Friday, October 14, 2011

ရင်တွင်းဖြစ်ကဗျာများ


ချစ်သင့်လို့ ချစ်တာလား

အလိုလိုချစ်မိတာလား

အလိုလိုချစ်မိလာတဲ့ စိတ်တခုကို အားနည်းချက်တွေနဲ့

ရှာကြံဖြေဖျောက်ကြည့်တယ်

ပတ်ဝန်းကျင်နဲ့မဆိုင်ပါဘူး ၊  ကိုနဲ့ပဲ ဆိုင်တယ်

ဟာသဇာတ်လမ်းတွေ၊ ပြက်လုံးကောင်းကောင်းတွေတွေ့တိုင်း

သူ့ကိုပဲ သတိရမိတယ်၊ ကျနော်ပျော်သလို သူ့ကိုလဲ ပျော်စေချင်လို့ပဲ

လွမ်းစရာ ကောင်းလောက်အောင် အနုအလှတွေ အများကြီးမရှိပေမယ့်

သူ့တစ်ယောက်ကိုပဲ စွဲလမ်းမိခြင်းဟာ

အကျိုးအကြောင်း ထပ်တူဖြစ်နေတာလား

အလိုလိုချစ်မိလာတဲ့ သူ့ကို မမေ့နိုင်မှတော့

အလိုလိုချစ်မိလာတဲ့ သူ့ကိုပဲ

ချစ်သင့်လို့ချစ်လိုက်တော့မယ် ........။

No comments:

Post a Comment