နင်ကလည်း
အေးအေးဆေးဆေးပဲ ကျောခိုင်းသွားတယ်
ဟိုတုန်းက အချို့ရက်တွေမှာ
ငါတို့ ဟက်ဟက်ပက်ပက် ရယ်ခဲ့ကြဖူးတယ်
ဘ၀မှာ နှစ်ယောက်ထဲပါပဲ
တကယ်ပါကွယ် ပုံပြင်လို့ထင်ရင် ငိုချင်ပါတယ်
ကန်ဘောင်မှာ ထိုင်ရင်း
တဖြည်းဖြည်းသဲလာတဲ့ မိုးစက်တွေ
ငေးငေးလေး ကြည့်နေတဲ့နင်
ငါ့ကို ပါ ရောကြည့်ပေးခဲ့ရင် သိပ်ကောင်းမှာ
ငါကလဲ မိုးစက်တွေလိုပါပဲ
တိမ်တွေလို အရင်က လွင့်ချင်ရာ လွင့်ခဲ့ပေမယ့်
နင့်ရင်ထဲက ဗေဒါလေးတွေ ကို မြင်လိုက်တဲ့ ခဏမှာပဲ
ဗေဒါလေးတွေအတွက် ငြိမ်သက်ပေးဆပ်ဖို့
တိမ်ဘ၀ကို စွန့်ခဲ့ပြီလေ
အားလုံးကို မှတ်မိနေပါတယ်
တသိမ့်သိမ့် ခိုးပြီး ငိုတတ်တာကိုရော
မျက်ရည်ဝိုင်းပြီး ကြည့်နေတာကိုရော
မေ့နိုင်အောင် မေ့ရက်တာကိုရောပေါ့....................။

No comments:
Post a Comment