ဘဏ်လုပ်ငန်း
(Banking)
ဘဏ်စတင်ပေါ်ပေါက်လာပုံ
(Origins of Banks)
ဘဏ်လုပ်ငန်းဆိုသည်မှာ
အပ်ငွေများလက်ခံပြီး ချေးငွေထုတ်ချေးသည့်လုပ်ငန်း (Banking) ဖြစ်သည်။ ထိုလုပ်ငန်းလုပ်ကိုင်သောအဖွဲ့အစည်းကို
ဘဏ် (Bank) ဟုခေါ်သည်။ ဘဏ်လုပ်ငန်းသည် ၁၆ ရာစု အင်္ဂလန်ရှိ ရွှေပန်းတိမ်ဆရာများမှ စတင်ပေါ်ပေါက်လာသည်။
ထိုအခါက ငွေကြေးအဖြစ် ရွှေတုံးများကို အသုံးပြုကြသည်။ ရွှေပန်းတိမ်ဆရာများထံတွင် လုံခြုံသည့် အခန်း များရှိသဖြင့်
ရွှေများကိုယုံကြည်စိတ်ချစွာအပ်နှံထားကြသည်။ ငွေပေးရန်လိုအပ်မှ သာ ပြန်လည်ထုတ်ယူကြသည်။
ရွှေပန်းတိမ်ဆရာများ၏
ရွှေများကိုလုံခြုံစွာ သိမ်းဆည်းပေးသည့်လုပ်ငန်းမှ တဖြည်းဖြည်း ဘဏ်လုပ်ငန်းအဖြစ်သို့
ကူးပြောင်းသွားသည်။ ဘဏ်လုပ်ငန်းအဖြစ်သို့ ကူးပြောင်းသွား စေသည့် အချက် (၂)ချက်ရှိသည်။
ပထမအချက်မှာ အပ်နှံထားသည့်ရွှေများကို ပြန်လည် ထုတ်ယူကြခြင်း မရှိသည် ကို တွေ့ရှိလာခြင်းဖြစ်သည်။
ရွှေများကိုအပ်နှံထားသည့်အထောက် အထားအဖြစ် ထုတ်ပေးထားသော အပ်နှံပြေစာ (Deposit
receipt) ကိုသာလျှင် အသုံးပြုပြီး ငွေပေးချေခြင်းပြုကြသည်။ အပ်နှံပြေစာ သည် ငွေမဟုတ်သော်လည်းငွေကဲ့သို့ငွေပေးချေမှုများပြုလုပ်လာနိုင်သောအခါ ရွှေများကို ရွှေပန်းတိမ် ဆရာများထံ ပိုမိုယုံကြည်စွာ
အပ်နှံလာ ကြသည်။ ရွှေပန်းတိမ်ဆရာများထံအပ်သည့်ရွှေသည် ယခုခေတ်ဘဏ်အပ်ငွေဖြစ်ပြီး၊အပ်နှံပြေစာသည် ယခုခေတ်ချက်လက်မှတ်ဖြစ်သည်။ ရွှေများကို ရွှေပန်းတိမ် ဆရာများထံ အပ်နှံ ထားပြီး
အပ်နှံပြေစာကို ငွေအဖြစ်အသုံးပြုခြင်းဖြင့် ငွေပေးငွေယူကိစ္စများကို လွယ်ကူချောမွေ့
စွာဆောင်ရွက်နိုင်သည်။ ရွှေပန်းတိမ်ဆရာများထံ အပ်ထားသည့်ရွှေနှင့် လူအများ၏ လက်တွင်းရှိသည့်ရွှေသည်
စုစုပေါင်းငွေကြေးပမာဏဖြစ်သည်။
ဒုတိယအချက်မှာ
အပ်နှံပြေစာကို ငွေအဖြစ်အသုံးပြုခြင်းကြောင့် ရွှေပန်းတိမ်ဆရာ များထံတွင် ရွှေများအကျိုးမဲ့
စုပုံနေသည်ကို ရွှေပန်းတိမ်ဆရာများ သိရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် အကျိုးရှိစွာအသုံးချနိုင်ရန် ရွှေပန်းတိမ်ဆရာများသည်အတိုးယူ၍ငွေစတင် ထုတ်ချေးလာ သည်။ လေးလံသည့်ရွှေများကို ထုတ်ချေးမည့်အစား
ငွေအပ်သည်ဟု စာရင်းအပ်ထားပြီး အပ်နှံပြေစာများ ကိုသာ ထုတ်ပေးသည်။ ထိုသို့ဆောင်ရွက်ခြင်းကို
ယခုခေတ်တွင် စာရင်းသစ်ဖွင့်ငွေချေးခြင်း (overdraft) ဟုခေါ်သည်။ရွှေပန်းတိမ်ဆရာများသည်လည်း
၎င်းတို့ထံတွင်ရှိသော ရွှေအားလုံးကိုထုတ် မချေးဘဲ ရွှေလာရောက်ထုတ်သူများအား ပြန်လည် ထုတ်ပေးနိုင်ရန်
ရွှေအချို့ကိုချန်ထားသည်။ ၎င်းသည် ယခုခေတ်သီးသန့်ငွေသားကို သီးသန့် အချိုးအတိုင်း ထားရှိခြင်းပင်ဖြစ်သည်။
ရွှေပန်းတိမ်ဆရာများသည် အပ်ငွေများကိုလက်ခံပြီး ချေးငွေများထုတ်ချေးလာသောအခါ ၎င်းင်းတို့၏လုပ်ငန်းသည်
ဘဏ်လုပ်ငန်းအဖြစ်သို့ ကူးပြောင်းသွားသည်။
ခေတ်သစ်ဘဏ်လုပ်ငန်း
(Modern Banking)
ရွှေပန်းတိမ်ဆရာများ၏ ဘဏ်လုပ်ငန်းသည် ရှေးဦးစွာ
ပေါ်ပေါက်လာသော ဘဏ်လုပ်ငန်းဖြစ်သည်။ ယခုခေတ်ဘဏ်လုပ်ငန်းသည် ရွှေပန်းတိမ်ဆရာများ၏ ဘဏ်လုပ်ငန်း
မှအစပြုခဲ့သည်။
ဘဏ်များသည် ငွေပိုငွေလျှံရှိသူများထံမှ ငွေများကိုစုစည်းပြီး
ငွေလိုအပ်သူများသို့ ငွေထုတ်ချေးသည့် (Financial Internation) ကို အဓိကထားလုပ်ဆောင်သည်။
ယခုခေတ် ဘဏ်လုပ်ငန်းစနစ်သည် သီးသန့်ငွေသားကို သီးသန့်ငွေသားအချိုးအတိုင်းထားရှိပြီး
ကျန်ငွေ များကိုထုတ်ချေးသည့် (Financial Reserve Banking System) ဖြစ်သည်။
ငွေထုတ်ချေးခြင်းနှင့် ငွေချေးယူခြင်းလုပ်ငန်းကို
ဆောင်ရွက်နိုင်ရန် ကြားခံဆောင်ရွက် ပေးသောအဖွဲ့အစည်းကို (Financial Intermediary) ဟုခေါ်သည်။
ဘဏ်များသည် အများ ပြည်သူများထံမှ ငွေများကို အပ်ငွေစာရင်းများဖွင့်ပြီး ပေးရန်တာဝန်များဖြစ်သည်။
ထိုငွေ များကို ငွေလိုသည့်အိမ်ထောင်စုများ၊ လုပ်ငန်းများနှင့် အစိုးရသို့ငွေထုတ်ချေးသည့်အတွက်
(Financial Intermediary) ဖြစ်သည်။ အာမခံကုမ္ပဏီများ (Insurance Companies) ၊ ပင်စင်
ရံပုံငွေလုပ်ငန်း (Pension Funds) ၊ တိုက်တာ၊ ခြံမြေ (Real Estate) လုပ်ငန်းများ၊ ငွေစု
ဘဏ်များသည်လည်း Financial Intermediation လုပ်ဆောင်သည့်အတွက် Financial
Intermediary များဖြစ်သည်။ ဘဏ်များသည် စာရင်းသစ်ဖွင့်ငွေချေးသည့်အတွက် ချက်လက်မှတ်ထုတ်ပေးသည်။
ချက်လက်မှတ် သည် ငွေပေးချေမှု များကိုပြုလုပ်နိုင်သဖြင့် ငွေကြေးပမာဏတွင်ပါဝင်လာသည်။ထို့ကြောင့်ဘဏ်များသည် ငွေကြေးဖန်တီးသည့် အဖွဲ့အစည်း များဖြစ်သည်။
No comments:
Post a Comment