အဲလိုနဲ့ပဲ ဝေးခဲ့ကြတာပါ..............
ကောင်မလေး။ ။
ကျွန်မ ဒီနေ့ သူ့ကိုနောက်ထပ်တစ်ခါ တွေ့ပြန်တယ်။ ကျွန်မ သူ့ကိုပြုံးပြဖို့ကြိုးစားတယ်။
ဒါပေမယ့် သူ မျက်နှာလွဲလိုက်တယ်။ သူ့ကို နာကျင်အောင်လုပ်ခဲ့မိတဲ့အတွက်
ငါ...ခု နောင်တတွေရနေပါပြီ။ သူ ကျွန်မ ကို ချစ်နေသေးတယ် ဆိုတာ ကျွန်မ သိတယ်။
သူဟာ ကျွန်မ အတွက် တစ်ဦးတည်းသော ချစ်ရဆုံးသူ။
ကျွန်မ ဟာ ဒေါသကိုရှေ့တန်းတင်မိတယ်။ ဒီလိုမျိုး အဆုံးမသတ်သင့်ဘူး။
အဆုံးလည်း မသတ်ချင်သေးဘူး။ သူ့ကို ကျွန်မ ခုချိန်မှာ ဘယ်လောက်ထိ လိုအပ်နေကြောင်း
ကျွန်မ ပြောလို့ရရင် သိပ်ကောင်းမှာပဲ။
ကောင်လေး။ ။
ကျွန်တော် ဒီနေ့ သူမ ကို နောက်ထပ်တစ်ခါ တွေ့ပြန်တယ်။ သူမ ကိုကြည့်ရတာ ပျော်နေပုံပါပဲ။
သူမရဲ့ အပြုံးဟာ ကျွန်တော့်နှလုံးသား ကို ဆစ်ခနဲ နာကျင်စေတယ်။ သေလောက်အောင်လှတဲ့
သူမအပြုံးတွေ ကို နောက်ထပ်တစ်ခါ ကြည့်ဖို့ ကျွန်တော် ခံနိုင်ရည်မရှိဘူး။
`အချစ်´ လို့ ကျွန်တော်ခေါ်ခဲ့တဲ့ သူမ ကို ခုချိန်ထိ ကျွန်တော် ထပ်ပြီး ခေါ်ချင်သေးတယ်။
ကျွန်တော့် ဦးနှောက်တွေကို အနားပေးလိုက်တိုင်း သူမက အတွေးထဲမှာချက်ချင်းရောက်လာတာပဲ။
ကျွန်တော်သိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် အဆုံးမသတ်သင့်ဘူး။ အဆုံးလည်း မသတ်ချင်
သေးဘူး။ သူမ ကို ကျွန်တော် ဘယ်လောက်လွမ်းနေလဲ ဆိုတာ ကျွန်တော် ပြောလို့ရရင် သိပ်ကောင်း
မှာပဲ။
ဒီလိုနဲ့ ကောင်လေး နဲ့ ကောင်မလေး ကျောခိုင်းပြီးထွက်သွားတယ်။
ဘယ်အချိန်မှာ ပြန်ဆုံဖြစ်မလဲ ဆိုတာ သူတို့တွေမသိဘူး။
တကယ်တော့... နားလည်မှု လေးလွဲသွားတာပါ။ သူ ငါ့ကို အရင်ခေါ်ရင် ကောင်းမှာပဲ
လို့တွေးပြီး...သွေးအေးသွားကြတယ်။ ဒီလိုနဲ့ပဲ ဝေးသွားကြတယ်။
ချစ်သူ နှစ်ဦးကြားမှာ မာန ဆိုတာ ရှိသင့်ပေမယ့်... တကယ်တမ်း မထားသင့်တဲ့ အရာ။
သိုးငယ်
No comments:
Post a Comment