Thursday, May 17, 2012

ချစ်သူ သိစေ........


ညရဲ့တိတ်ဆိတ်ခြင်းက ငါ့အလွမ်းကို အသက်ဝင်စေတယ်
တမ်းတမ်းတတလွမ်းရခြင်းရဲ့ နာကျင်မှုကို
အရမ်းချစ်ဖူးတဲ့သူမှ သိလိမ့်မယ်...... 
    
ချစ်သူ......
မင်းကြောင့် ငါ ချစ်တတ်ခဲ့တယ်
မင်းကြောင့် ငါ လွမ်းတတ်ခဲ့တယ်
မင်းကြောင့် ငါ နာကျဉ်တတ်ခဲ့တယ်
မင်းကြောင့် ငါ မျက်ရည်ကျတတ်ခဲ့တယ်
မင်းကြောင့် ငါ ပေးဆပ်ခြင်းကို နားလည်ခဲ့တယ်
မင်းကြောင့် ငါ စွန့်လွှတ်ဖို့ နားလည်တတ်ခဲ့တယ်
ဒါပေမယ့် ချစ်သူရယ်....
မင်းကြောင့် ငါ လမ်းခွဲခြင်းရဲ့ရလဒ်ကို
နာကျည်းစွာ ကျိန်ဆဲခဲ့မိတယ်...
မင်းဘေးက တစ်နေရာအတွက် အသေအချာပဲလို့တော့
မမျှော်လင့်တော့ပါဘူး
မင်းဘယ်လောက်ပဲ ငါနဲ့ ဝေးရာကို ထွက်သွားပါစေ
တမိုးအောက်ထဲမှာ ရှိနေတယ်ဆိုတဲ့ စိတ်နဲ့
ငါ မင်းကို ချစ်နေမယ်................

1 comment:

  1. AnonymousMay 29, 2012

    အားမငယ်နဲံညီမ သိလား ဆရာလေးဝတ်လို.ရတယ် သံသရာအတွက်ကောင်းတယ် မိဘတွေလည်းဝမ်းသာတယ် ကြည်ညိုဖို.လည်းကောင်းမယ် taungdwinmg

    ReplyDelete