1) ဓါးပေါ်မှ သံချေးများကို ဖယ်ရှားပေးနိုင်ခြင်း
မီးဖိုချောင်သုံးဓါးမှ
သံချေးကို ဖယ်ရှားရန်အတွက် ပြင်းထန်သည့် ဓါတုဗေဒဆေးများ မလိုအပ်ပါ။ သံချေးတက်နေသော
ဓါးကို ကြက်သွန်နီဥကြီး အတွင်းသို့ သုံးကြိမ်၊ လေးကြိမ်မျှ ထိုးသွင်းပေးလိုက်ပါ။ သံချေးအလွန်
တက်နေလျှင် အကြိမ်များများ လိုအပ်ပါလိမ့်မည်။
၂) ဆေးသုတ်ပြီးစ အခန်းများတွင် ဆေးနံ့ပျောက်အောင် လုပ်ဆောင်နိုင်ခြင်း
သင့်ရဲ့
အိပ်ခန်းမှာ ဆေးအသစ်သုတ်ထားလို့ တစ်ညလုံးအိပ်မရဖြစ်နေရင် လတ်ဆတ်တဲ့ ကြက်သွန်နီဥတွေကို
ခပ်ပါးပါးလှီးပြီး ပန်းကန်ထဲမှာရေနည်းနည်းနဲ့ ထည့်ထားလိုက်ပါ။ နာရီအနည်းငယ်အတွင်း အနံ့အသက်တွေကို
စုပ်ယူသွားပါလိမ့်မယ်။
၃) ပျားတုပ်ဒဏ်ရာမှ သက်သာရာရစေနိုင်ခြင်း
သင့်ရဲ့ခန္ဓာကိုယ်ပေါ်က ပျားတုပ်ခံရတဲ့
ဒဏ်ရာပေါ်မှာ ကြက်သွန်နီကို လှီးဖြတ်ပြီး တစ်လွှာလောက် အုပ်ထားလိုက်ရင် ရောင်ရမ်းမှုက
သက်သာရာရစေပါလိမ့်မယ်။
4) နေပူလောင်ခြင်း
နေပူထဲသွားခြင်းကြောင့် နေပူလောင်ခဲ့သော
ကြက်သွန်နီအရည်ကို လိမ်းပေးရ၏။ နေပူလောင်ခြင်းမှ ပျောက်ကင်း၏။
5) သတိမေ့ခြင်း၊ ၀က်ရူးပြန်ခြင်း
သတိမေ့နေသူအား ကြက်သွန်နီကို ထုထောင်း၍
ထွက်လာသော အနံ့ကို နှာဝသို့ထား၍ ရှုစေခြင်း၊ နှာခေါင်းဝတွင် ကပ်ထားပေးခြင်း၊ နှာခေါင်းတွင်းသို့
အရည်နှစ်စက်၊ သုံးစက်မျှ ထည့်ပေးခြင်းဖြင့် သတိမေ့ခြင်း၊ ၀က်ရူးပြန်ခြင်းတို့ကို သတိရလာနိုင်ပါသည်။
6) အဆိပ်တက်ခြင်း
ကြက်သွန်နီ ထုထောင်း၍ရသော အရည်ဖြင့်
ကင်းအမျိုးမျိုးထိုးခံရခြင်း၊ အဆိပ်ရှိသော သတ္တ၀ါများ အကိုက်ခံရခြင်းစသည့် နေရာများသို့
သုတ်လိမ်းပေး၊ နယ်ပေးခြင်းဖြင့် အဆိပ်တတ်ခြင်း လျော့ပါးသွားပါလိမ့်မယ်။
No comments:
Post a Comment