Saturday, October 22, 2011

ငယ်ချစ်ဦးပုံပြင် 7

ညတွေ ..........များပေါ့
အိပ်မပျော်ခဲ့ဘူးလို့ ပြောရင်
င့ါချစ်သူက ယုံမှာမဟုတ်ဘူး
ဘာဆို ဘာမှ မပြောချင်တော့လောက်အောင်
မချိမဆံ့ နာကျင်ခံစားခဲ့ရတဲ့အကြောင်း
ကိုယ်စောင့်နတ် သိတယ်
ခံစားနေတဲ့ နှလုံးသားက သိတယ်
မျက်ရည်တွေ ဖြတ်သန်းစီးဆင်းခဲ့တဲ့ မျက်နှာတလျှောက်
မယုံရင် မေးကြည့်ပေါ့ချစ်သူရာ..........။
ဘယ်လိုမြှားက ဘယ်လိုဒဏ်ရာပေးသလဲဆိုတာလေ။
ထိရဲစရာ မရှိအောင် ထက်တဲ့ဓါးနဲ့
အားရ ပါးရ ထိုးစိုက်ခံလိုက်ရသလိုမျိုး
သတိရမိတိုင်း တဆစ်ဆစ်နဲ့ နင့်နေအောင် နာကျင်စေဖို့
ဓါးသွားမှာ အငြိုးအတေးအဆိပ်တွေ လူးလို့
ငါ့ချစ်သူရေ ..........မင်းအငြိုးအတေးတွေ ကျေပါတော့ကွာ
မင်းလက်ချက်နဲ့ မင်းလက်ထဲမှာ
ငါ့ထွက်သက်ကို အပ်သွားမှာပါ
မင်းရဲ့ မြှားဦး ဓါးဦးမှာ ငါ အမြဲရှိနေပါတယ်။
"နင့်ကို ငါ ချစ်တယ်"  ဆိုတာကိုပဲ
တခါတခါ သတိရပေးပါ ချစ်သူရယ် 

No comments:

Post a Comment