုက်ခံစားရအောင၊် ပြုလုပ်သောသူသည် ဖြစ်လေရာဘ၀၌ အနာရောဂါများ၍ ထိုအရာများကို ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အနာရောဂါနည်းပေသည်။
(၃) ဒေါသကြီးခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ စိတ်ပင်ပန်းခြင်း(စိတ်ထောင်
(၄) တန်ခိုးအာဏာမရှိရခြင်းသည် မစ္ဆရိယများသောကြောင့် ဖြစ်သည်။ မစ္ဆရိယတွင် ……
၁။ သူတစ်ပါးရတဲ့ ပစ္စည်းကို မနာလိုခြင်း၊ ကိုယ်ကောင်းကောင်းရသလို သူများကိုလဲ မရစေချင်ခြင်း၊
၂။ သူတစ်ပါးတို့ ရိုသေခံရတာကို မနာလိုခြင်း၊
၃။ သူတစ်ပါး ရှိခိုးခံရတာ ပူဇော်ခံရတာကို မနာလိုခြင်း၊
၎။ ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်ခြင်း၊
၅။ သူတစ်ပါးတို့ ချစ်ခင်နေတာကို မနာလိုခြင်း၊ သူတစ်ပါး မြတ်နိုးခံနေရတာကို အလိုမရှိခြင်း၊ မကျေနပ်ခြင်း၊
၆။ သူတစ်ပါး ထင်ရှားကျော်ကြားတာကို မနာလိုခြင်း၊ အလိုမရှိခြင်း၊ သတင်းအမှားလိုက်ဖြန့်ခြင်း၊
၇။ သူတစ်ပါးရဲ့ကောင်းဂုဏ်ကို မချီးမွမ်းနိုင်ခြင်း၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောခြင်း၊
၈။ ကိုယ်သိသလို သူများကို မသိစေချင်ခြင်း၊ ကိုယ့်ထက်သိသွားမှာကို အလိုမရှိခြင်း၊
၉။ တစ်မျိုးမျိုး ကိုယ့်ထက်သာနေတာကို လက်မခံနိုင်ဘဲ မကျေနပ်ခြင်း၊ အလိုမရှိ မလိုလားခြင်း၊
၁၀။ သူတစ်ပါး ရုပ်ဆင်း အင်္ဂါလှပတာကို မလိုလားခြင်း၊ ကိုယ့်ထက်ပိုလှမှာ စိုးရိမ်ခြင်း၊ ပိုလှနေတာကို အလိုမရှိခြင်း. စသည်တို့ဖြစ်သည်။
သူတစ်ပါး ချမ်းသာခြင်း၊ ရုပ်ရေလှပခြင်း၊ ကျော်စောခြင်းတို့ကို မနာလိုဖြစ်သော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘ၀၌ မိတ်ဆွေအခြံအရံ အရှိန်အ၀ါ တန်ခိုးအာဏာနည်းပါး၍ ထိုဖော်ပြပါ အချက်များကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ မိတ်ဆွေအခြံအရံများပြီး အရှိန်သြဇာ ကြီးမားပေသည်။ ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိပေ။ ထို့ကြောင့် မိမိ၏စကားကို ဇနီးခင်ပွန်း၊ သားသမီး၊ ညီအကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ တပည့်များက နားမထောင်လျှင် ဤအချက်ကို လိုက်နာကျင့်ဆောင်ပါလေ။
(၅) စည်းစိမ်း ပစ္စည်း မချမ်းသာရခြင်းရဲ့ အကြောင်းတရားတွေက ၁၀ မျိုးရှိပါတယ် ..
၁။ စားစရာ ၊ ထမင်း ဟင်း မလှူဘူးခြင်း၊
၂။ သောက်စရာ မလှူဘူးခြင်း၊
၃။ အဝတ်အထည် မလှူဘူးခြင်း၊
၎။ ယာဉ်အလှူ မလှူဘူးခြင်း၊
၅။ ပန်းအလှူ မလှူဘူးခြင်း၊
၆။ နံ့သာအလှူ မလှူဘူးခြင်း၊
၇။ အလှအပပစ္စည်း၊ အသုံးအဆောင်တို့ မလှူဘူးခြင်း၊
၈။ နေရာထိုင်ခင်း မလှူဘူးခြင်း၊
၉။ အဆောက်အဦး မလှူဘူးခြင်း၊
၁၀။ ဆီမီး မလှူဘူးခြင်း၊ စသည့်တို့ကို…
သူတစ်ပါးတို့အား အထူးသဖြင့် သီလ သမာဓိ ပညာ သုံးပါးဖြင့် ပြည့်စုံသော အလှူခံပုဂ္ဂိုလ်တို့အား တစ်စုံတစ်ခုသော ပစ္စည်းကိုမျှ မပေးလှူသောပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀၌ ဆင်းရဲ၍ ပေးလှူစွန့်ကြဲပေးကမ်းသော ပုဂ္ဂိုလ်များသည် ဖြစ်လေရာဘ၀၌ ချမ်းသာစွာ နေရပေသည်။ ဒီအထဲက တစ်ခုခုဆင်းရဲနေရင်ဖြစ်စေ၊ တစ်ခုခုချွတ်ယွင်းနေရင် ကိုယ့်ကိုကိုယ် သဘောပေါက်ပါ။ သဘောပေါက်ပြီး ပြင်ကြပါ။
(၆) မိမိထက် အသက်ကြီးသူကို၎င်း၊ ပညာကြီးမားသောသူကို၎င်း၊ အသိပညာ ဗဟုသုတတရား များသူကို၎င်း၊ သီလရှိသောသူကို၎င်း၊ ရိုသေလေးစားခြင်း၊ ဆည်းကပ်ခြင်းမရှိဘဲ မာန်မာန ထောင်လွှားသော ပုဂ္ဂိုလ်များသည် ဖြစ်လေရာဘ၀၌ အမျိုးယုတ်၍ မိမိထက် အသက်သော်၎င်း၊ ပညာသော်၎င်း၊ အသိသော်၎င်း၊ သီလသော်၎င်း၊ ကြီးမားသောပုဂ္ဂိုလ်တို့ကို မာန်မာန မထောင်လွှားဘဲ မာန်မာနချ၍ ရိုသေလေးစားသော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀၌ အမျိုးမြတ်သော ဘ၀၌ ဖြစ်ရပေသည်။
(၇) ပညာရှိသူတော်ကောင်းတို့ထံ၌
ဘယ်အရာသည် ကောင်းသောကုသိုလ်တရား၊
ဘယ်တရားသည် မကောင်းသော အကုသိုလ်တရား၊
ဘယ်အရာသည် ကျင့်သုံးရမည့်အရာ၊
ဘယ်အရာသည် မကျင့်သုံးသင့်သောတရား၊
မည်သို့သော အရာသည် အပြစ်ရှိ၍ မည်သို့သော အရာသည် အပြစ်မရှိပါသနည်း
စသည်ဖြင့် မိမိသိသင့် သိထိုက်သည့် တရားများကို မစူးစမ်းမလေ့လာ မမေးမြန်း မဆွေးနွေး မကျင့်သုံးသော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀၌ ဉာဏ်ပညာနည်းပါး၍ ထိုအရာများကို ပညာရှိသူတော်ကောင်းတို့ထံ ချဉ်းကပ်ပြီး စူးစမ်းလေ့လာ ဆွေးနွေး မေးမြန်းခြင်းတို့ကို ပြုလုပ်သောသူသည် ဖြစ်လေရာဘ၀၌ ဉာဏ်ပညာ ကြီးမားပေသည်။ ဉာဏ်ကောင်း ကြပေသည်။
အထက်ပါ အချက်အလက်များကို သိရှိပြီးပြီဆိုလျှင် မိမိ၌သော်၎င်း၊ တစ်ပါးသောသူ၌၄င်း၊ ထိုအချက်များထဲက တစ်ခုခု ချို့ယွင်းလျှင်၎င်း၊ ပြည့်စုံလျှင်၎င်း၊ တိုက်ဆိုင်ကြည့်ပါက မည်သည့် အချက်ကြောင့် မည်ကဲ့သို့ဖြစ်နေသည်ဟု ဆန်းစစ်ကြည့်လိမ့်မည်ဟု ထင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ယခုဘ၀၌ အထက်ပါ အချက်များထဲမှ မကောင်းသော အချက်များ ဖြစ်နေလျှင် နောက်နောင် ဘ၀များ၌ မဖြစ်ရလေအောင် ယခုကတည်းက ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ပြီး လိုက်နာ ကျင့်သုံးသင့်တာ လိုက်နာကျင့်သုံးရန် လိုအပ်လှပေသည်။
သတ္တ၀ါတို့သည် မိမိပြုလုပ်သော (ကာယကံ၊ဝဇီကံ၊မနောကံ) ကံသာလျှင် မိမိဥစ္စာရှိကုန်သည်။ ကံ၏ အမွေခံတို့ ဖြစ်ကုန်သည်။ ကံသာလျှင် အကြောင်းရှိကုန်သည်။ ကံသာလျှင် ဆွေမျိုးရှိကုန်သည်။ ကံသာလျှင် မှီခိုရာ ရှိကုန်သည်။ ကံသာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် စသည်တို့ ခွဲခြား၍ ဖန်တီးပေးပါသည်။ ကံဆိုသည်မှာ မိမိလုပ်သော “ကောင်းမူ၊ မကောင်းမူအလုပ်” ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်လူသားများသည် မိမိတို့၏ အကြံအစည် အပြောအဆို အလုပ်အကိုင်တို့ကို ကောင်းသောအရာများ ဖြစ်အောင် ကြိုးစားကြရန် အထူးလိုအပ်ပါပေသည်။ ထိုမိမိကြံစည်မှု ပြောဆိုမှု လုပ်ကိုင်မှုတို့သည် ကောင်းလျှင် ကောင်းကျိုးဖြစ်၍ ကောင်းကျိုးခံစားရပေမည်။ မကောင်းလျှင် မကောင်းကျိုးဖြစ်၍ မကောင်းကျိုးကို ခံစားကြရပေမည်။
ထို့ကြောင့် မိမိသည် မိမိကိုယ်ကိုချစ်တယ်နှစ်သက်
(မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်)
(www.sannynaymin.com နှင့် www.kzarboworld.com ဆိုဒ်များမှ ယူထားခြင်း ဖြစ်ပါသည်။ အရှင်ကောမလဆန်နီနေမင်း၏ ပို့စ် နှင့် ဓမ္မစရဦးကုမာရ (မာလ္လိကာ၏မေးခွန်းများတရားေ
No comments:
Post a Comment