Wednesday, May 16, 2012

ဟာသ


အံ့သြတယ်

                 မြို့ပေါ်မှလူတစ်ဦးတောသူတစ်ဦးနှင့် အိမ်ထောင်ကျသည်။ မင်္ဂလာဦးအမှတ်တရလက်ဆောင်အဖြစ်
၎င်းကဇနီးသည်အား နောက်ဆုံးပေါ် မိုဘိုင်းလ်ဖုန်းတစ်လုံးဝယ်ပေးသည်။ ဖုန်း၏အမျိုးမျိုးသော function များအကြောင်း စိတ်ရှည်လက်ရှည်သင်ပေးသည်။ တောသူဖြစ်သောဇနီးမှာအလွန်သဘောကျကာ အံ့သြမဆုံးနိုင်ဖြစ်နေသည်။
                  နောက်တစ်နေ့တွင် ဇနီးဖြစ်သူဈေးသွားသည်။ ဖုန်းကိုလည်းယူသွားသည်။ ထိုစဉ်ခင်ပွန်းဖြစ်သူက သူမထံ ဖုန်းလှမ်းဆက်သည်။
                  “ဘယ့်နှယ်လဲ၊ဖုန်းကိုသဘောကျရဲ့လား” "ဟုတ်ကဲ့ ကိုကို” ဖုန်းလေးကသေးသေးလေးနဲ့ ချစ်စရာလေး။ ဖုန်းသံကလည်းကြည်နေတာပဲ ဂိမ်းလည်းဆော့လို့ရတယ်။အရမ်းကြိုက်တယ်။ ဒါပေမယ့်လေ ကျွန်မစဉ်းစားလို့မရတာ တစ်ခုရှိတယ်။ ခင်ပွန်း ဖြစ်သူကစိတ်ဝင်တစားမေးသည်။
                   “ဘာများလဲကွ”
                    “ခုကျွန်မဈေးထဲရောက်နေမှန်းကိုကိုဘယ်လိုသိလဲဟင်”



ယောက္ခမ
                        မွေးမြူရေးခြံတစ်ခုတွင်ချာတိတ်လေးတစ်ယောက် နွားမတစ်ကောင်ကိုနို့ညှစ်နေစဉ် အလွန်ခက်ထန် ကြမ်းတမ်းသောနွားသိုးကြီးတစ်ကောင် ၄င်းကိုဝှေ့ ရန်ဒုန်းစိုင်းပြေးလာသည်။ ထိတ်လန့် ဖွယ်မြင်ကွင်းကြောင့် နွားခြံပိုင်ရှင်က ချာတိတ်လေးကိုအော်ဟစ်သတိပေးသည်။ချာတိတ်ကနွားသိုးကြီးပြေးလာသည်ကိုတစ်ချက်လှည့်ကြည့်ပြီး
ကျောပြန်ခိုင်းကာ ခပ်အေးအေးပင်နွားနို့ဆက်ညှစ်နေသည်။
                         ခြံပိုင်ရှင်မှာသွေးသံရဲရဲမြင်ကွင်းကို တွေ့ရတော့မည်ဟုမျှော်လင့်ကာဘုရား စာရွတ်နေသည်။ နွားသိုးကြီးသည် လူငယ်နှင့်အလွန်နီးကပ်သောနေရာနားရောက်မှ ရုတ်တရက် ရပ်တန့် သွားသည်။ ထို့နောက်ဦးချိုကိုအောက်စိုက်ကာ ခပ်ကုပ်ကုပ်ပြန်လှည့်သွားလေသည်။ ထိုအခါမှခြံပိုင်ရှင်လည်း အလုပ်သမားချာတိတ်လေးထံသွားပြီး အံ့သြတကြီးမေးသည်။


                           “မင်းဒီကောင်ကြီးပြေးလာတာမြင်သားနဲ့မကြောက်ဘူးလား။ဘာလို့ထွက်မပြေးတာလဲ”
                            “ချာတိတ်ကရယ်ရင်းပြန်ဖြေသည်”




                       မကြောက်ရပေါင်အာစရိရယ်။ဒီကောင်ဒီနားထိမလာရဲမှန်းကျွန်တော်သိသားပဲ။ကျွန်တော်နို့ ညှစ်
နေတဲ့နွားမကသူ့ ယောက္ခမလေ။

No comments:

Post a Comment