Wednesday, June 27, 2012


နောက်ပြန်မလှည့်ဘူးလို့
ဆုံးဖြတ်ထားပေမယ့်
ဂ , ငယ်ကွေ့လေးတွေ့နိုးနိုး
မျှော်လင့်မိတယ်

H.C တစ်ပတ် မျက်ရည်တစ်စက်နဲ့
လွမ်းသက်က ရှည်လွန်းတယ်...။

အတိတ်ကို ဆားရည်စိမ်ပါ
နည်းနည်းငံတာကလွဲလို့
လိုတဲ့အချိန်မှာ နှစ်သက်ရာ အရက်တမျိုးနဲ့
တွဲဖက်သုံးဆောင်နိုင်ပါတယ်
မျိုမချမိဖို့တော့ လိုမယ်

ကို့ဘ၀ကို လူမသိအောင်
လမ်းဘေးပစ်ချထားလိုက်တယ်
နက်ဖြန်ခါမှာ ချစ်သူကောက်ရပါစေ....။

နာကျင်မှုကို အရသာခံမူးရတာ
အမြည်းမလိုဘူး
အလွမ်းသီချင်းတွေ နားခါးတယ်

တရားရှာ ကိုယ်မှာတွေ့တဲ့
အမှားရှာတော့ရော........
ကြက်ခြေခတ်ပင်လယ်ကြီးထဲ
ငါ့နာမည်တခုတည်း တစ်ပင်တိုင် ရွက်လွှင့်....
ငါ စိုက်ခဲ့တဲ့ပန်း ငါ့ကို ပြန်နမ်းနေပါပြီ.......
ဆူးနှုတ်ခမ်းတွေနဲ့.....................။

No comments:

Post a Comment