မော်တော်ကား ရေတိုင်ကီ ရေယိုစိမ့်မှုကို
ဖာတေးပေးနိုင်ခြင်း
အပူရှိန်မြင့်လို့
သင့်မော်တော်ကား ရေတိုင်ကီမှာ ရေယိုစိမ့်မှုဖြစ်နေရင် ပြင်ဆင်ဖို့အတွက် စက်ပြင်ဆရာဆီမသွားခင်
ငရုတ်ကောင်းမှုန့် လက်တစ်ဆုပ်စာကို ရေတိုင်ကီထဲ ထဲ့လိုက်ပါ။ စက်ပြင်ဆရာဆီ ရောက်တဲ့အထိ
ငရုတ်ကောင်းမှုန့်က ယိုစိမ့်နေတဲ့အပေါက်ကို ယာယီပိတ်ထားပေးပါလိ့မ်မယ်။
ရက်ကျပ် ပျောက်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း
သင်အအေးမိပြီး နှာပိတ်နေရင် ဆေးစင်ပေါ်က
ဆေးတွေကို မေ့လိုက်ပါ။ ငရုတ်ကောင်းမှုန့်ထက် နှာမြန်မြန်ပြန်ပြီး ပွင့်စေနိုင်တဲ့ တခြားဆေးမရှိပါဘူး။
အ၀တ်အစား အရောင်များ၏ တောက်ပမှုကို ထိန်းထားပေးနိုင်ခြင်း
အနီရောင်အစရှိတဲ့
တောက်ပတဲ့ အရောင်ရှိတဲ့ အ၀တ်အစားတွေကို လျှောက်တဲ့အခါ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း
တစ်ဇွန်းထဲ့ပြီး လျှော်ပါ။ ငရုတ်ကောင်းမှုန်ဟာ တောက်ပတဲ့ အရောင်တွေကို ထိန်းထားပေးပြီး
ဆေးရောင်မကျွတ်အောင် တားဆီးပေးပါတယ်။
အပင်ငယ်များထံသို့ အင်းဆက်ပိုးများ
မကပ်နိုင်အောင် တားဆီးပေးခြင်း
အပင်ငယ်တွေကို
အင်းဆက်ပိုးတွေ ကိုက်ဖြတ်စားသောက်ပစ်တာလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ အ၇ွက်သစ်လေးတေ
ွ ထွက်လာတာနဲ့ ကိုက်စားကြတော့တာပဲ။ ငရုတ်ကောင်းမှုန့်ကို ဂျုံမှုန့်နဲ့ရောပြီး အပင်ငယ်တွေနားကို
ဖြူးထားလိုက်ရက် အင်းဆက်တွေ ပျောက်သွားမှာပါ။
မီးဖိုဆောင်တွင်းသို့ ပုရွက်ဆိတ်များမ၀င်နိုင်အောင်
မီးဖိုဆောင်တွင်းမှာ
သကြားလာရှာတဲ့ ပုရွက်ဆိတ်တွေကို ငရုတ်ကောင်းမှုန့်ဖြူး ပေးလိုက်ပါ။ အစားအသောက်စင် တ၀ိုက်နဲ့
ကြောင်အိမ်နောက်ကျောဖက်တွေမှာ ငရုတ်ကောင်းမှုန့် ဖြူးထားပေးလိုက်ရင် သကြားမရနိုင်မှန်း
ပုရွက်ဆိတ်တွေ သိလောက်ပါပြီ။
No comments:
Post a Comment