အချစ်ဆိုတဲ့
နေရာမှာ သစ္စာတရားက သိပ်အရေးကြီးပါတယ်။ တစ်ဦးနဲ့ တစ်ဦး ရာဂ၊ ကာမ နဲ့ ဆက်ဆံရေးထက် မေတ္တာနဲ့
ယှဉ်တဲ့ ဆက်ဆံရေးမျိုးကသာ ပိုခိုင်မြဲတာပါ။ ပါဠိအဘိဓမ္မာမှာ မေတ္တာကို အဒေါသလို့ ပြဆိုဆိုပါတယ်။
ဒေါသ မဖြစ်တာ မေတ္တာပါ။
တကယ်တော့
အလိုလောဘ နည်းနိုင်သမျှ နည်းလာလေ၊ သူများအကျိုး ပိုပိုပြီး သယ်ပိုးဆောင်ရွက် နိုင်လာပါတယ်။
လောဘ လိုချင်တပ်မက်မှု ပြင်းထန်သမျှ ပရထက် အတ္တကို ပိုဦးစားပေးတာပါပဲ။ ဒါကြောင့် အချစ်ဟာ
ပြင်းထန်လွန်းရင် အတ္တဆန်သွားပါတယ်။
ပတ်ဝန်းကျင်တွေ့သမျှတော့
သိပ်ချစ်ပါတယ် ဆိုတဲ့ သူဟာ အလွန်ကို သ၀န်တိုတာ တွေ့ရပါတယ်။ သ၀န်တိုတယ် ဆိုတာကလည်း ကို့ချစ်သူကို
ချစ်လွန်းလို့ဆိုပြီး ဟိုလူနဲ့စကားပြောလဲ မကြိုက်၊ ဒီလူနဲ့ ရင်းနှီးလဲ လက်မခံ၊ အမျိုးအဆွေတောင်
ဆက်ဆံမှာကို မနှစ်သက်တာ လွန်ကဲနေတဲ့ အချစ်မျိုးပါ။ ဒါကိုပဲ သိပ်ချစ်လွန်းလို့ပါလိုက
အယူခံဝင်ကြသေးတယ်။ တကယ်တော့ သူပြောတဲ့ သိပ်ချစ်လွန်းလို့ဆိုတာက
အချစ်ခံရသူရဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုကို ချုပ်ခြယ်ပြီး သူ့လိုဘ၊ သူ့လောဘ၊ သူ့အတ္တ
ရှေ့တန်းတင်ပြီး ထားတာပဲ မဟုတ်လား။
မေတ္တာဆိုတာကတော့
အေးမြပါတယ်။
အချစ်ဟာ
ပူလောင်သလောက် မေတ္တာက အလွန်အေးမြပါတယ်။ အချစ်ကြောင့် ပူလောင်နေတာကို မေတ္တာရေသောက်သုံးခြင်းနဲ့
သက်သာခွင်ရတာ အမှန်ပါ။ အချစ်ကြောင့်လို့သာ သုံးတာပါ။ တကယ်တော့ ရှေ့မှာ ပြောခဲ့သားပဲ
အချစ်၊ ရာဂ၊ လောဘ၊ လိုချင်တာ၊ တွယ်တာတာ၊ မက်မောတာ စတဲ့ သမုဒယကြိုးမှန်သမျှ တဏှာ ကိုပဲ
ခေါ်တာပါ။
တဏှာကြောင့်
ပူလောင်သောက ပရိဒေ၀မီးကို မေတ္တာရေကသာ ငြိမ်းအေးစေတာပဲလေ။ တစ်ခုတော့ ရှိတယ် မေတ္တာပို့တဲ့နေရာ မေတ္တာထားတဲ့နေရာမှ အဓိက, က စိတ်ထားဖြောင့်မတ်ဖို့
လိုပါတယ်။
အေး
ငါ စိတ်ဆင်းရဲသလို သူ စိတ်မဆင်းရဲရပါစေနဲ့ စိတ်ချမ်းသာပါစေ ဆိုတဲ့နေရာမှာ စိတ်က ညစ်ထေးနေရင်
-
ရွဲ့ပြောတာမျိုး
(ရင်ထဲမှာက ငါ့လို စိတ်ဆင်းရဲတော့မှ သိမယ်) ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်လည်း ရှေးပညာရှိများက
သိပ်ချစ်တဲ့သူ၊ သိပ်မုန်းတဲ့သူ ကို စပြီး မေတ္တာမပို့ဖို့ အလယ်အလတ် အကြုံးဝင်သူကိုသာ
ပထမဆုံး မေတ္တာပို့ဖို့ လမ်းညွှန်တာပါ။
တကယ်တော့
မြတ်စွာဘုရားဟောကြားတဲ့ မေတ္တာသုတ်မှာ မေတ္တာပို့သူ ရှိရမယ့် ၀တ္တရား ၅ ပါးကို ပြထားပါတယ်။
အကျိုးစီးပွား၌ လိမ္မာသော သူသည် -
- ငြိမ်သက်စွာ နိဗ္ဗာန် သို့ ဥာဏ်ဖြင့် သက်ဝင်ခြင်း
ပြုရာ၏၊ ပြုနိုင်စွမ်းသူလည်း ဖြစ်ရာ၏
- ဖြောင့်မတ်ရာ၏၊ ကောင်းစွာ ဖြောင့်မတ်ရာ၏၊
- ပညာရှိတို့ ဆိုဆုံးမ လွယ်သူလည်း ဖြစ်ရာ၏၊
- နူးညံ့သိမ်မွေ့ရာ၏၊
- မာန် မာန မထားရာ၊
- ရောင့်ရဲလွယ်ရာ၏၊
- သူတစ်ပါးတို့က ပြုစုလွယ် မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏၊
- ကိစ္စနည်းစေရာ၏၊
- အသက်မွေးမှု ပေါ့ပါးခြင်းရှိရာ၏၊
- မျက်စေ့ စသောဣနြေ္ဒတည်ငြိမ်မှု ရှိရာ၏၊
- ရင့်ကျက်ပြော ပညာရှိရာ၏၊
- အမူအရာ မကြမ်းတမ်းစေရာ၊
- ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ငြိတွယ်လွန်းခြင်း
မဖြစ်စေရာ၊
- ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစုံတရာကို
အနည်းငယ်မျှပင် မပြုမကျင့်ရာ။
ဒီလို အချက်တွေနဲ့ ပြည့်စုံပြီးမှ မေတ္တာပို့ရင်
မေတ္တာရဲ့ အကျိုါ်အာနိသင်က အစွမ်းထက်မြတ်လှပါတယ်။
မေတ္တာ ပို့သူထံ ရောက်မရောက် မသေချာပေမယ့် သေချာတာက
မိမိရင်ထဲက မီးတွေ တဖြည်းဖြည်း ငြိမ်းအေးလာတာပါပဲ။
No comments:
Post a Comment