Monday, July 2, 2012


လှပခဲ့တဲ့ ညနေခင်းပြကွက်တွေထဲ
အင်းလျားကန်ဘောင်ရဲ့ သဘောထားကြီးမြတ်မှုနဲ့အတူ
ပစ္စုပ္ပန် တည့်တည့်မှာပဲ
မပူမပင်ရင်ခုန်ခဲ့ကြ.......

အပြောင်းအလဲတွေ သည်းထန်လာခဲ့ချိန်
ကံတရားက နှစ်ယောက်တအိပ်မက်ကလေးကို
ထက်ခြမ်းခွဲချလိုက်ပုံများ
ခွင့်လွှတ်ပါလို့တောင် မပြောခဲ့ရသလို
Good Bye လဲ မပြောခဲ့နိုင်ဘူး.....

အချစ်က အမြင့်ပျံငှက်
ငါက.....နောင်တနဲ့ ထောင်ကျခဲ့

ပြန်ဆုံဖြစ်ခဲ့ရင်တောင်
အရင်လို ရန်ဖြစ်ခွင့်မရှိတော့ဘူး
အရင်လို တယုတယမြတ်နိုးခွင့်
အရင်လို တရှိုက်မက်မက်နမ်းရှိုက်ခွင့်
ရာဇ၀င်ထုံးတမ်းစဉ်လာတွေက
ခြေကားယား လက်ကားယား တားကြမှာပဲနော်

ဒါအချစ်လား လို့သိလိုက်ရချိန်မှာတော့
ရာဇ၀တ်သားဟာ
ငါ ဖြစ်သွားခဲ့တာ
ချစ်သူရေ.........ဘယ်တော့မှ မမေ့ပါနဲ့
ငါ့စိတ်မှာတော့ မင်းအရိပ်တွေချည်းပဲ။
                                                ဟင်းလင်း

No comments:

Post a Comment