တောမှောက်တုန်းမှာ နှလုံးသားကိုပစ်ချ
မာနကို ဓါးလို သ ပြီး
ဘ၀ပေါ် ရုန်းထသွားလိုက်ပုံများ
အဲဒါတွေအတွက် နင့်ကို လေးစားရပါတယ် ချစ်သူ
ငါ ငိုချင်အောင် ပြုံးပြပါအုံး ......
နှုတ်ခမ်းလေးတွန့်တယ်ဆိုရုံ
ငါအကြောက်ဆုံး မဲ့ပြုံးလေး
မင်းဘေးက တစ်နေရာအတွက်
အသေအချာပဲရယ်လို့လဲ ငါ မထင်ရဲတော့တာပါ
တကယ်တော့ ၀မ်းနည်းမိတာပါ
ကွေးသောလက် မဆန့်ခင်လေးမှာပဲ
ထ၀ရဝေးကြရမှာ သိရက်နဲ့
ရှင်ကွဲတွေ ဖန်တီးရက်တဲ့ ကြမ္မာကို
ဝမ်းနည်းစွာပဲ ငေးကြည့်နေကြရုံပေါ့...........။
No comments:
Post a Comment