Wednesday, June 27, 2012

ကိုယ့်ကြောင့်ချည်းပဲဆိုတာသိပါ

ကိုယ်စိတ်ကောင်းခဲ့ရင် အကျိုးပေးကောင်းမယ်။ ကိုယ်စိတ်ဆိုးခဲ့ရင် အကျိုးပေးဆိုးမယ်။

ငါအဆင်မပြေတာ စိတ်ညစ်ရတာ ဘယ်သူ့ကြောင့်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်ပုံချမနေပါနဲ့။

ငါအခုကောင်းနေတာပဲ..။ ငါ့ကျမှာဘာလို့ အဆင်မပြေဖြစ်ရတာလဲ ဒုက္ခတွေ့ရတာလဲလို့ ညည်းမနေပါနဲ့။ 

အကြောင်းတရားမဲ့ပြီး ဘယ်အကျိုးတရားမှ မဖြစ်ဘူး။ ကိုယ့်ကြောင့်ချည်းပဲဆိုတာသိပါ။ 

                                                                                                                  ဓမ္မဒူတအရှင်ဆေကိန္ဒ 
( ကိုယ့်ကြောင့်ချည်းပဲဆိုတာသိတော့ သူများကိုလည်း အပြစ်မတင်တော့ဘူး။ အပြစ်တင်ချင်တဲ့စိတ်လည်း မရှိတော့ဘူး။ မကျေမနပ်နဲ့ ကလဲ့စားချေဖို့စိတ်တွေလည်း မရှိတော့ဘူး။ သူလုပ်လို့ ငါပြန်လုပ်မယ်ဆိုရင် ဒီလိုပဲ အကြောင်းဆိုးတွေဆက်ပြီး အကျိုးဆိုးတွေ ဖြစ်လာမှာပဲဆိုတာ သိလာမယ်။ အော်… ငါကောင်းခဲ့ရင် မကောင်းတာဆို တွေ့ရ မြင်ရ ကြားရမှာတောင် မဟုတ်ဘူးဆိုပြီး သဘောပေါက်လာပါလိမ့်မယ်။ ငါအတိတ်က အကြောင်းကောင်းတွေသာ လုပ်ခဲ့ရင် အကျိုးကောင်းတွေပဲရမှာ ဆိုတာနားလည် သိလာပါလိမ့်မယ်။ ဒီလိုသိနားလည်သွားပြီဆိုရင် ကိုယ်ကိုတိုင်ကလည်း အကြောင်းကောင်းတွေပဲ လုပ်ချင်လာလိမ့်မယ်။ ဒါဆို အကျိုးကောင်းတွေပဲ လာတော့မှာပါ။ ဆရာတော်ပြောသလိုပါပဲ ဘယ်ပြဿနာမဆို ဘယ်အဆင်မပြေမူမျိုးမဆို အကြောင်းတရားမဲ့ပြီး ဖြစ်လာမှာမဟုတ်ပါဘူး။ အကြောင်း၊အကျိုးကို နှလုံးသွင်းမှန်ကန်ရင် အင်မတန် ဖြေသာ စိတ်ချမ်းသာရမှာပါ။ နှလုံးသားအာဟာရ)

No comments:

Post a Comment