အခုခေတ်မှာ လူငယ်တွေဟာ
တော်တော်များများပျက်စီးကြတ ယ်။
လောကဓံတရားနဲ့ တွေ့တဲ့အခါမှာ
သူတို့မှာခံနိုင်ရည်မရှိကြေ တာ့ဘူး။
ဘဝကိုခပ်ပျော်ပျော်နဲ့ခပ်ပေါ့ပေါ့နေချင်တာ။
ခပ်ပျော်ပျော်နဲ့ ခပ်ပေါ့ပေါ့နေတော့
သူတို့မှာ လေးနက်တဲ့စိတ်ဓါတ်၊
လေးနက်တဲ့အသိညဏ် ဖြစ်ပေါ်မလာတော့ဘူး။
တစ်ကယ့်တစ်ကယ် စိတ်ဆင်းရဲစရာကြုံတဲ့အခါ
ခံနိုင်ရည်မရှိတော့ဘူး။
ခံနိုင်ရည်မရှိတော့ ဖြတ်လမ်းနည်းနဲ့
အဖြေရှာချင်ကြတယ်။
ဘာလုပ်သလဲဆိုရင် အရက်သောက်တယ်၊
မူးယစ်ဆေးဝါးတွေ သုံးတယ်။
စိတ်ဆင်းရဲလာရင် ဒီနည်းနဲ့အဖြေရှာကြတယ်။
ဘဝဟာပိုပြီးနစ်မွန်းသွားတယ် ။
ဒါကြောင့် ပြင်ပအဖော်ကို မရှာပဲနဲ့
မိမိရဲ့အတွင်းစိတ်မှာပဲ
အားကိုးလောက်တဲ့ ခိုင်မာရင့်ကျက်တဲ့
စိတ်ဓါတ်နဲ့အသိညဏ်ရအောင်
ကြိုးစားထားမှ
တော်ကာကျမယ်။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment