ယုံသင်္ကာစိတ် (မယုံသင်္ကာစိတ်လေးတွေလျော့စေချင်)
တိတိကျကျ မသိပဲနဲ့
အပြစ်မရှိတဲ့ လူတစ်ယောက်ကို
မယုံသင်္ကာကြာကြာဖြစ်နေလို့ရှိရင်
မယုံသင်္ကာဖြစ်တာကို ခံရတဲ့သူက
ကြာတော့မခံနိုင်တော့ဘူး။
မခံနိုင်တဲ့အခါ
ကိုယ့်ကိုပစ်သွားမှာပဲ။
အဲဒီတော့ မယုံဘူးဆိုရင်လည်း
တိတိကျကျသိမှ
ပြောဆိုဆွေးနွေးသင့်တယ်။
မသိသေးဘဲနဲ့တော့ တစ်ဖက်သတ်ကြီး မထင်ထားပါနဲ့။
မစွပ်စွဲပါနဲ့။
မသိသေးရင် အကောင်းဆုံးကတော့ အကောင်းကိုပဲတွေးထားလိုက်ပါ။
ဘာမှမသိသေးဘဲကိုး။ အဲဒီတော့ သူ့ကိုအကောင်းလို့ပဲ ယူဆလိုက်ပါ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment