ဆရာတော်
အရှင် ဓမ္မရက္ခိတ ရေးသားသော “ ထို့ကြောင့် ဤအရာကို
အချစ် ဟုခေါ်သည်” စာအုပ် ထဲမှ ရေးသားထားတာလေးတွေ
အရမ်းကောင်းပါတယ်။ အချစ်ကြောင့် ပူဆွေးသောက
ရောက်နေကြတဲ့ သူငယ်ချင်းများကို မျှဝေလိုက်ပါတယ်။ ခံစားမှုတွေအားလုံးပြေပျောက်အောင်
မလုပ်ပေးနိုင်တောင် ဘာသာရေးလေးနဲ့ ဖြေဖျောက်တတ်ပါစေလို့ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာမှာတော့
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အတွေ့ဆိုတဲ့ ကာမဂုဏ်ငါးပါး ကိုပုထုဇဉ်လူအများ
လိုလားကြတယ်လို့ ဆိုပါတယ်။
ကာမ - ရဲ့ အဓိပ္ပယ်ကတော့ လိုလားအပ်သော
ဂုဏ် - ကတော့ အနှောင်အဖွဲ့
ဆိုလိုတာက ထမင်းဆာသလို ရေငတ်သလို
ကာမဂုဏ်အာရုံတွေကို သာမန်လိုချင်ရုံမျိုး မဟုတ်ဘဲနဲ့ (နွားငတ်ရေချ) ငတ်သလိုမျိုး မွတ်သိပ်တောင့်တတာမျိုးကို
တဏှာ လို့သုံးစွဲပါတယ်။
မိန်းမ နဲ့ယောကျာ်း တစ်ဦးဦးထံမှာ
မရမက တွယ်ကပ်နေတာမျိုးကို လောက အသုံးမှာ တဏှာရူး လို့ သုံးကြတာ တွေ့ကြရမှာပါ။
တဏှာ
ဆိုတဲ့ ပါဠိစကားလုံးက
တဿတိ
ပရိတဿ တီတ တဏှာ
၆
ပါးသော အာရုံအပေါ် ဆာလောင်တတ်သော သဘော (ဆာခြင်း) ဟု အဓိပ္ပယ်ရသည်။
ဒါကြောင့် ဆာလောင်တတ်တဲ့ သဘော၊ တပ်မက်တဲ့သဘော၊ ငတ်မွတ်တတ်တဲ့သဘော။ ကာမဂုဏ်အာရုံငါးပါးအပေါ်
အထူးသဖြင့် အာရုံကို
အလွန်လိုလားတာကြတော့ ရာဂ
လို့သုံးကြတာပါ။
“ ရာဂ” ဆိုတာကလည်း ငြိကပ်ခြင်း၊ စွဲလမ်းခြင်းလို့ အဓိပ္ပယ်ရပါတယ်။
သစ္စာလေးပါးမှာတော့ သမုဒယ လို့ သုံးနှုန်းတာပါ။
သမုဒယ ဆိုတာကလည်း ဒုက္ခဖြစ်ကြောင်း
ဒုက္ခလောင်းလို့ အဓိပ္ပယ်ရတာပါပဲ။
လူတွေအများဆုံးပြောနေကြတဲ့
“လောဘ” ဆိုတဲ့စကားလုံးက နေရာဒေသ အချိန် အကြောင်းအရာတွေပေါ် မူတည်ပြီး
ပေမ
တဏှာ
ရာဂ
သမုဒယ - ဆိုပြီး
အမည်အမျိုးမျိုးတပ်ပြီး ပြောဆိုသုံးနှုန်းခြင်းဖြစ်ပါတယ်။
“ပေမ” ဆိုရင် -
သားသမီး၊ မောင်နှမ၊ ညီအကို၊ ဇနီး လင် ခင်ပွန်း
စတဲ့ အိမ်သူအိမ်သားအချင်းချင်း၊ ဆွေမျိုးသားချင်း ချစ်ခင်တွယ်တာမှုကို ပေမ ချစ်ခင်ခြင်းလို့ ခေါ်တာပါ။
ဒါကိုပဲ တချို့က သံယောဇဉ်လို့ သုံးတာ တွေ့ရပါတယ်။
သံယောဇဉ်ဆိုတဲ့ စကားရဲ့ အဓိပ္ပယ်တစ်မျိုးက “ ကြိုး ” လို့ ဆိုလိုတာပါ။ တယောက်နဲ့ တယောက်
မခွဲနိုင် မခွာရက်အောင် မမြင်ရတဲ့ကြိုးနဲ့ ချည်နှောင်ထားသလိုမျိုးကို ပြောချင်တာပါ။
ဒီတော့ ဆွေမတော် မျိုးမစပ် သူစိမ်းပြင်ပြင် တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ကြတာ
ဘာကြောင့်လဲ ........... ဆိုတဲ့ မေးခွန်းကို ပြောရရင်တော့
အမျိုးသား တယောက်က အမျိုးသမီးတယောက်ကို
ချစ်တယ်ဆိုရင် အဲဒီ့အမျိုးသမီးရဲ့
အဆင်း၊ အသံ၊ အနံ့၊ အထိအတွေ့တွေကို ခံစားလိုလားတဲ့ သဘောပါပဲ။
သူ့အသံလေးကို စမ်းရေစီးသံပမာ
သဘောကျနေတာ.............
သူ့ရုပ်ကလေးကို မျက်ဝန်းထဲမှာ
စွဲငြိနေတာ................
သူ့ရဲ့အနဲ့အသက်လေးကို
တမ်းတနေတာ...............
သူနဲ့ထိတွေ့နေရတာကို
စွဲလမ်းနေတာ.............
ဆိုတဲ့ သဘောပါပဲ။
ဒီတော့ သူ့ကို ကိုယ်ကလွဲပြီး
အခြားဘယ်သူ့ကိုမှ မိမိခံစားရမယ့် ခံစားလိုတဲ့ ကာမဂုဏ်အာရုံတွေကိုမျှဝေပေးချင်တဲ့ ဆန္ဒ
မရှိတော့ဘူး။
တနည်းပြောရရင် ပိုင်ဆိုင်ချင်တာပါပဲ။
ပိုင်တယ်ထင်တော့ တောင့်တလာပါတယ်။
ဆိုင်တယ်ထင်တော့ ကြောင့်ကြလာပါတယ်။
အထူးသဖြင့်တော့ မိမိကွယ်ရာ
မိမိ မသိလိုက်တဲ့အချိန်မှာ တခြားသူက ယူငင်သုံးစွဲမှာကို မလိုလားတော့တာပါဘဲ။ ဒါကို စကားလှလှသုံးလိုက်တော့
သည်သောင်ယံက မခွာရက်နိုင်တယ် ဖြစ်သွားတာပေါ့။
ဆက်လက်ပြီး မခွဲနိုင်မခွာရက်ဖြစ်နေရတဲ့ စိတ်ကလေး (မစ္ဆရိယ) အကြောင်းကို ဗဟုသုတေ အနေနဲ့ တင်ပြလိုက်ပါတယ်။
No comments:
Post a Comment