Thursday, December 22, 2011

CMOS Utilities ကို ကာထားသော Password ကို ပယ်ဖျက်ခြင်း။


အခု CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုပယ်ဖျက်ရမလဲ ဆိုတာကို ပြောပြပါမယ်။ ဘာလို့ အဲ့ဒီလို CMOS Utilities ရဲ့ Password ကို ပယ်ဖျက်ခြင်းဆိုတာ ဖြစ်လာရသလဲဆိုတော့ ကိုယ့်ရဲ့ကွန်ပျူတာ Setting တွေကို လုံခြုံစေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Setting တွေကို ပြောင်းသွားစေနိုင်တယ်ဆိုတာက တစ်ချို့ သိလို့ပြောင်းသွာတာမျိုး မဟုတ်ပဲနဲ့ မသိပဲနဲ့ ဟိုဟာလုပ်ကြည့် ဒီဟာလုပ်ကြည့်ရင်းနဲ့ Setting ပြောင်းသွားတတ်တာမျိုးလည်း ရှိပါတယ်။
ဟုတ်ပါတယ် တကယ်လည်း ဒါမျိုး ကြုံတွေ့ဖူးပါတယ်။ ကိုယ်လုပ်ထားတုန်းကတော့ သုံးရတာ အဆင်ကို ပြေနေတာပဲ။ နောက်တစ်ခါ သုံးလည်းသုံးကြည်တော့ ဟာ- Setting တွေက ဘယ်လိုဖြစ်နေတာလဲ ကွန်ပျူတာက အရင်တစ်နေ့ကနဲ့ မတူတော့ဘူး။ ဒုက္ခပဲ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲပေါ့။  အဲ့ဒီတော့မှ ဘာဖြစ်မှန်း မသိဘူး။ ဟိုက ဖြစ်တာလား။ ဒီက ဖြစ်တာလားနဲ့ ဖြစ်ကုန်ရော။ ဘယ်ဟုတ်မလဲ နောက်ဆုံးတော့ CMOS Setting တွေ ပြောင်းနေတာကိုး။ အဲ့ဒီလိုမျိုး ကြုံတွေ့ရမှာစိုးလို့ CMOS Utilities ကို Password ပေးပြီး ကာကွယ်လို့ရပါတယ်။
ဒါကြောင့် တစ်ချို့တွေက ၄င်းတို့ရဲ့ ကွန်ပျူတာ Setting တွေကို တစ်ယောက်ယောက်က ၀င်ပြီး သိလို့ဖြစ်စေ၊ မသိပဲဖြစ်စေ  Setting တွေ ၀င်ပြောင်းသွားတာမျိုးဖြစ်မှာစိုးလို့ မိမိတို့ ကွန်ပျူတာရဲ့ CMOS Utilities ကို Password ပေးပြီး ကာကွယ်ထားတတ်ပါတယ်။ ဒါဟာ ကွန်ပျူတာရဲ့ Setting တွေကို လုံခြုံမှုရှိစေတာတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ ကိုယ်ကပေးထားတဲ့ Password ကို မေ့သွားတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ CMOS Utilities ကို Password ပေးထားရင် လုံးဝမေ့လို့ မရဘူးနော်။ ကိုယ်က တစ်ခုခု Install လုပ်စရာရှိလို့ပဲဖြစ်ဖြစ် CMOS ထဲ ၀င်ပြီးတော့ First Boot Device မှာ CD-ROM ကို ၀င်ကြော်ငြာပေးရတော့မယ်။ ဒီလိုဆိုရင် CMOS Password ကို မေ့နေရင် ဘယ်လိုလုပ်မလဲ။ CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကို မေ့သွားပြီဆိုရင် တစ်ခြားဘာနှင့်မှ ၀င်လို့မရတော့ဘူးနော်။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင် ဘာမှလုပ်ပေးလို့မရဘူး။ အဲ့ဒီ Password ကို ဖျက်ရုံပဲပေါ့။
ဒီတော့ ဒီ CMOS Utilities ကို Password ပေးထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ Password ကို မေ့သွားလို့ မရဘူးပေါ့။ ဒါဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ အဲ့ဒီတော့ အခုအဲ့ဒီလောက်ရေးကြီးတယ်ဆိုတဲ့ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင် ဘယ်လိုပြန်ဖျက်ရမလဲဆိုတာကို တစ်ဆင့်ချင်း ပြောပြပါမယ်။
အဲ့ဒီတော့ အရင်ဦးဆုံး CMOS Utilities ကို ကာထားတဲ့ Password ကို ဖျက်တဲ့နေရာမှာ Password ကို ဖျက်လို့ရတဲ့အချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က Mechanically အရ Password ကို ပယ်ဖျက်ခြင်းပဲ ဖြစ်ပါတယ်။ Mechanically အရ Password ကို ပယ်ဖျက်ခြင်းဆိုတဲ့နေရာမှာ Motherboard ပေါ်က Jumper ပြောင်းခြင်းနှင့်  ဒုတိယ တစ်ချက်က Motherboard ပေါ်က Battery ကို ဖြုတ်ပေးခြင်းဆိုပြီး CMOS Utilities ကို ကာထားသော Password ကို ပြောင်းနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။
Mechanically အရ CMOS Utilities ကို ကာထားသော Password ကို ပြောင်းခြင်း သို့မဟုတ် ဖျက်ခြင်း။
Motherboard အများစုမှာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက Motherboard ပေါ်က PROM Chip တွေအတွက်  Dynamic CMOS/BIOS  Setting တွေကို ပြောင်းလဲမှု မရှိစေရန် သို့မဟုတ် သိမ်းဆည်းရန်အတွက် Battery ကို အသုံးပြုခဲ့ကြပါတယ်။ ဒီ BIOS/CMOS Setting တွေကို ကွန်ပျူတာကိုစတင်ထုတ်လုပ်လိုက်တဲ့ စက်ရုံကသော်လည်းကောင်း၊ ဒါမှမဟုတ် အဲ့ဒီ ကွန်ပျူတာကို အသုံးပြုမည့် User အသုံးပြုသူကသော်လည်းကောင်း Setting ကို Manually အရ ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ပြီး ချိန်ညှိနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ချိန်ညှိထားတဲ့ Setting တွေကို ပြောင်းချင်တယ်ဆိုရင်လည်း ပြောင်းလို့ရနိုင်ပါတယ်။ ဒီ Dynamic Setting တွေကို ပြောင်းတဲ့နေရာမှာ ပြောင်းနိုင်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က  Motherboard ပေါ်က Jumper ကိုချိုးခြင်း၊ (Setting) ပြန်ချခြင်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာကို Power Plug ကို ပိတ်ပစ်လိုက်ခြင်းဖြင့် ဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။ နောက် ဒုတိယ တစ်ချက်ကတော့ Motherboard ပေါ်က PROM Chip တွေကို Maintain လုပ်နိုင်ဖို့အတွက် ပေးထားတဲ့ Motherboard ပေါ်က Battery ကို ဖြုတ်ခြင်းဖြင့်လည်း Resetting ပြန်လုပ်နိုင်ပါတယ်။
Motherboard ပေါ်က Battery  ဘက်ထရီ ကိုဖြုတ်၍ CMOS Utilities ကိုကာထားသော Password ကိုပယ်ဖျက်ခြင်း။
အကယ်၍များ အထက်မှာ ပြောပြခဲ့တဲ့အတိုင်း Jumper များကို ချိုးခြင်းဖြင့်  ဒီ CMOS ကို ကာထားသော Password ဟာ ပြောင်းမသွားဘူး၊ ပျက်မသွားဘူးဆိုလို့ရှိရင် နောက်တစ်နည်း Password ကို ဖျက်လို့ရတဲ့နည်းကတော့ Motherboard ပေါ်က ဘက်ထရီကို ဖြုတ်ထားခြင်းဖြင့်လည်း ၄င်း Password ကို ဖျက်လို့ရနိုင်ပါတယ်။ အဲ့ဒီတော့ CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုဖျက်မလဲဆိုတာ ကြည့်ရအောင်။
၁။ အရင်ဆုံး အပေါ်မှာပြောခဲ့သလိုပဲ ကွန်ပျူတာကို Shut Down လုပ်ပါ။ ပြီးရင် Power Plug ကို ဖြုတ်ထားပါ။ ဒါမှ ပိုလို့စိတ်ချရတာပေါ့။
၂။ ပြီးရင် Casing အဖုံးကို ဖွင့်ပြီးတော့ Motherboard ပေါ်မှာ ဘက်ထရီလေးကို တွေ့ပါလိမ့်မယ်။ ဘက်ထရီရဲ့ပုံမှန် အရွယ်အစားက ၁ လက်မ သို့မဟုတ် ၂ လက်မခန့်လောက် ရှိပါတယ်။ သူ့ရဲ့ Diameter ခွက်လေးပေါ်မှာ ရှိနေတာကို တွေ့တယ်နော်။
၃။ အဲ့ဒီ ထက်ထရီကို Motherboard ပေါ်ကနေပြီးတော့ သူ့ရဲ့ Diameter ခွက်လေးပေါ်က ခဏဆွဲဖြုတ်ထားပေးပါ။ အဲ့ဒီလို ဆွဲဖြုတ်တဲ့နေရာမှာ အဲ့ဒီ ဘက်ထရီကို ကွန်ပျူတာအပြင်မှာ ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ် ခန့်လောက် ခေတ္တ ထားပေးထားလိုက်ပါ။
၎။ မိနစ် ၂၀၊ ၃၀ ခန့်လောက်ကြာတဲ့အခါမှာ သူ့ကို သူ့နေရာသူ ပြန်ထားပေးလိုက်ပါ။  ဘက်ထရီလေးကို ဆွဲဖြုတ်လိုက်ပါ။
၅။ ပြီးသွားပြီဆိုရင် ကွန်ပျူတာကို ပြန်ပြီးတော့ Power ပြန်ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ပြန်လုပ်ပေးပါ။
၆။ Restart ပြန်လုပ်ပြီး ကွန်ပျူတာစပြီးတော့ တက်ပြီဆိုတာနဲ့ Delete, F1, F10 Key တို့ထဲက Key တစ်ခုခုကို ဆက်တိုက်နှိပ်ထားပေးလိုက်ပါ။ ဒါဆို CMOS Setup ထဲကို ရောက်သွားလိမ့်မယ်။
၇။ CMOS Setup ထဲကို ရောက်သွားပြီဆိုတာနဲ့ချက်ချင်း ကိုယ့်ကွန်ပျူတာရဲ့ Default အစိတ်အပိုင်းပုံစံတွေကို စစ်ကြည့်လိုက်ပါ။ CPU, RAM, Harddisk တို့ရဲ့ အရွယ်အစား နှင့် အမျိုးအစားကို စစ်ကြည့်ပြီးတဲ့အခါ ပြန်ထွက်လိုက်ပါ။
၈။ နောက်ဆုံး အကုန်လုံးပြီးသွားပြီဆိုတာနဲ့ ၄င်းပြင်ထားတဲ့ Setting တွေကို သက်ရောက်စေဖို့အတွက် Save လုပ်ပြီးမှ ပြန်ထွက်ရမှာ ဖြစ်တယ်။ Save မလုပ်ပဲ ထွက်ရင် ကိုယ်အခုနက သတ်မှတ်ထားတဲ့ Setting တွေဟာ သက်ရောက်မှာ မဟုတ်ပါဘူး။
ဒါဆိုရင် CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတဲ့အခါ ဘယ်လိုပြန်ဖျက်ရမယ်ဆိုတာ သိမယ်နော်။   
အကယ်၍များ Jumper ကို ဖြုတ်ခြင်းဖြင့်သော်လည်းကောင်း၊ Battery ကို ဖြုတ်ထားခြင်းဖြင့်သော်လည်းကောင်း၊ CMOS Utilities Password ကို ဖျက်၍မရလျှင် Motherboard ကို စဉ်းစားရပါတော့မယ်။ ဟိုးအရင်က တစ်ချို့ Motherboard တွေမှာဆိုရင် အပေါ်မှာပြောခဲ့သလိုမျိုး ရွှေ့လို့ရတဲ့ Jumper တွေလည်း မပါသလို၊ Battery တွေကျတော့လည်း ဖြုတ်လို့မရအောင် တစ်ခါတည်း ခဲတို့ပြီးသားဖြစ်တယ်။     ဒါကြောင့်မို့လို့ အဲ့သလိုမျိုး Motherboard ပေါ်က Jumper ချိုးတာတို့၊ Battery ဖြုတ်တာတို့ကို လုပ်လို့မရပါဘူး။ အကယ်၍များ အဲ့ဒီလိုမျိုး Motherboard ပေါ်မှာ Jumper ကို ချိုးခြင်းဖြင့်သော်လည်းကောင်း၊  Battery ကို ဖြုတ်ထားခြင်းဖြင့်သော်လည်းကောင်း၊ CMOS Utilities ကို ကာထားသော Password ကို ဖျက်၍မရဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်ရင် ရနိုင်မလဲဆိုတာ စဉ်းစားရမည့်အချက် သုံးချက်ရှိပါတယ်။  ဒါပေမယ့် ဒါဟာ ဖြစ်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအရင်အစောပိုင်းက Motherboard တွေမှာသာ ဒီလိုမျိုး Jumper ချိုးလို့မရတာတို့၊ Battery ကို ဖြုတ်မရတာတို့ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်း Motherboard တွေမှာတော့ ဒီလိုမဖြစ်တော့ပါဘူး။ ကဲ-အဲ့ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်သုံးချက်ကို စဉ်းစားကြည့်ရအောင်။
၁။ ပထမဆုံး တစ်ချက်ကတော့ Motherboard ပေါ်က BIOS/CMOS PROM Chip ကို ဖြုတ်ယူပြီးတော့ အဲ့ဒီ Motherboard ကို ထုတ်လုပ်တဲ့ စက်ရုံ သို့မဟုတ် ကုမ္ပဏီကို ပို့လိုက်တာပဲဖြစ်စေ၊ ဒါမှမဟုတ် BIOS ထုတ်လုပ်တဲ့ ကုမ္ပဏီသို့ပို့ပြီး အဲ့ဒီ CMOS Setting တွေကို ဖျက်ပြီးပြန်ရေးတာပဲဖြစ်စေ လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း Motherboard တစ်ခုလုံးကို ယူပြီးတော့ ထုတ်လုပ်တဲ့ စက်ရုံသို့ သွားပြီးတော့ ပြလိုက်ပါ။ ဒါဆို ပြန်ကောင်းသွားပါလိမ့်မယ်။
၂။ ဒုတိယတစ်ချက်က အဲ့ဒီ Motherboard  ရဲ့ BIOS/CMOS PROM Chip ဟာ Update လုပ်လို့ရတဲ့ Chip တစ်ခုဖြစ်နေမယ်ဆိုရင် ၄င်း BIOS Update ကို Download လုပ်ပြီးတော့ PROM ကို ပြန်လည်ရေးလိုက်ရင်လည်း CMOS Utilities ကို ကာထားသော Password ကို ပြန်ဖျက်နိုင်ပါတယ်။
၃။ အကယ်၍မှ အပေါ်မှာ ပြောခဲ့တဲ့နည်းတွေနှင့် လုပ်လို့မှ မရသေးဘူးဆိုလို့ရှိရင်တော့ နောက်ဆုံးနည်း တစ်နည်းရှိသေးတာက အဲ့ဒီ Password ကို ပြန်ဖျက်နိုင်ဖို့အတွက် သုံးလို့ရတဲ့ Software လေး တစ်ခုရှိပါတယ်။   အဲ့ဒီ Software ကို အသုံးပြုပြီးတော့ PROM Chip ကနေ CMOS Utilities ကို ကာထားတဲ့ Password ကို ဖျက်မယ်ဆိုရင် ရနိုင်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ အာရုံစိုက်ပြီး ဖျက်ရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ Software က အလွန်ဈေးကြီးပါတယ်။ အဲ့ဒီ Program မှာ Utilities တွေ Cracks တွေပါပါတယ်။
ကဲဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ BIOS/ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင် အခုပြောပြထားခဲ့တဲ့ နည်းတွေအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပြီးတော့ ၄င်း Password ကို ပြန်ဖျက်လို့ရနိုင်မယ်လို့ ထင်ပါတယ်။

No comments:

Post a Comment