Friday, December 23, 2011

Volume များအကြောင်း


ဒီလိုဗျ Volume မှာ Logical Volumes ရယ်၊ Mounted Volume ရယ်ဆိုပြီး ရှိပါတယ်။
Logical Volumes ဆိုတာကျတော့ အဲ့ဒီလိုဗျ။ Physical Disk ရဲ့ ပိုနေတဲ့ Space အလွတ်တွေကို စုပေါင်းပြီးတော့ဖြစ်စေ၊ ဒါမှမဟုတ် Physical Disk အလွတ်တွေချည်း ဖြစ်စေ ၊ အဲ့သလို ပေါင်းပြီးရလာတဲ့ Space တစ်ခုကို Drive Letter တစ်ခု ပေးလိုက်မယ်။ ဥပမာ F ပေါ့။ Drive F: ပေါ့။ Drive ကတော့ F ဒါပေမယ့် ဒီ F: ဆိုတာကြီးက Physically မရှိဘူး။ ကွန်ပျူတာထဲမှာ Physically ရှိတာက Drive C: ရှိမယ်။ နောက်ပြီး Drive D: ရှိမယ်ဆိုပါစို့။ Drive C: ထဲကပို့တဲ့ Space ရယ်၊ Drive D: ထဲကပို့တဲ့ Space ရယ်  ပေါင်းပြီးတော့ Drive F: ဆိုပြီးနာမည်ပေးလိုက်တာ။ Drive F: က တကယ် Physically မရှိဘူး။
ကွန်ပျူတာမှာ ( Windows Server 2003 မှာ ) Drive C: ရယ် D: ရယ် F:ရယ် ဆိုပြီးတော့ ပြတော့ပြနေတယ်။ ဒီနေရာမှာ Drive F: ကို Logical Volumes လို့ ခေါ်တယ်။ ဒီတော့ Logical Volumes တွေရဲ့ Space ဟာ Physically Disk တစ်ခုရဲ့ Space ထက် ပိုကောင်းပိုနေပါလိမ့်မယ်။
ဒီလို Hard Disk တွေရဲ့ Free Space တွေကို ပေါင်းလိုက်တော့ Logical Volumes တွေ ဖြစ်လာတယ်။ ဒီ Logical Volumes တွေ ဖြစ်လာတော့ ဘာလုပ်ဖို့လဲ။ Drive Letter တစ်ခုတည်းနဲ့ Free Space အများကြီးရတာပေါ့။ ကွန်ပျူတာထဲမှာ Hard Disk က လေးလုံးရှိမယ်။ တစ်လုံးချင်းစီက 200 GB စီရှိတယ်။ ပထမတစ်လုံးကို ဖယ်လိုက် နောက်သုံးလုံးကို ပေါင်းပြီး Drive Letter K: လို့ ထားလိုက် ဒီ Drive K: ဆိုတဲ့ Logic Volumes ဟာ Toal Space 600 GB ဖြစ်နေလိမ့်မယ်။ ခုနက သုံးလုံးချင်းစီ သီးခြားစီ ရှိတာလေ။ ခု Drive တစ်ခုထဲ ဖြစ်သွားပြီ ဒီတော့ ဒီ Drive/Volumes ထဲမှာ File တွေ အကြီးကြီးတွေ File တွေ အများကြီး သိမ်းလို့ရတာပေါ့။ ဒီ Logical Volumes ရဲ့ အဓိကရည်ရွယ်ချက်က Drive Letter တစ်ခုတည်းနဲ့ Free Space အကြီးကြီးရဖို့ပဲ ဖြစ်တယ်။ Drive သုံးလုံးကို မပေါင်းဘဲထားလည်း 600 GB ပဲ။ ပေါင်းလိုက်လည်း 600 GB ပဲ ဒီတော့ ထူးခြားသွားတာ တစ်ခုတည်းပဲ Drive Letter တွေကွဲပြီး 600 GB မဟုတ်ဘူး 600 GB ကို တပေါင်းတည်း ရရှိတယ်ဆိုတဲ့ အချက်ပဲ။
ဒီလိုဗျ အပေါ်က ရှင်းပြခဲ့တဲ့ Logical Volumes ဆိုတာကျတော့ Volumes တစ်ခုကို Drive Letter တစ်ခုနဲ့ပါ။ ဒီတော့ ABCD ရေလိုက်ရင် Drive Letter 26 ခုထိရတယ်ပေါ့ဗျာ။ ဒါက Logical Volumes ဒါကို ထားလိုက်တော့။ Windows Server 2003 ရဲ့ NTFS File System က NTFS Volume ထဲက လွတ်နေတဲ့ အခန်းတစ်ခန်းနဲ့ တခြား Volume တစ်ခုကို Mount လုပ်လို့ရတယ်။ ဆိုလိုတာက Drive D: ထဲက Youth ဆိုတဲ့ အခန်းလွတ်တစ်ခု ၎င်းကိုတစ်ခြား 200 GB ရှိတဲ့ Volume နဲ့ ချိတ်လိုက်မယ်။ ဒါကို Mount လုပ်လိုက်တယ်ခေါ်တယ်။ ဒီတော့ D:/Youth ထဲဝင်လိုက်ရင် ခုနကပြောခဲ့တဲ့ 200 GB Volume ထဲကို ရောက်သွားရော။ ဒီတော့ ဒီ 200 GB Volume က သီးခြား Drive Letter နဲ့ မလာပဲနဲ့ Folder Path လာပါတယ်။ ဒီတော့ Logical Volume လို့ Drive Letter 26 ခုလို့ ကန့်သတ်ချက် မရှိဘူးပေါ့။ Drive တစ်ခုတည်းမှာပဲ အခန်းလွတ်တွေနဲ့ ဖွဲ့ပြီး Volume တွေနဲ့ချိတ်ကာ တစ်ခုပြီးတစ်ခု Mount လုပ်လို့ရပါတယ်။ ဒီတော့ Volume တွေ ကန့်သတ်ချက်မရှိ ချိတ်လို့ရတာပေါ့။

No comments:

Post a Comment