နံနက် ၁း၀၀ - ၃း၀၀ (အသည်း
အလုပ်လုပ်ချိန်)
သည်အချိန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်သင့်သည့်အချိန်ဖြစ်ပါသည်။
ကျန်းမာရေးကို ဂရုစိုက်ပြီး နံနက် ၁-၃ နာရီအချိန်တွင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျှင်
အသည်းတွင် (Meratonic) အက်ဆစ်ထုတ်လုပ်သည့် အချိန်ဖြစ်၍ ခန္ဓာကိုယ် ခုခံအား ပိုရှိစေပါသည်။
၁-၃ နာရီအချိန်သည် (Meratonic) အက်စစ်အပြင်
(endrophin) အက်ဆစ်ထုတ်လုပ်သည့် အချိန်ဖြစ်သည်။ Endorphin အက်စစ်သည် ခန္ဓာကိုယ်နှင့်
စိတ်ကို ကြည်လင် လန်းဆန်းစေပြီး အသက်အရွယ်ထက် နုပျိုစေပါသည်။ ထိုအချိန်တွင် အစားအစာများ
လုံးဝမစားသင့်ပါ။ (အသည်း)၏ အရေးကြီးသော အလုပ်သည် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော (အဆိပ်ဖြစ်သော
အရာ)အညစ်အကြေးများကို ဖယ်ရှားပေးသည့် အလုပ်ဖြစ်သည်။
ထို့အပြင် -
-
ဆံပင် ၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း သန်စွမ်းနိုင်အောင် အကျိုးပြုပေးသည်။
-
အစာခြေနိုင်ရန်လည်း ကူညီပေးသည်။ မကြာခဏ အစာစားသူများသည် အသည်းသည် အစာခြေရည် ပိုထုတ်ပေးသည့်အလုပ်
ပိုလုပ်ရသည့်အတွက်ကြောင့် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အညစ်အကြေး များကို ကောင်းမွန်စွာ
မဖယ်နိုင်သည့် အတွက်ကြောင့် အသည်းရောဂါ စတင်ဖြစ်ပေါ်လာနိုင်သည်။
နံနက် ၃း၀၀ - ၅း၀၀ (အဆုတ်အလုပ်လုပ်သည့်အချိန်)
အိပ်ယာ ထသင့်ပြီး လေကောင်းလေသန့် ရှူ၍ စိတ်ကိုလန်းဆန်းအောင်
ထားသင်ပြီး အရုဏ်ဦးနေရောင်ခြည်ကို ခံသင့်သည့်အချိန် ဖြစ်သည်။ အစဉ်အမြဲ သည်အချိန် ထနိုင်လျင်
အသားအရေ လှပပြီး အဆုတ်အားကောင်းစေသည်။ အရာရာတိုင်းတွင် မိမိကိုယ်ကို ဦးဆောင်နိုင်ပြီး
ယုံကြည်မှုအပြည့် ရှိသူ ဖြစ်လာနိုင်သည်။
နံနက်၅း၀၀ - ၇း၀၀ (အူမကြီး
အလုပ်လုပ်သည့်အချိန်)
နံနက်ပြီး အချိန်တွင် နေ့စဉ်အမြဲ ၀မ်းမှန်အောင်သွားသင့်သည်။
ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပစ်သင့်သော အချိန်ဖြစ်သည်။ ယခုခေတ် လူတို့သည်
ထိုအချိန်တွင် အိပ်ရာမထနိုင်သည့်သူက များသည်။ “အူမကြီး” သည် အညစ်အကြေးများကို စွန့်ထုတ်ရမည့်အချိန်ဖြစ်သည်။
ထိုအချိန်တွင် လူအများသည် မထနိုင်သည့်အတွက် စွန့်ထုတ်ရမည့် အညစ်အကြေးများသည် ခန္ဓာကိုယ်အထဲတွင်
ပြန်လည်၍ လည်ပတ်နေသည်။ ကြာလာလျှင် မနက်ပိုင်းတွင် ၀မ်းမမှန်တော့ပါ။
နောက်ဖြစ်လာမည့်ရောဂါများမှာ ပခုံးနာခြင်း၊
ပခုံးအမိုး ကြွက်သားများ တွဲကျခြင်းတို့ ဖြစ်လာတတ်ကြသည်။ လူအများသည် မနက်စာ မစားကြဘဲ
ကော်ဖီတခွက်လောက်သောက်ပြီး မနက်စာ ပြီးဆုံးသွားသည်။ ၀မ်းဗိုက်ထဲတွင် အစာအာဟာရမရှိ၍
ကျန်ရှိနေသော အညစ်အကြေးများသည် ပြန်လည်၍ ခန္ဓာကိုယ် အစာအိမ်ဆီသို့ ပြန်လည် ပို့ဆောင်မှုကြောင့်
“ကော်ဖီနှင့် အညစ်အကြေး”များကို မနက်စာအဖြစ် သုံးဆောင်သလို ဖြစ်သွားသည်။ ထိုအချိန်တွင်
အစာမစားပေးလျှင် အညစ်အကြေးများသည် ပြန်လည်၍ အစာအိမ်ထဲသို့ ပြန်စုပ်ဝင်လာ၍ ခန္ဓာကိုယ်
အနံ့ပြင်းသည်။ ၀မ်းမှန်လျှင် ကိုယ်တွင်းနံ မနံပါ။
“ အစာအိမ် ” ရောဂါ စတင် ဖြစ်ပေါ်လာလျှင် လက္ခဏာ
ပြသည့်အချက်မှာ အမြဲသလိပ်ရှိခြင်း၊ အမြဲအာခေါင်ခြောက်ခြင်း ဖြစ်ပေါ်လာသည်။
နံနက် ၇း၀၀း ၉း၀၀ (အစာအိမ်
အလုပ် လုပ်သည့်အချိန်)
နေ့စဉ် ဒီအချိန်အတွင်း အစာစားပေးလျှင် အစာအိမ်အားကောင်း
ကျန်းမာသန်စွမ်းစေမည်။ အစာအိမ် မကောင်းလျှင် ခြေလက် ကြွက်သားအားနည်းခြင်း၊ ဒူးနာခြင်း၊
စိတ်ပူပန်မှု များခြင်း၊ တွေဝေတတ်ခြင်း၊ ဆုံးဖြတ်ချက်ချရာတွင် နှောင့်နှေးခြင်း ဖြစ်လာနိုင်ပါသည်။
ရှိရင်းစွဲ အသက်ထက်ပိုပြီး ရင့်ရော်လွယ်ခြင်း၊ အစာအိမ်ရောဂါ ဖြစ်နေသူများပင် အစာခြေအရည်၊
ဆားဓါတ်နှင့် အချဉ်ဓါတ် ပုံမှန်ထက် များပြားစွာ ထွက်ရှိလာနိုင်သောကြောင့် အစာကို ကြေညက်အောင်
ဝါးစားသည့်အကျင့်ကိုလည်း ကျင့်စေလိုပါသည်။ ဒီ့ပြင် အစာစားနေစဉ် ရေတစ်လုတ်၊ ထမင်းတလုတ်စားခြင်းမျိုးကို
ရှောင်ကြဉ်ပါ။ အစာမစားခင် ရေကို နာရီဝက်ကြိုတင်သောက်ပါ။ အစာ စားပြီးမှ ရေကို တစ်နာရီ
မှ သုံးနာရီအတွင်း ခြားပြီး သောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။
အစာစားနည်း
။ ။ သစ်သီးများကို ဦးစွာ စားသုံးခြင်း၊
ထို့နောက် ဟင်းသီးဟင်းရွက် နှင့် ထမင်း အသားတို့ကို စားသုံးခြင်းသည် အစာအိမ်အားကောင်းရန်
အထောက်အကူပေးသော နည်းလမ်းများဖြစ်သည်။ အစာစားပြီး စားသုံးနိုင်သော သစ်သီးများမှာ နာနတ်သီး၊
သင်္ဘောသီး၊ သရက်သီးချိုချဉ် စသော အသီးများမှာ အစာခြေလွယ်သော အသီးများဖြစ်ပါသည်။
အဆီချလိုသူများ မနက်စာ စားသုံးပေးခြင်းအားဖြင့်
ကယ်လိုရီနှင့် အဆီလောင်ကျွမ်းမှု အားကောင်းစေပြီး အစာအိမ် အားကောင်းစေနိုင်ပါသည်။
နံနက် ၉း၀၀ - ၁၁း၀၀
(သရက်ရါက် အလုပ်လုပ်သည့်အချိန်)
သရက်ရွက်သည်
နံရိုး၏ ဘယ်ဘက်တွင် တည်ရှိသည်။ သူ၏ တာဝန်သည် သွေးဥများကို ထိန်းသိမ်းပေးသော တာဝန် ဖြစ်သည်။
Plasma (သွေးကြည်ဥ) နှင့် ခန္ဓာကိုယ်ထဲရှိ အဆီများကို မျှတအောင် ထိန်းသိမ်းပေးသည်။ အစဉ်အမြဲ
ခေါင်းကိုက်ရောဂါရှိသူများသည် သရက်ရွက် ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဘယ်ဘက်နံရိုး အမြဲအောင့်သူသည် သရက်ရွက် နှင့်
အသည်းချို့ယွင်းမှုကြောင့် ရောဂါ ဖြစ်ပေါ်လာနိုင်သည်။
သရက်ရွက်ပွ ရောဂါ ။ ။ “ သရက်ရွက် ” သည် “ အဆုတ်” နှင့် ကပ်လျက်နေရာတွင်
တည်ရှိသည်။ “ သရက်ရွက်ပွ ရောဂါ” ဖြစ်သူများသည် အစဉ်အမြဲ မောပန်းခြင်း၊ အသားဝါ ၊ မျက်လုံးဝါ
၊ ခန္ဓာကိုယ်ပိန်လွယ်ပြီး သွေးဖြူဥကို ဖော်ထုတ်နိုင်အားနည်းသူ ဖြစ်သည်။
သရက်ရွက်စိုစွတ်လျှင် စားထားသော အစားအစာနှင့်
ရေသည် အဆီအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ခန္ဓာကိုယ် “၀” လွယ်စေပါသည်။
နံနက် ၉း၀၀ - ၁၁း၀၀ အချိန်ထိ အိပ်ရာမထနိုင်သူများသည်
“သရက်၇ွက်” ချို့ယွင်းမှုဖြစ်ပေါ်စေသည်။ “သရက်ရွက်” သည် အသံလှိုင်းနှင့်လည်း ပတ်သက်နေသည်။
အမြဲတမ်း စကားအပြောများသူနှင့် အသံကို ပိုမိုသုံးသူသည် “သရက်ရွက်” စိုစွတ်မှု ဖြစ်စေသည်။
ဖြစ်နိုင်လျှင် ၉း၀၀ - ၁၁း၀၀ အချိန်တွင် စကားအပြောနည်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။
နံနက် ၁၁း၀၀ - ၁၃း၀၀
( နှလုံး အလုပ်လုပ်သည့်အချိန်)
နှလုံးသည် သည်အချိန်တွင် ပိုမိုအလုပ် လုပ်ရသည့်အတွက်ကြောင့်
စိတ်အနှောင့်အယှက် ဖြစ်စေသည့် ကိစ္စများကို ရှောင်ကြဉ်သင့်သည့် အချိန်ဖြစ်သည်။ ဦးနှောက်နှင့်
စဉ်းစားတွေတောခြင်း၊ ထိတ်လန့်ခြင်းများ ဖြစ်စေသော ကိစ္စများကို ရှောင်ကြဉ်သင့်သည်။ ၀မ်းနည်း
ဝမ်းသာသော အာရုံများကို တတ်နိုင်သလောက် ထိန်းနိုင်လျှင် အကောင့်ဆုံးအချိန်ဖြစ်သည်။
နေ့လည် ၁၃း၀၀ - ၁၅း၀၀
(အူမသေး အလုပ်လုပ်သည့်အချိန်)
အစားအစာများကို မစားသင့်သည့်အချိန်ဖြစ်သည်။
အူမသေး၏ တာဝန်သည် အာဟာရဓါတ်အဖြစ် ပြောင်းလဲသွားသော အရည်အားလုံးကို စုတ်ယူသောတာဝန်ဖြစ်သည်။
ဗီတာမင်ဓါတ် B,C စုပ်ယူခြင်းနှင့် ပရိုတင်းဓါတ် အေမီနို အက်စစ် ( Amino Acid) ထုတ်လုပ်နိုင်ရန်
ဖြစ်သည်။ အေမီနို အက်စစ်သည် ဦးနှောက် အလုပ်လုပ်နိုင်ရန် အထောက်အကူပြုသည့် အရေးကြီးသော
အရာဖြစ်သည်။ ခန္ဓာကိုယ်အပူချိန် စွမ်းအား လည်ပတ်နိုင်ရန်နှင့် ချို့ယွင်းသွားသော အစိတ်အပိုင်းများကို
ပြုပြင်ပေးသည်။ အမျိုးသမီးများ၏ သားအိမ်မျိုးဥ ကိုလည်း သန်မာအောင် ကူညီပေးသည်။ အေမီနို
အက်စစ် အားနည်းသူသည် ရာသီမမှန်ခြင်း၊ အမျိုးအမီးများသည် အမျိုးသားများထက် အူလမ်းကြောင်း
၁၁ ပေ ပိုမိုရှည်လျားသည်။ ထို့ကြောင့် အေမီနို အက်ဆစ်ပိုမို ထုတ်လုပ်နိုင်ရန် လိုလားသည်။
အမျိုးသမီးများသည် အမျိုးသားများထက် နံရိုးတစ်ချောင်း ပိုရှိသည်။
နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအချိန်ထိ “ အူမသေး”
အပြည့်အ၀ အလုပ်လုပ်သည်။ ယခုခေတ်ကာလတွင် ဒီအချက်သည်
အရမ်းအရေးကြီးဆုံး ဂရုစိုက်ရမည့် အရာတစ်ခုဖြစ်သည်။ “အူမသေး” မကောင်းလျှင် ၀က်တုပ်ကွေး၊
ငှက်တုပ်ကွေး စတင်ဖြစ်ပေါ်သော အကြောင်းရင်းဖြစ်သည်။ အူမသေး သည် ခန္ဓာကိုယ်ထဲတွင် ပေ
30 ရှည်လျား၍ အမျိုးသမီးများက ၁၀ ပို၍ှရှည်လျားသည်။ အူသည် ကွေးကောက်နေသည့် အတွက်ကြောင့်
စားထားသော အစားအစာသည် အားလုံးမခြေနိုင်လျှင် ကွေးကောက်နေသော နေရာတွင် အညစ်အကြေးများသည်
ပုပ်သိုး၍ ကျန်ရှိသည်။ အသီးအရွက်ဆို ပြသနာမရှိပါ။ အသားနှင့် အစားအုန်းဆီကြောင့် ရောဂါ
ပိုများလာသည်။ ယခုခေတ်သည်။ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်လျှင် ဓာတုပစ္စည်း ဆေးရည်နှင့်
ဖော်စပ်ထားသော ဆေးရည်နှင့် သန့်ရှင်းပေးမှ ပြောင်သည်။ အူမသေး သည် အဆီထူလာလျှင် အစာအာဟာရ
ဓါတ်ဆားအရည်ကို အူမသေးမှတဆင့် မစုပ်ယူနိုင်ပါ။ နောက်ပိုင်းတွင် အရည်များကို အူမသေးက
မစုတ်ယူနိုင်သည့် အတွက်ကြောင့် မကြာခဏဆီးသွားခြင်း၊ အသည်း နှင့် ကျောက်ကပ်များချွတ်ယွင်းလာခြင်းတို့
ဖြစ်ကြသည်။
ညနေ ၃း၀၀ - ၅း၀၀ (ဆီးအိမ်
အလုပ်လုပ်သည့်အချိန်)
ဆီးအိမ်လမ်းကြောင်းသည် အောက်ပါ ဖော်ပြသော
အရာနှင့် ပတ်သက်နေသည်။ မျက်လုံး -နဖူး- ဦးခေါင်း - နောက်လည်ရိုး - နောက်ကျော - တင်ပါး
- နောက်ပေါင်တံ - ဒူးခေါင်း - ခြေသလုံး - ခြေထောက် - ခြေချောင်းများနှင့် ပတ်သက်သည်။
ဆီးအိမ်သည် မှတ်ဥာဏ်တိုင်းလွိုင်း နှင့် လိင်ပိုင်းဆိုင်ရာ နှင့် ပတ်သက်သည်။
ညနေ ၃း၀၀ နာရီမှ ၅း၀၀ နာရီအချိန်သည် ချွေးထုတ်သင့်သည်။
ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ခန္ဓာကိုယ်တွင် ချွေးပုပ်ထွက်အောင် ပေါင်းတင်ပေးခြင်း
ပြုလုပ်၍ ဆီးအိမ်ကျန်းမာ သန်စွမ်းလာသည်။
ညနေ ၅း၀၀ - ၇း၀၀ (ကျောက်ကပ်
အလုပ်လုပ်သည့်အချိန်)
စိတ်ကို ကြည်လင်အောင် ထားပါ။ သည်အချိန်တွင်
အိပ်ငိုက်ခြင်း နှင့် အိပ်ပျော်ခြင်းကို ရှောင်ကြဉ်သင့်သည်။ “ ကျောက်ကပ် ” ချို့ယွင်းလျှင်
ထိုအချိန်တွင် အိပ်ငိုက်၊ အိပ်ပျော်ချင်စိတ် ရှိသည်။
ကျောက်ကပ်၏ ဘယ်ဘက်ခြမ်းသည် ဦးနှောက်၏ ညာဘက်ခြမ်းကို
ထိန်းသိမ်းသည့်တာဝန်ဖြစ်သည်။ ဆန်းသစ် တီထွင်တတ်သော အတွေးအခေါ် ရှိခြင်း၊ ဂီတအနုပညာ နှစ်သက်ခြင်း၊
အလှအပ နှစ်သက်ခြင်းကို ဖြစ်ပေါ်စေသည်။ “ကျောက်ကပ်” ၏ ဘယ်ဘက်ခြမ်း ချို့ယွင်းလျှင် အလှအပကို
မနှစ်သက်ဘဲ ဖြစ်သလိုနေသော အကျင့်ရှိခြင်း နှင့် အစဉ်အမြဲအိုက်ခြင်း (အပူဒဏ် မခံနိုင်ခြင်း)
ဖြစ်ပေါ်စေသည်။ ကျောက်ကပ် ကျန်းမာသန်စွမ်းသူသည် အသက်ရှည် ကျန်းမာပြီး အရာရာတိုင်းတွင်
ဦးဆောင်နိုင်သူဖြစ်သည်။ အူမသေးတွင် အဆီထူလျှင် “ အူမသေး” သည် အာဟာရဓါတ်ကို ကောင်းစွာ
စုပ်မယူနိုင်သည့်အတွက်ကြောင့် “ကျောက်ကပ်” သည် ပိုမိုအလုပ်လုပ်ရသည်။ “ကျောက်ကပ်” ချို့ယွင်းလျှင်
မှတ်ဥာဏ်နည်း၍ ခါးနာရောဂါ၊ သလိပ်၊ ချောင်းဆိုးရောဂါ၊ နှာစေးရောဂါများ ဖြစ်ပေါ်စေသည်။
ည ၇း၀၀ - ၉း၀၀ (နှလုံးအမြှေးပါး
အလုပ်လုပ်သည့်အချိန်)
ထိုအချိန်တွင် ၀ိပဿနာ သမာဓိ တရားအားထုတ်ခြင်း၊
ဘုရားရှိခိုးခြင်း ပြုလုပ်သင့်သည်။ “နှလုံးအမြှေးပါး” ချို့ယွင်းလျှင် နှလုံးပွခြင်း၊
နှလုံး ယိုခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်းရောဂါများ ဖြစ်ပွားစေသည်။ ရှောင်ကြဉ်ကျင့်သုံးရမည့်
အရာမှာ စိတ်လှုပ်ရှားစေသော ၀မ်းနည်း၊ ၀မ်းသာခြင်းကို ရှောင်ကြဉ်ရမည်။
ည ၉း၀၀ - ၁၁း၀၀ (ခန္ဓာကိုယ်အပူချိန်
စွမ်းအား အလုပ်လုပ်သည့်အချိန်)
ခန္ဓာကိုယ်ကို နွေးထွေးအောင် ထားသင့်သည့်အချိန်ဖြစ်သည်။
ရေ မချိုးသင့်ပါ။ လေမခံသင့်ပါ။ ဒီအချိန်တွင် လေသည် အဆိပ်ဖြစ်သည့် အချိန်ဖြစ်သည်။
ည ၁၁း၀၀ - ၁း၀၀ နံနက်
(သည်းခြေအိတ် အလုပ်လုပ်သည့်အချိန်)
ညအိပ်ရာဝင်ခါနီးတွင် ရေတခွက်သောက်ပေးသင့်သည်။
(ည 11 နာရီ) ထက် မကျော်ပါစေနှင့် ။
နန်းဆုကေဆွမ် ရေးသားသည့် “ စိတ်ရော ကိုယ်ပါ ကျန်းမာစေမည့် ယောဂကျင့်စဉ်များ” စာအုပ်မှ ကူးယူ ဖော်ပြထားပါသည်။
နန်းဆုကေဆွမ် ရေးသားသည့် “ စိတ်ရော ကိုယ်ပါ ကျန်းမာစေမည့် ယောဂကျင့်စဉ်များ” စာအုပ်မှ ကူးယူ ဖော်ပြထားပါသည်။
No comments:
Post a Comment