Thursday, June 28, 2012


အလွမ်းနဲ့အဆွေး မိတ်ဆွေဖွဲ့ 
အဆင်းကို ဘီးတပ်ပြီး
ငါ့ရင်ထဲကို လိမ့်လာကြပြီ
မင်းကြောင့်ဖြစ်လို့
နွေးထွေးစွာပဲ ကြိုဆိုလိုက်မယ်

မင်းသံသယတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့
ငါ့နှလုံးသား
နောက်ထပ် ဘယ်လိုသံသယမျိုးမဆို
စိန်ခေါ်ရဲတယ်....။

မင်းသံသယလောက်တောင်
ငါ့အချစ် မခိုင်မာခဲ့တော့လည်း
ဘီလူးခေါင်းဆောင်းပြီး ငိုနေယုံပေါ့...........။

2010 June မှာ စခဲ့တဲ့ ဇာတ်လမ်း
2012 June မှာ အဆုံးသတ်မယ်...
ချစ်သူ မင်းလဲ နေသာသလိုနေပါ
ငါ့အချစ်၊ ငါ့အလွမ်း စာမဖွဲ့တော့ဘူး
ယုံချင်ရင်လဲ ယုံ၊ မယုံရင်လည်း
ပုံပြင်လို့ပဲ မှတ်လိုက်ပေါ့.................။

No comments:

Post a Comment