Saturday, October 22, 2011

ငယ်ချစ်ဦးပုံပြင် 8

ဝေးကွာခြင်းကြောင့် မင်းနဲ့ငါ ကြားမှာ
အချစ်စစ် ရှိနေပြီဆိုတာ
ငါ ယုံကြည်တယ်ချစ်သူရယ်..............
ငါနဲ့ ဝေးရာကို ထွက်သွားတဲ့ ငါ့ချစ်သူ
မင်း ဘယ်ကိုပဲ ပြေးပြေး အဝေးဆုံးကိုပဲ ထွက်သွားစေဦးတော့
ငါ့ နှလုံးသားထဲက ဘယ်တော့မှ ထွက်သွားလို့ ရမှာ မဟုတ်ပါဘူးကွာ
မင်း ငါ့ကို ဘယ်လိုပဲ နာကျင်အောင် လုပ်လုပ်
မင်းကြောင့် စိတ်ညစ်ရတာကို ကျေနပ်တယ်...
မင်းကြောင့် ပျော်ရတာကို ကျေနပ်တယ်...
မင်းကြောင့် လွမ်းဆွေးနေရတာကို ကျေနပ်တယ်...
မင်းကြောင့် အသဲကွဲရတာကို ကျေနပ်တယ်...
မင်းကြောင့် မျက်ရည်ကျတာကို ကျေနပ်တယ်...
မင်းကြောင့် ရူးမတတ်ခံစားနေရတာကို ကျေနပ်တယ်....
မင့်ကြောင့် ငါသေသွားရင်လည်း ကျေနပ်တယ်...ချစ်သူရယ်
ငါနင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နင်မသိပါဘူး
နင့်ကြောင့် ငါ ဘယ်လောက်ကြေကွဲနေရတယ်ဆိုတာ နင် မသိပါဘူး အဝေးရောက် ချစ်သူရယ်.............

No comments:

Post a Comment