ကဲ...ကျွန်တော်တို့ ဒီနေ့တော့ Wireless LAN တစ်ခု တည်ဆောက်ကြရအောင်။ ယနေ့ခေတ်မှာ Wireless Technology ဟာ အလျင်အမြန် တိုးတက်လာပြီး နေရာလုပ်ငန်းပေါင်းစုံမှာ ၀င်ရောက် နေရာယူလာတာကို သတိပြုမိကြမယ်လို့လည်း ထင်ပါတယ်။ Wirless Network တွေရဲ့ အဓိက အားသာချက်က ဘာလဲသိလား။ Cable ဖိုး သက်သာတာပဲလေ။ သူ့မှာ Cable ဖိုးလဲ သက်သာတယ်။ Cable Network တွေမှာလို Cable တွေ ထိန်းသိမ်းရတာတို့ နေရာချတာတို့လိုမျိုးလဲ လုပ်စရာ မလိုဘူး။ အလွယ်တကူလည်း Computer တွေကို Access Points (Cabled Network တွေက Switch လို Device မျိုးတွေပေါ့။) တွေကို ရွေ့ပြောင်းသယ်ယူနိုင်လာတယ်။ ဒါကြောင့် Network တစ်ခုလုံးကို ပုံသေနေရာတွေ သတ်မှတ်စရာ မလိုတော့ဘူးပေါ့။
ကဲကဲ...အဲဒီလိုမျိုး ကောင်းကျိုးတွေ ရရှိနိုင်စေဖို့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Network လေးကို Wireless LAN (WLAN) လေးတစ်ခုအဖြစ် တည်ဆောက်ကြရအောင်။ WLAN တည်ဆောက်ပုံတွေထဲမှာမှ ကျွန်တော်တို့က Access Point ကို Centralized Device အဖြစ်ထားပြီး ချိတ်တဲ့နည်းလမ်းကို သုံးပါမယ်။ အဲ့ဒီ နည်းလမ်းက Computer အလုံးရေ ပိုပြီးများများ ချိတ်ဆက်နိုင်လို့ပါ။ ကြိုက်နှစ်သက်ရာ Access Point တံဆိပ်အမျိုးအစားကို ရွေးချယ်အသုံးပြုပါ။ ကျွန်တော်တို့ကတော့ 802.11 z Standard TrendNet အမျိုးအစား Access Point ကို သုံးပါမယ်။ (802.11 x Standard အများကြီး ရှိပါတယ်။ နောက်မှ အသေးစိတ်ရှင်းပြပါမယ်။) ကျွန်တော်တို့ရဲ့ Network က Heavy Network ကြီး မဟုတ်တော့ ဒီ Access Point နဲ့တင် အဆင်ပြေပါတယ်။ ပြီးသွားရင် နောက်ထပ် လိုအပ်တာကတော့ 802.11 z Standard Wireless USB Adapter လေးတွေပါပဲ။ သူတို့ကိုလည်း ကျွန်တော်က TrendNet ပဲ သုံးထားပါတယ်။ ဒီကောင်လေးတွေက Cable Network တွေထဲက Computer တွေမှာ တပ်ဆင်ထားတဲ့ Network Card လေးတွေလိုပါပဲ။ အဲဒီ Wireless Adapter လေးတွေကိုလည်း Computer တစ်လုံးကို တစ်ခုစီ တပ်ဆင်ရပါမယ်။ သြော်...မေ့လို့ Access Point ကို Power ပေးဖို့တော့ လိုပါလိမ့်မယ်နော်။ Access Point Power မရရင် Network ဟာလည်း အသက်ဝင်မှာ မဟုတ်ပါဘူး။ ကဲ... လိုအပ်တာတွေ ပြည့်စုံပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ WLAN လေးကို စတင်ချိတ်ဆက်ကြည့်လိုက်ကြရအောင်။
အရင်ဆုံး USB Wireless Adapter လေးတွေကို ကွန်ပျူတာတွေမှာ တပ်ဆင်လိုက်ပါ။ Wireless Adapterတွေကို Driver တင်ပေးပါ။ ပြီးရင် IP Address တွေကို 192.168.1.XXX ပေးပါ။ (Access Point နဲ့ Network မိအောင်ပါ။ ကျွန်တော်တို့ရဲ့ Access Point ဟာ ၀ယ်ကတည်းက 192.168.1.100 ကို Default IP သတ်မှတ်လာလို့ပါ။ Network မိသွားပြီဆိုမှ ၀င်ပြင်လည်းရပါတယ်။ ကျွန်တော်ကတော့ ပြင်မနေချင်တော့လို့ပါ။)
ကဲ... အဲဒါဆို Access Point နဲ့ Connection မိ၊မမိ သိရအောင် Ping Command နဲ့ စမ်းကြည့်ပါ။ Reply လာတယ်ဆိုရင် Connection တော့ မိနေပါပြီ။ ပြီးရင် Notification Area မှ Wireless Network Icon တွင် Click နှိပ်ပါ။ View Wireless Network တွင် တစ်ခါထပ်နှိပ်ပါ။ ဘာ Network မှ တွေ့ရမှာ မဟုတ်သေးပါဘူး။
အဲဒီ Notification Area မှ Wireless Network Icon တွင် Click နှိပ်ပါဦး။ ပြီးရင် ဒီတစ်ခါတော့ Properties ကို နှိပ်ပါ။ Wireless Network Tab အောက်ကို သွားပါ။ ရောက်ပြီဆိုရင်တော့ Use windows to configure my wireless network settings ဘေးက check box ကို on ပေးပါ။ OK လို့ ပြောပြီး ထွက်လိုက်ပါ။ ထပ်ပြီးတော့ Notification Area မှ Wireless Network Icon တွင် ဒီတစ်ခါလည်း Click နှိပ်ပါဦး။ View Wireless Network ကို ထပ်နှိပ်ပါ။ အဲဒီမှာ Access Point ကို တွေ့ရပါလိမ့်မယ်။ Access Point ကို Select မှတ်ပြီး Connect မှာ နှိပ်လိုက်ပါ။ Access Point ဘေးမှာ Connected လို့ ပေါ်လာပြီဆိုရင်တော့ ချိတ်ဆက်မှု အောင်မြင်သွားပါပြီ။
Access Point ကို Internet Explorer မှ ၀င်ပြီး Logon လုပ်ကာ Settings များကို ၀င်လေ့လာနိုင်ပါသေးတယ်။ အဲဒီမှာ Logon လုပ်ရမယ့် username နဲ့ password ကတော့ Access Point ၀ယ်လာစဉ်ကတည်းက မေးမြန်းသတ်မှတ်လာရမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်စိတ်တိုင်းကျ ပြင်ထားလိုက်ပေါ့။ အဲဒီမှာ Access Point ရဲ့ Default IP Address နဲ့ Network IP Address Range တွေကိုလည်း ပြင်နိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ WLAN တစ်ခုကို အခက်အခဲမရှိ ချိတ်ဆက်နိုင်ပြီလို့ ထင်ပါတယ်။
No comments:
Post a Comment