ဒီနေ့တစ်နေ့တော့ နှလုံးသားကို ကာရန်တွေနဲ့
ခြံရံမထားတော့ဘူး
ကတ္တရာလမ်းကိုလည်း အနက်ရောက်အဖြစ်
အသိအမှတ်ပြုလိုက်တယ်
ထို့နောက် မေ့သင့်တယ်လို့ထင်တဲ့သူကိုလဲ မေ့လိုက်တယ်
အားလုံးနဲ့ သဟဇာတဖြစ်အောင်နေလိုက်တယ်
သိပ်ချောတဲ့ ကောင်လေးတွေကိုလည်း အသိတချို့နဲ့
အသိအမှတ်ပြုခိုင်းမယ်
နေလို့ထိုင်လို့တော့ ကောင်းသွားတယ်
ဘယ်နှရက်ခံမလဲတော့ မသိဘူး
ချစ်စရာကောင်းတာလေးတစ်ခုတည်းနဲ့
နှလုံးသားကို
ထင်တိုင်းကြဲခွင့်ပေးလိုက်တော့မယ်
ပြန်ကြိုက်တာ မကြိုက်တာထက်
သူ့ဘေးနားမှာ လွတ်လပ်စွာ လိုက်လျှောက်မယ်
ပျော်စရာအချိန်တွေ ဖန်တီးမယ်၊ မိုးညတွေမှာ
ကော်ဖီအတူ သောက်မယ်
အပေါ်အပိုဒ်က စာသားလေးလိုပဲ
ငါ့နှလုံးသားကာရန်တွေမရှိပဲနဲ့
ဘယ်နှရက်ခံမလဲ မသိတော့ပါဘူး........။
No comments:
Post a Comment