Tuesday, January 10, 2012

အနေရိုးလှသူကြီး..ဗိုလိချုပ်အောင်ဆန်း


(ဇူလိုင်လ(၁၉)ရက်နေ့သည်..မြန်မာ့လွတ်လပ်ရေးအတွက် လုံးပန်းဆောင်ရွက်နေကြသော
ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အာဇာနည်နေ့ဖြစ်ပါသည်။
လုပ်ကြံခဲ့သူများကို ထိုခေတ်က တရားရုံးတွင် စနစ်တကျ ရုံးတင် တရားစွဲဆို စစ်ဆေးခဲ့ပုံမှာ
အထူး လေ့လာဖွယ် ကောင်းလှပါသည်။
နိုင်ငံတော် လုပ်ကြံမှု ကြိးပင်ဖြစ်သော်ငြား တရားခံများကို ရရှိထိုက်သော ဥပဒေ အကာကွယ်
အပြည့်အ၀ပေးခဲ့ပါသည်။ တရားလိုတရားခံ တန်းတူ ညီမျှ ဥပဒေ အခွင့်အရေးရ ရှိပုံများကို
ထိုခေတ် သတင်းစာဟောင်းများကိုရှာဖွေ ကိုးကား၍ အခန်းဆက်ရေးသားသွားပါမည်။)

……………………………………………………………………

အခန်းဆက်(၂)

အမှုအမည်..(ဘုရင်ခံနှင့် ဦးစောပါ ၉ ဦး)။

ခုံရုံးစတင်သောနေ့ နံနက် (၁၀) နာရီ။

၁၉၄၇ ခုနှစ် စက်တင်ဘာ (၂၄)ရက်။

ပန်းဆိုးတန်း ဟိုက်ကုတ်တ၇ားရုံး အခန်းအမှတ် (ရ)


ခုံသမာဓိအဖွဲ့ ဥက္ကဌ ……………. တရားဝန်ကြီး ဦးကျော်မြင့်

တွဲဘက်တရားသူကြီးများ………. ဦးစီဘူး နှင့် ဦးအောင်သာကျော်

လုပ်ကြံမှုတွင် ကျဆုံးခဲ့ရသော သူများစာရင်း..


၁။ ၀န်ကြီး ဦးအောင်ဆန်း
၂။ ၀န်ကြီး ဦးဘချို
၃။ ၀န်ကြီး သခင်မြ
၎။ ၀န်ကြီး ဦးဘ၀င်း
၅။ ၀န်ကြီး မန်းဘခိုင်
၆။ ၀န်ကြီး မစ္စတာ ရာဇတ်
၇။ မိုင်းပွန်စော်ဘွား စပ်စံထွန်း
၈။ အတွင်းဝန်ကလေး ဦးအုန်းမောင်
၉။ အပါးတော်မြဲ မောင်ထွေး …… တို့ဖြစ်ကြပါသည်။

အမှုကို ခုံရုံးတင်ပြီးနောက် လုံခြုံရေးအတွက် တရားစစ်ဆေးခြင်းကို အင်းစိန်အကျဉ်းထောင်သို့
ပြောင်းရွေ့ရန်..အမိန့်ချသည်။


အမှု စတင်စစ်ဆေးသည့်နေ့

၁၉၄၇ ခုနှစ် အောက်တိုဘာ (၈)ရက်။

အထူးတရားခုံရုံး- အင်းစိန်အကျဉ်းထောင်၊

မြင်ကွင်း(၁)။။။။။။ တရားရုံးဝန်းကျင် ပုလိပ် အစောင့်အရှောက် အပြည့်ချထားသည်။

မြင်ကွင်း(၂)။။။။။။ တရားရုံးအတွင်း ကုလားထိုင် အလုံးတစ်ရာခန့်ချထားသည်။

တရားခံဦးစော၏ ဇနီးဒေါ်သန်းခင်။ သမီးဖြစ်သူ ဘေဘီစော။ ယောက္ခမဖြစ်သူ ဦးလူကလေး တို့

ရောက်ရှိနေကြသည်။

သတင်းထောက်များ တက်ရောက်သတင်းယူကြသည်။

မြင်ကွင်း(၃)။။။။။။ တရားခံများသွင်းလာပုံမှာ..
တရားခံအားလုံးလက်ထိပ်ခတ်လျက်..

ရန်ကြီးအောင်..ပန်းရောင်ပုဆိုးဝတ်လျက် လက်တိုအင်္ကျီဝတ်လျက်

မောင်စိန်..ပလေကပ်ပုဆိုးနှင့် ရှပ်လက်ရှည် ၀တ်လျက်

မောင်နီ..ဆွယ်တာလက်ပြတ်ဝတ်လျက်

ခင်မောင်ရင်..ရုပ်ရည်သနားကနားရှိ..သေသပ်စွာဝတ်ဆင်လျက်

သုခ..ဂျာကင်ဝတ်လျက်

သက်နှင်း..မောင်စိုး..မှုံကြီး (သုံးယောက်ပူး လကိထိပ်ခတ်လျက်)

ဦးစော..လက်ထိပ်လွတ်၊ ဘန်ကောက်ပုဆိုး၊သက္ကလပ်အင်္ကျီ၊ မျက်မှန်နက်တပ်လျက်။နန်းရင်းဝန်စတိုင်ဖြင့်။

(တရားခံထဲတွင်..ဘညွန့်မပါတော့။ အစိုးရသက်သေ ဖြစ်နေပြီ)..ဖေါ်ကောင် ဘညွန့်။

တရားခွင်တွင်..တရားခံများအတွက် ရှေ့နေများ ရရှိရေး တရားသူကြီးများက ဆောင်ရွက်ပေးသည်။

ဦးစောက..ဘိလပ်မှ..၀တ်လုံ.မစ္စတာဗာတာနစ်..ကြို့ပင်ကောက် ဦးသိန်းကျော်.သာယာဝတီ ဦးစံဝင်း
ငှားလိုကြောင်းတင်ပြသည်ကို..တရားသူကြီးများလက်ခံလိုက်သည်။

အခန်းဆက်(၃) ဆက်လက်တင်ပြပါမည်။
ရိုးသားသော..စိတ်ချမ်းမြေ့ဖွယ် မိသားစု


ဥိးစောနှင့် သူ၏ ရှေ့နေကြီး


(ဇူလိုင်လ(၁၉)ရက်နေ့သည်..မြန်မာ့လွတ်လပ်ရေးအတွက် လုံးပန်းဆောင်ရွက်နေကြသော
ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အာဇာနညိနေ့ဖြစ်ပါသည်။
လုပ်ကြံခဲ့သူများကို ထိုခေတ်က တရားရုံးတွင် စနစ်တကျ ရုံးတင် တရားစွဲဆို စစ်ဆေးခဲ့ပုံမှာ
အထူး လေ့လာဖွယ် ကောင်းလှပါသည်။
နိုင်ငံတော် လုပ်ကြံမှု ကြိးပင်ဖြစ်သော်ငြား တရားခံများကို ရရှိထိုက်သော ဥပဒေ အကာကွယ်
အပြည့်အ၀ပေးခဲ့ပါသည်။ တရားလိုတရားခံ တန်းတူ ညီမျှ ဥပဒေ အခွင့်အရေးရ ရှိပုံများကို
ထိုခေတ် သတင်းစာဟောင်းများကိုရှာဖွေ ကိုးကား၍ အခန်းဆက်ရေးသားသွားပါမည်။)

……………………………………………………………………

အခန်းဆက်(၃)

အမှု စစ်ဆေးသည့်နေ့ ဒုတိယနေ့
၁၉၄၇ ခုနှစ် အောက်တိုဘာ (၁၅)ရက်။
အထူးတရားခုံရုံး- အင်းစိန်အကျဉ်းထောင်၊
တရားခွင်..ဆောင်ရွက်ပုံ အကျဉ်း


အစိုးရဖက်မှ ရှေ့နေများ.. ၀တ်လုံ ဦးမြသိန်း။ ဦးချွန်ဖောင်း။ ဦးထွန်းဖြူ (၀တ်ရုံအနက်ကြီးများဝတ်ဆင်လျက်)

တရားခံရှေ့နေများ.. ဘိလပ်မှဝတ်လုံ.မစ္စတာဗာတာနစ်၊ကြို့ပင်ကောက် ဦးသိန်းကျော်၊သာယာဝတီ ဦးစံဝင်း။

တရားခွင် ဆောင်ရွက်ပုံ အကျဉ်း … တရားမျှတစွာတရားစီရင်နိုင်ရေး..နှစ်ဖက်ရှေ့နေများလျှောက်လဲကြသည်။

တရားခံ ဦးစောဖက်မှ ဘိလပ်မှ.၀တ်လုံ မစ္စတာကာတစ်ဘင်နက် ထပ်မံငှားသည်။

……………………………………………………………………

၁၉၄၇ ခုနှစ် အောက်တိုဘာ (၃၁)ရက်။

အထူးတရားခုံရုံး- အင်းစိန်အကျဉ်းထောင်၊

တရားခွင်..ဆောင်ရွက်ပုံ အကျဉ်း



တရားစစ်ဆေးခြင်းများမှ..အစိုးရသက်သေ..ဒေါက်တာ ဘသန်းထွက်ဆိုချက်များမှ..

ဗိုလ်ချုပ်နှင့်ပတ်သက်၍ ဆေးစစ်ချက်..ရရှိခဲ့သော ဒါဏ်ရာများမှာ

၁။ လက်ယာဖက် နောက်စေ့တွင် သေနတ်ဒါဏ်ရာတစ်ချက်။ လက်ယာဖက်နားနောက်တွင် သေနတ်ဒါဏ်ရာတစ်ချက်။

၂။ လက်ဝဲပါးရိုးမှာ ပြဲနေသောဒါဏ်ရာတစ်ခု။ ပထမဒါဏ်ရာ ကျည်ဝင်..ဒုတိယ ဒါဏ်ရာ ကျည်ထွက်။

၃။ ၀ဲလက်မောင်းအထက် ပြဲနေသောဒါဏ်ရာတစ်ချက်။ မီးလောင်ရာနှင့် ကျိုးနေသည်။

၎။ ၀ဲနံရိုးနှစ်ချောင်းကြား ပေါက်ပြဲ ဒါဏ်ရာ။

၅။ ၄င်းဖက် နောက်ကျကျ နံရိုးနှစ်ချောင်းကြား ပေါက်ပြဲ ဒါဏ်ရာ။

၆။ လက်ယာဖက် လက်မ ကျိုးနေ။

၇။ လက်ဝဲပေါင် ရှပ်ထိ ဒါဏ်ရာတစ်ချက်။

၈။ ယာဖက်ကြောနောက် သေနတ် ဒါဏ်ရာ တစ်ချက်။

၉။ လက်ဝဲ ကြောနောက်.. သေနတ်ဒါဏ်ရာ တစ်ချက်။

၁၀။ ယာဖက် ချိုင်းအောက် သေနတ် ဒါဏ်ရာ တစ်ချက်။

၁၁။ အတွင်းပိုင်းဆေးစစ်ချက်များ..နှလုံးအိမ် ၂လက်မခန့်ပေါက်ပြဲ။ အစာအိမ် နှင့် အသဲ တောက်လျှောက်
ပေါက်ပြဲ။

(အခြား လုပ်ကြံခံရသောသူများ ဆေးစစ်ချက်များကို post ရှည်မည်စိုး၍ မတင်ပြတော့ပါ။)

……………………………………………………………………

၁၉၄၇ ခုနှစ် အောက်တိုဘာ (၃၁)ရက်။

အထူးတရားခုံရုံး- အင်းစိန်အကျဉ်းထောင်၊

တရားခွင်..ဆောင်ရွက်ပုံ အကျဉ်း



ထိုနေ့တွင် အရှေ့ပိုင်းတရားသူကြီး ဦးလှကျော်မှ..

တရားခံ..ရန်ကြီးအောင်ဖြောင့်ချက်
တရားခံ..မောင်စိန်ဖြောင့်ချက်
တရားခံ..မောင်နီ ဖြောင့်ချက်
တရားခံ..ခင်မောင်ရင်ဖြောင့်ချက်..တို့ကိုတင်ပြရာ ရုံးတော်က လက်ခံလိုက်သည်။


တရားခံ..ရန်ကြီးအောင်ဖြောင့်ချက် မှာ…


ဇူလိုင် ၁၉ရက် နံနက်စောစောတွင် ဦးစောက လာနိုးကြောင်း..စစ်ဝတ်စုံဝတ်ရကြောင်း..ခြင်္သေ့တဆိပ်ကို
ကိုစိုးက တပ်ပေးကြောင်း ကိုစိုး။ ကိုသက်နှင်း။ ကိုမှုံ။ ကိုသုခ တို့လဲ စစ်ဝတ်စုံဝတ်ထားကြောင်း….
တော်မီ၈န်းတစ်လက်စီကိုင်ထားကြောင်း..ကိုစိုးက..ငါပစ်ဆိုရင်ပစ်ဟု ပြောကြောင်း..
ဦးစော အိမ်မှ နံနက် ၁၀ နာရီ ဂျစ်ကားနှင့်ထွက်၍ ဦးစောက good luck ဟုနုတ်ဆက်ကြောင်း..
ဗိုလ်ချုပ်တို့ အခန်းထဲသို့ ကိုစိုး။ ကိုစိန် တို့အရင်ဝင်ပစ်ကြောင်း..
ကျနော်က ဒူးထောက် ပစ်ခတ်ကြောင်း..အပြန်တွင် ခြောက်လုံးပြူးကိုင် လူတစ်ယောက်တွေ့၍ ကျနော် စတင်းဂန်းနှင့် ဆွဲကြောင်း …အပြန် ကားပေါ်တွင် ၀တ်စုံများကိုချွတ်ကြောင်း..

တရားခံ..သုခ ဖြောင့်ချက် မှာ…

ဇူလိုင်(၁၈)ရက်နေ့က..ဦးစောက မနက်ဖန် ဒီလူတွေကိုကားမောင်းပို့ပေးရမည် ပြောကြောင်း..
ဇူလိုင် (၁၉)ရက်နေ့ နံနက် စစ်ဝတ်စုံဝတ်ကြရကြောင်း..ကျနော် တံဆိပ်မတပ်ရကြောင်း..
အခြားသူများ ပစ်ခတ်သံကြားပြီးဆင်းလာကြတော့..ကျနော်ကားမောင်း ပြန်ရကြောင်း..
လမ်းတွင်..ကျနော်မောင်းတာနှေးတယ်ဆိုပြီး မောင်စိန်ဝင်မောင်းကြောင်း..
အိမ်ရောက်တော့..အဆင်ပြေတာသိရလို့..ဦးစောက..ဖက်နှမ်းကြောင်း..

တရားခံ..မောင်စိန် ဖြောင့်ချက် မှာ…

ဇူလိုင်လ(၁၉)ရက်နေ့တွင် ဦးစောက ကျနော်။ မောင်စိုး။ မောင်နီ်။ သက်နှင်း။ ရန်ကြီးအောင် တို့ကို
ညွှန်ကြားချက် ပေးကြောင်း..
သက်နှင်းက..ဦးနု ကိုလုပ်ကြံရမှာဖြစ်ကြောင်း..
ဝန်ကြီးများကို..ကျနော်က တော်မီဂန်း နဲ့ပစ်ရကြောင်း ..
အပြန်လမ်းတွင်..ရန်ကြီးအောင် ကခြောက်လုံးပြူးနဲ့ လူတစ်ယောက်ကိုပစ်ကြောင်း..
ဦးစောအိမ်ပြန်ရောက်ပြီး..နာရီဝက်ခန့်ကြာမှ..ထရပ်ကားနဲ့ ခင်မောင်ရင်တို့ပြန်ရောက်ကြောင်း…

တရားခံ..မောင်နီ ဖြောင့်ချက် မှာ…


ဇူလိုင်လ (၁၉)ရက်နေ့တွင်.. စစ်ဝတ်စုံဝတ်ရကြောင်း..
မိုးကာ အင်္ကျီ..မိုးကာ ဦးထုပ်ဆောင်း၍ ခြောက်လုံးပြူးတစ်လက်ပေးကြောင်း..
ခင်မောင်ရင်က..အတွင်းဝန်ရုံးသို့ ထရပ်ကားနှင့် ခေါ်သွားပြီး အပေါက်စောင့်ခိုင်းကြောင်း..
အပြန် အပေါက်ပိတ်သူရှိရင် ပစ်ရမည်ဖြစ်ကြောင်း..
သေနတ်သံများကြားပြီး..ဂျစ်ကားထွက်လာလို့ တက်မယ်လုပ်တော့ မတက်ရကြောင်း..
နောက်မှ..ခင်မောင်ရင် ကားနဲ့ပြန်ရကြောင်း…


တရားခံ..ခင်မောင်ရင် ဖြောင့်ချက် မှာ…


ဦးစောဇနီး ဒေါ်သန်းခင်တူတော်စပ်ကြောင်း..
ဦးစော ကားကိုမောင်းရကြောင်း..သေနတ်ပစ် သင်ပေးကြောင်း..
တစ်ခါက..ဦးစော သေနတ်ပစ်ခံရကြောင်း..
ရင်မောင်။ တင်ထွန်း။ ရင်မေ။ ကြင်ဝင်း တို့နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း
စစ်ဗိုလ်ချုပ်ကြီးအိမ် ဧည့်ခံပွဲမှအပြန် လုပ်ကြံခိုင်းကြောင်း..အထမမြောက်ခဲ့ကြောင်း..
ဇူလိုင်(၁၉) ရက်နေ့က အတွင်းဝန်ရုံးမှာ ၀န်ကြီးအစည်းဝေးရှီမရှိ..သွားကြည့်ခိုင်းကြောင်း..
ရှိလျှင်..ပစ္စတင်ရိန်း..ရပြီလို့.. ဖုန်းနှင့် သတင်းပို့ခိုင်းကြောင်း..


(တရားရုံးက..၄င်းဖြောင့်ချက်များကို..လက်ခံသည်။

သက်နှင်း ၊ မှုံကြီး ဖြောင့်ချက် ကိုသက်သေ အဖြစ်သာ လက်ခံသည်။)
ဦးစော



တရားခံ သက်နှင်း၊ မောင်စိုး၊ မှုံကြီး


ဦးစောနှင့် သူ၏ရှေ့နေများ လွတ်လပ်စွာတိုင်ပင်ခွင့်ရနေပုံ


အထူးတရားရုံး(ဦးကျော်မြင့်၊ဦးအောင်သာကျော်၊ဦးစီဘူး



နိုင်ငံတော်လုပ်ကြံမှု တရားခွင်(နောက်ဆုံးပိုင်း)

နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ကျွန်တော် အခန်းဆက် ဆောင်းပါးအဖြစ်
အပိုင်း(၄) ထိတင်ဆက်ခဲ့ပြီး ဖြစ်ပါသည်။
အင်္ဂလိပ်ခေတ် ပင်ဖြစ်သော်လည်း တရားမျှတသော တရားစီရင်ရေး ဖြင့်စစ်ဆေးကြားနာသည်ကို
တတ်နိုင်သမျှ ပုံပေါ်အောင်ရေးသားခဲ့ပါသည်။

ကျွန်တော် ရည်ရွယ်ချက်မှာ..
(၁) အထူးသဖြင့် တရားခံများ ဥပဒေ အခွင့်အရေး အပြည့်အ၀ ခံစားခဲ့ရသည်ကိုသိရှိစေလိုခြင်း..
(၂) နိုင်ငံရေးတွင် အကြမ်းဖက်မှု သည် ကောင်းသောအရာ မဟုတ်သည်ကို သိစေလို ခြင်းဖြစ်ပါသည်။

ဦးစော၏နိုင်ငံတော်လုပ်ကြံမှုကြီးကို အင်္ဂလိပ်ခေတ် အထူးတရားရုံးက စစ်ဆေးခဲ့ရာတွင်..
တရားခံဦးစောနှင့် အပေါင်းပါများအနေဖြင့် တရားဥပဒေပါ အခွင့်ရေး အပြည့်အ၀ပေး
ထားသည်ကိုတွေ့နိုင်ပါသည်။
အစိုးရသက်သေများ..တ၇ားခံသက်သေများ..ကိုစိတ်ကြိုက်ခေါ်ယူ စစ်ဆေးခွင့်ပေးပါသည်။

အမှုတွင်..ဦးစောနှင့် သူ၏ရှေ့နေကြီးများ အမှုမှ လွတ်မြောက်ရေးအတွက်..အကွက်ဆင်ပုံမှာ
စိတ်ဝင်စားဖွယ်ကောင်းလှပါသည်..

ဦးစော၏..ထွက်ဆိုချက် အချုပ်မှာ..ဖေါ်ကောင် ဘညွန့်အပေါ်ပုံကျအောင်ထွက်ဆိုသွားသည်။
လုပ်ကြံမှုကို သူလုံးဝမကြံစည်ကြောင်း..ယခုဖေါ်ကောင် ဘညွန့်စီစဉ်ခြင်းဖြစ်ကြောင်း..
ဘညွန့်သည် သူ၏ အဖွဲ့တွင် ခေါင်းဆောင် ထိပ်ပိုင်းနေရာကိုလိုခြင်နေကြောင်း ..
ဘညွန့်နှင့် အခြားတစ်ယောက်စိုးရန်နောင်တို့သည် “ ပြည်သိမ်းစီမံချက် ” ဆိုသည့်စာတမ်းတစ်စောင်ရေးပြီး သူကိုပြသဘူးကြောင်း.. (စိုးရန်နောင် ဆိုသူမှာ..နောင်အခါ ရန်ကုန်မြို့ မဟုတ်သောတစ်နေရာတွင် ဖမ်းဆီးရမိပြီးမှ ထွက်ပြေးစဉ် ပစ်ခတ်မှုကြောင့် သေဆုံးသည်။)

ထိုစာတမ်းထဲတွင်..နိုင်ငံခေါင်းဆောင်များကို လုပ်ကြံရန်ပါကြောင်း..
သူက ဘညွန့်အား ထိုသို့ သတ်ဖြတ်ခြင်းသည် အကြမ်းဖက်မှုဖြစ်သဖြင့်မသင့်တော်ဟုဆိုကာ
တားမြစ်ခဲ့ရကြောင်း..ထိုစာတမ်း အိမ်မှာ ရှိနိုင်ကြောင်း..
ဂျူလိုင်..၁၉ ရက်နေ့တစ်နေ့လုံး မိမိ ၀မ်းဗိုက်နာနေ၍ အိပ်ခန်းထဲမှာသာရှိကြောင်း..
မိမိကို အသိမပေးပဲ ဘညွန့်က မိမိ အမည်ကိုအလွဲသုံးစားဖြင့်လည်းလုပ်နိုင်ကြောင်း..
ထွက်ဆိုသွားသည်။

(အမှုအနေထားအရ..သက်သေများခိုင်လုံခြင်းကြောင့်သာ..တရားခံများ အပြစ်ရသွားခြင်းဖြစ်ပါသည်။
တရားခံဖက်မှ လိုက်ပါသော ရှေ့နေကြီးများကလဲ ဦးစောလွတ်မြောက်ရေးတွက် အစွမ်းကုန်
လျှောက်လဲခဲ့သည်။ ပညာလဲပါလှပါသည်။ဦးစောကိုယ်တိုင်မှာလဲ ဥပဒေကိုနားလည်သော
ရှေ့နေတစ်ယောက်ဖြစ်ပါသည်။)

တရားစစ်ဆေးခြင်း ရက်စွဲ အချုပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်..နံနက် ၁၀နာရီ ၃၀မိနစ် လုပ်ကြံခံရသည်။
၂။ ထိုနေ့ ညနေ၃နာရီတွင် ရန်ကုန်မြို့ အေဒီလမ်း ဦးစောအိမ် ကိုဝင်ရောက်ရှာဖွေဖမ်းဆီးသည်။
၃။ တရားခံစာရင်း ..
ဦးစော။ မောင်စိုး။ သက်နှင်း။ မောင်စိန်။ ရန်ကြီးအောင်။ သုခ။ ခင်မောင်ရင်။မောင်နီ။ မှုံကြီး တို့ဖြစ်သည်။
၎။ ၁၉၄၇ ခုနှစ် သြဂုတ်လ(၃၀)ရက်တွင် လုပ်ကြံမှုစစ်ဆေးရန် အထူးခုံရုံးဖွဲ့သည့် ဥပဒေ ထုတ်ပြန်သည်။
၅။ အမှုအမည်..(ဘုရင်ခံနှင့် ဦးစောပါ ၉ ဦး)။
၆။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ(၈)ရက်တွင် စတင်စစ်ဆေးသည်။
၁၉၄၇ ခုနှစ် အောက်တိုဘာလ(၁၅)ရက်တွင် သက်သေများ စတင်စစ်ဆေးသည်။
၁၉၄၇ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်တွင် အမှု အပြီးသတ်သည်။
၁၉၄၇ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်တွင် အမှု စီရင်ချက်ချသည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ(၃)ရက်တွင် အမှုကို ဟိုက်ကုတ် သို့အယူခံဝင်သည်။
၁၉၄၈ ခုနှစ် မတ်လ(၈)ရက်တွင် အယူခံ ပယ်ချခံရသည်။
၇။ ၁၉၄၈ ခုနှစ် မေလ(၈)ရက် နံနက် အာရုဏ်တက်ချိန်တွင်..
( ဦးစော။ သက်နှင်း။ မှုံကြီး။ မောင်စိုး) အင်းစိန်ထောင်တွင် ကြိုးပေးသည်။
( စိန်ကြီး။ ရန်ကြီးအောင် ) ရန်ကုန်ဗဟိုအကျဥင်္းထောင်တွင် ကြိုးပေးသည်။

နိုင်ငံတော် လုပ်ကြံမှု..တရားရေး မြင်ကွင်း နိဂုံးချုပ်ပါသည်။
ခေတ်အဆက်ဆက် တရားရေးချိန်ခွင်လျှာ..ညီမျှပါစေ။
ကျွန်တော်တို့ရဲ့စိတ်စာတ်တွေကိုမြေလှန်ပစ်သင့်ပါပြီ....ဒီပို့လေးက(m51a) ဆိုဒ်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။
၉ နှစ်အရွယ်ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ
ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမား မြို့မှာ ရဲအဖြစ် ဝင်ရောက်လုပ်ကိုနေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုး က ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ….ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤ သည် မရွေး ရေးလိုက်ပါ့မယ် ။
ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်မား ကြံ့ခိုင်မှု့ ပြယုဂ် သာဓဂ တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အားပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ်တစ်ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစားတွင် ဖေါ်ပြခဲ့သည် ။
အစ်ကို -
                 အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ်
ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။ ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်းကြီးရေးနိုင်လောက်ပါတယ် ။ ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူအပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ်ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။
 ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။
 ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ်ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူသင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်းတစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။
 ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့်ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။ ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ  မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး  မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထားတဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း  ညီလေးအလှည့်ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။ သူချက်ချင်း စားလိမ့်မယ်ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်းထိယူသွားပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ် ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့
 ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။
 အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ
ဟာမင်းသန်း ( Ha Minh Thanh )
စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
၁။ တည်ငြိမ်မှု့
 ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။
၂။ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည် အဆောက် အအုံများသည် ယိုင်းရိုင်သွားသော်လည်း ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )
၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။
၆။ အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင်  ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။
၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။
၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။
၉။ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀။ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။

ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁

No comments:

Post a Comment