ငါ့ဘေးနားမှာ ငါတယောက်တည်း။
ငါ့အရိပ်တောင် ငါ့နားမှာ မရှိဘူး။
ပြတင်းပေါက်ကနေ ကောင်းကင်ကိုကြည့်တော့
ကြယ်တွေတောင် အိပ်တန်းဝင်ကုန်ပြီ။
ဆုတောင်းပြည့်မယ်ဆိုရင်
မတော်တဆ ငါနိုးထလာတိုင်း
နင်...ငါ့ဘေးမှာရှိရင် တော်ပါပြီ။
ငါ..ကျေနပ်ပါပြီ။
တခါတခါ
အရူးထပြီး သေလောက်အောင်လွမ်းတဲ့
ငါ့ရင်ဘတ်ကို အိပ်ဆေးတိုက်ပြီး
ပြန်အိပ်ခိုင်းဖို့ကောင်းတယ
လွမ်းတယ်ဆိုတာ
နူးညံသလိုလို ခံစားရပေမယ့်
ငါ့နှလုံးသား တခုလုံးကို တဆစ်ဆစ်ကိုက်စားပစ်တဲ့
အက်စစ်တမျိုးပဲ။
သိုးငယ်။
(တရေးနိုး...မင်းကို လွမ်းဆွတ်မှု)
No comments:
Post a Comment