ငါကတော့ ကောင်းနေမှာပဲ
စိတ်ထားကောင်းဆိုတာ
သူထားမှ ကိုယ်ထားရမှာ မဟုတ်ပါဘူး။
သူထားထား မထားထား။
သူကောင်းကောင်း မကောင်းကောင်း
ကိုယ့်ဘက်ကထားနိုင် ကောင်းနိုင်ဖို့ပဲ
ကြည့်ရပါမယ်။
တစ်ခါတစ်လေ ကိုယ်ကောင်းပေမယ့် သူပြန်မကောင်းရင်
ကိုယ့်ရဲ့ပင်ကိုယ်ရှိတဲ့ စိတ်ကောင်းလေးတောင်
မကောင်းတော့ဘူးကွာ
ဆိုပြီးဖြစ်တတ်ပါတယ်။
အဓိကကတော့ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကောင်းလေးကို
မကောင်းတဲ့သူကြောင့် “မကောင်း” မဖြစ်မိလိုက်ပါစေနဲ့လို့….။
ရှုံးရမှာမတန်ပါဘူး။
နှလုံးသားအာဟာရ
No comments:
Post a Comment