Wednesday, June 13, 2012

လုံးဝမထားအပ်တဲ့ ဝန်တိုမူ


ကိုယ်ပစ္စည်းဥစ္စာချမ်းသာသလို သူများကိုမချမ်းသာစေချင်တာ၊ 
ကိုယ်ကောင်းကောင်းနေနိုင်သလို သူများကိုမနေစေချင်တာ၊ 
ကိုယ်မိတ်ဆွေပေါသလို သူများကိုမပေါစေချင်တာ၊ 
ကိုယ်ရုပ်ဆင်းချောမောသလို သူများကိုမချောမောစေချင်တာ၊ 
 ကိုယ်ဂုဏ်သတင်းကျော်ဇောသလို သူများကိုမကျော်ဇောစေချင်တာ၊ 
ကိုယ်ပညာတတ်သလို သူများကိုမတတ်စေချင်တာ၊  
ကိုယ်တရားရသလို သူများကို မရစေချင်တာ 
 ဒါတွေအားလုံးဟာ ဝန်တိုမူ(မစ္ဆရိယ) တွေပါပဲ။
ဝန်တိုတတ်တဲ့သူဟာ သူများဆီက ကိုယ်ဘာမှမရလိုက်ဘဲနဲ့ 
အလကားအခြောက်တိုက် စိတ်အပူလောင်ခံနေရသလို 
သူများကို ကိုယ်မရစေချင်တဲ့အရာမျိုး 
ကိုယ်ကိုယ်တိုင်သာမရတော့ခြင်းဆိုတဲ့ ဆိုးကျိုးကိုလည်း ရင်ဆိုင်ရမှာမို့  
လုံးဝမထားအပ်တဲ့ ဝန်တိုမူ(မစ္ဆရိယ)ပါ။ 
                                                                            အရှင်ဆန္ဒာဓိက

No comments:

Post a Comment