အကောင်းဆုံးသောအရာ
အကောင်းဆုံးသော အခြေအနေတွေနဲ့
ကြုံကြိုက်လာတဲ့အခါ
ငါနင့်ကို လွမ်းမိတယ်
ဒီလိုအချိန်တွေကို
နင်နဲ့အတူ ကျော်ဖြတ်ချင်တာပါ....
ဝမ်းနည်းဆုံးအချိန်တွေ
အခက်ခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ
ငါနင့်ကို တမ်းတလွမ်းမိတယ်
ဒီလိုအချိန်တွေမှာ
ငါ့ကို နားလည်နှစ်သိမ့်ပေးနိုင်ဆုံးက နင်ပဲလေ....
ပျော်ရွှင်ရတဲ့အခါဖြစ်ဖြစ်
ငိုကြွေးရတဲ့အခါဖြစ်ဖြစ်
ငါနင့်ကို သတိတရလွမ်းဆွတ်မိတယ်
ဝမ်းသာမှုတွေနဲ့ကြုံကြိုက်တဲ့အခါမှာ
နင်ရှိရင် ပိုပျော်ရမှာဖြစ်သလို
ဝမ်းနည်းလို့ငိုရတဲ့ အခါမှာ
နင်ကသာ ငါ့မျက်ရည်တွေကို တိတ်စေမှာပါ....
နင့်အကြောင်းတွေတွေးလို့
အိပ်မပျော်တဲ့ညတွေမှာ
ငါ နင့်ကိုအရမ်းလွမ်းမိပါတယ်
နင်နဲ့အတူရှိခဲ့တဲ့အချိန်တွေဟာ
ငါ့ဘ၀မှာ အပျော်ရွှင်ရဆုံး
အကျေနပ်ရဆုံးအချိန်တွေ ဖြစ်စေခဲ့ပါတယ်...
ငါ့ဘ၀ရဲ့ ကြည်နူးစရာအကောင်းဆုံးအချိန်တွေကို
ဖန်တီးပေးနိုင်စွမ်းတာလဲ နင်ပဲဖြစ်နေခဲ့ပါတယ်....
ငါ နင့်ကို အချိန်တိုင်း အရမ်းလွမ်းတယ်....
Copy From Facebook ..
No comments:
Post a Comment