Friday, May 31, 2013

အစားအစာ ၀ါးစားပါ

 
 
ဘယ်အရာပဲဖြစ်ဖြစ် လေ့လာသူများကလည်း လေ့လာကြပြီး သူတို့လေ့လာမှုမှတ်တမ်းမှတ်ရာလေးတွေက ကျွန်တော်တို့ အတွက် အလွန်အသုံးဝင်လေ့ရှိပါတယ်။ အခု ကျွန်တော်ဖတ်ကြည့်ပြီး သဘောကျတဲ့ မှတ်တမ်းမှတ်ရာလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။
ရှက်တတ်သူများအတွက် အစားအစာ
ရှက်တတ်သူများအတွက်ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ကို တဖြည်းဖြည်းတည်ဆောက်နိုင်ဖို့ အစားအစာကကူညီပေးနိုင် ပါတယ်။ မွန်ထရီယယ် Mc Gill တက္ကသိုလ်မှ သုတေသီများရဲ့အဆိုအရ Tryptophan ဆိုတဲ့အမိုင်နိုအက်စစ် Essential Amino Acid ပါဝင်တဲ့အစားအစာများဟာ လူတွေကိုပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိအောင် လုပ်ပေးနိုင်ကြောင်း တွေ့ရပါတယ်။ Tryptophan ကြွယ်ဝစွာပါတဲ့ အစားအစာတွေထဲမှာ အသား(အထူးသဖြင့် ကြက်သား)၊ ငါး(ဆယ်လ်မွန်၊ တူနာ)၊ ပဲတောင့်ရှည်တို့ ပါဝင်ပါတယ်။
Ref: Internet
စိတ်ဖိစီးမှုနှင့် ဘလူးဘယ်ရီ (Blue Berry)
အလုပ်တွေအရမ်းရှုပ်ပြီး စိတ်ဖိစီးမှုများရင်း သရေစာစားတဲ့အခါ ဘလူးဘယ်ရီသီးစားပါ။ ဘဘူးဘယ်ရီသီးမှာ စိတ်ဖိစီးမှု များခြင်းကို ခန္ဓာကိုယ်က တုံ့ပြန်မှုပြုတဲ့အခါ ကူညီပေးနိုင်တဲ့ ဗီတာမင် C  မြင့်မားစွာပါဝင်ပါတယ်။ အဲဒါအပြင် အင်တီ အောက်စီးဒင့်များစွာပါဝင်တဲ့အတွက် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများကို ကာကွယ်ပေးနိုင်ပါတယ်။
Ref: Internet
အသဲကွဲလျှင် ချောကလက်စားပါ
အသည်းကွဲတဲ့အခါ သရေစာအဖြစ် ချောကလက်စားမယ်ဆိုတဲ့ အိုင်ဒီယာကလည်း မဆိုးပါဘူးဆိုတာတွေ့ရပါတယ်။ ချောကလက်မှာ စိတ်ကိုပြေလျော့စေတဲ့ မဂ္ဂနီစီယမ်၊ ငြိမ်သက်အေးဆေးစေတဲ့ Anandamide နှင့် စိတ်ခံစားမှုကိုမြှင့်တင် ပေးသော (Mood-Boosting) Phenylethylamine တို့ပါဝင်ပါတယ်။ အသည်းကွဲခြင်းကြောင့် စိတ်ဝေဒနာခံစားရခြင်း Heartbreak Blues အပါအ၀င် ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိဖို့ သကြားအချိုမပါတဲ့ ချောကလက်အမည်းကို အလယ်အလတ်ပမာဏ စားသုံးပါ။
Ref: Internet
လိပ်ခေါင်း (Piles) မဖြစ်အောင် ကာကွယ်ပေးတဲ့ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တရုတ်နံနံတို့ကိုအစိမ်းလိုက်ဝါးစားပါ။ ယင်း ဟင်းသီးဟင်းရွက်တွေက သင့်သွေးကြောများကို ပိုမိုပျော့ပျောင်းစေပြီး လိပ်ခေါင်းဖြစ်စေတဲ့ ၀မ်းချုပ်ခြင်းကို ရှောင်လွှဲနိုင်အောင်ဆောင်ကြဉ်းပေးပါတယ်။
Ref: Parenthood, Dec. 2010
ရေနှင့် ပတ်သက်၍
- စိတ်ဓာတ်ကျခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်း၏ ရောဂါလက္ခဏာများ ဖြစ်ပါတယ်။
- ထမင်းစားနေစဉ် ရေသောက်ခြင်းသည် အစာခြေလုပ်ငန်းကို ကူညီပေးရာရောက်ပါတယ်။
- Water Retention ဖြစ်ခြင်းကို သက်သာစေတဲ့နည်းလမ်းတစ်ခုကတော့ ရေများများသောက်ပေးခြင်းပါပဲ။
- ခန္ဓာကိုယ်ထဲမှ အဆီတွေကို ချေဖျက်ရာတွင် ရေက ထိရောက်စွာကူညီပေးနိုင်ပါတယ်။
- ရေဟာ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ အစာတစ်ခုလို့ပြောနိုင်ပါတယ်။
- ကလေးငယ်တွေဟာ လူကြီးများထက်စာလျှင် ပိုပြီးရေငတ်ကြပါတယ်။ လေ့လာမှုတစ်ခုအရ ကျောင်းနေအရွယ် ကလေး များ၏ ၆၅ရာခိုင်နှုန်းဟာ ရေသောက်သုံးမှုနည်းကြတယ်လို့ သိရပါတယ်။
- ခန္ဓာကိုယ်မှ ရေဓာတ် ၂ရာခိုင်နှုန်းဆုံးရှုံးလျှင် ထိုသူ၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှုများလည်း ၂၀ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။
Ref: Health24.com
 
 

1 comment:

  1. New Player Bonus | Play Casino Games Online
    With 샌즈카지노 the latest sign up bonus codes worrione and promotions, casino games are available to play for free at any given time. Learn more here. Rating: 인카지노 5 · ‎Review by Casinoowed

    ReplyDelete